Thiland



ထိုင်းကြက်ဥ ပြည်ပတင်ပို့မှု မြင့်တက် မြန်မာကြက်ဥ ဈေးသက်သာ

 ထိုင်းကြက်ဥ ပြည်ပတင်ပို့မှု မြင့်တက် မြန်မာကြက်ဥ ဈေးသက်သာ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ထိုင်းနိုင်ငံ၏ ကြက်ဥတင်ပို့သည့်လုပ်ငန်းကဏ္ဍသည် မကြာသေးမီက စွမ်းဆောင်ရည် မြင့်တက်လာခဲ့သည်ဟု  မွေးမြူရေးဌာန Department of Livestock က ပြောကြားသည်။

 

ထိုင်းနိုင်ငံတွင် ဥစားကြက်မ အကောင်ရေ  ၅၂ ဒသမ ၃ သန်းရှိပြီး နေ့စဉ် ကြက်ဥ ၄၃ ဒသမ ၄ သန်းခန့် ထုတ်လုပ်သည်။ ပြည်တွင်း စားသုံးသည့် ပမာဏထက် ပိုလျှံနေသဖြင့် မွေးမြူရေးဌာနက ပြည်ပတင်ပို့ရေး မဟာဗျူဟာကို ခင်းကျင်းပါသည်။

 

ယခုနှစ် ပထမ ရှစ်လအတွင်း ဘတ် ၁ ဒသမ ၃၈ ဘီလီယံတန်ဖိုးရှိ ကြက်ဥ ၃၁၀ ဒသမ ၆၃ သန်း တင်ပို့နိုင်ခဲ့သည်။

ယမန်နှစ်ထက် အလုံးရေ ၁၀၀.၁% မြင့်တက်ခဲ့ပြီး တန်ဖိုး ၁၃၅.၆၂% ပိုများခဲ့ပါသည်။

ယခုနှစ် အဝယ်အများဆုံး ထိပ်တန်း(၃)နိုင်ငံမှာ

• စင်ကာပူ (၇၀%)

• ဟောင်ကောင် (၁၆%)

• ထိုင်ဝမ် (၈%)

တို့ ဖြစ်ကြပါသည်။

 

ယခုနှစ် ကြက်ဥတလုံး ပျမ်းမျှကုန်ကျစရိတ်မှာ ဒုတိယသုံးလပတ်တွင် ၃.၇၂ ဘတ် ဖြစ်ပြီး တတိယ သုံးလပတ်တွင် ၃.၆၇ ဘတ် ဖြစ်ပါသည်။

ရေဖိုး မီးဖိုး၊ အစာဖိုးတို့ မြင့်တက်ခဲ့သည်။ ကာကွယ်ဆေးများနှင့် ရောဂါကာကွယ်ရေး စရိတ်စကများလည်း မြင့်တက်ခဲ့ပါသည်။

 

ယခုနှစ် စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ကြက်ဥခန့်မှန်းခြေအားဖြင့် အလုံးရေ ၇၈ သန်း တင်ပို့နိုင်မည်ဟု လျာထားပါသည်။ အောက်တိုဘာလတွင် ၃၉ သန်း တင်ပို့ရန် လျာထားပါသည်။

 

ထိုင်းပြည်တွင်းဈေးကွက်တွင် မြန်မာမှ တင်သွင်းသည့် ကြက်ဥများသည် တလုံး ၂ ဘတ်ခွဲအထိ ဈေးသက်သာပါသည်။ ထိုင်းကြက်ဥမှာ တလုံး ၄ ဘတ် ဖြစ်ပါသည်။

Source nationthailand 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Thursday, 09 November 2023 23:47
Rate this item
(0 votes)