Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


စားလို့အရမ်းကောင်းတဲ့ ထိုင်းစတိုင် ဝက်မြေအိုးဟင်း

ဝက်သားကို အချိုချက်လေး ကြိုက်နှစ်သက်သူများအတွက် ဝက်မြေအိုးချက်နည်းလေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ ဝက်သား၊ ချင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခရုဆီ၊ ဆား၊ ငံပြာရည်၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်၊ ကြက်သွန်မြိတ် (သို့) နံနံပင်တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ဝက်သားကို ရေဆေးသန့်စင်ပြီး အရွယ်တော်အတုံးကလေးများဖြစ်အောင် လှီးဖြတ်ထားပါ။  

 

ပြီးနောက် ဝက်သားကို ဆား၊ ငံပြာရည်၊ ကြက်သားမှုန့်တို့ဖြင့် နယ်ပြီး နှပ်ထားပါ။

 

ပြီးလျှင် မြေအိုးထဲသို့ ဆီအနည်းငယ်ထည့် ဆီပူလာလျှင် ကြက်သွန်နီအတုံးများဖြစ်အောင် လှီးထားတာထည့်လိုက်ပါ။

 

ပြီးနောက် ချင်း၊ ကြက်သွန်ဖြူကို ထည့်လိုက်ပါ။

 

ပြီးရင်တော့ အသားနယ်ထားတာကို ထည့်လိုက်ပါ။

 

နာရီဝက်ခန့်ကြာရင်တော့ ထိုင်းစတိုင်ဝက်မြေအိုးဟင်းကို ရပါပြီ။

 

ပြီးနောက် ပန်းကန်ထဲထည့်ပြီး မိမိတို့ ကြိုက်နှစ်သက်တဲ့  ကြက်သွန်မြိတ် (သို့) နံနံပင် ထည့်ချင်ရင်ထည့်၊ ငရုတ်ကောင်းမှုန့်လေးအပေါ်ကဖြူးပေးရင်တော့ စားလို့အရမ်းကောင်းတဲ့ ထိုင်းစတိုင် ဝက်မြေအိုးဟင်းလေးကို မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

 

#Myanmar Food Industry Directory

Read times Last modified on Monday, 03 February 2020 14:42
Rate this item
(0 votes)