Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းမှာ ဆေးခြောက်စိုက်ပျိုးရန် စာရင်းပေးသွင်းသူ လွန်စွာများပြား

ထိုင်းမှာ ဆေးခြောက်စိုက်ပျိုးရန် စာရင်းပေးသွင်းသူ လွန်စွာများပြား

 

ထိုင်းနိုင်ငံမှာ ဆေးခြောက်ကို တရားဝင်ခွင့်ပြုလိုက်တဲ့ ဥပဒေ ပြဋ္ဌာန်းလိုက်တဲ့အတွက် စိုက်ပျိုးရေးကဏ္ဍမှာ စိုက်ပျိုးထုတ်လုပ်စရာ အပင်တစ်မျိုး တိုးသွားပါတယ်။ 

ထိုင်းနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန  Food and Drug Administration (FDA) က စမတ်ဖုန်း အက်ပ်မှတစ်ဆင့် ဆေးခြောက်စိုက်ပျိုးလိုသူများကို စာရင်းသွင်း ခိုင်းခဲ့ရာ စိုက်ပျိုးမည့်သူ ဦးရေ တစ်သိန်းကျော် စာရင်းပေးသွင်းခဲ့ကြပါတယ်။  cannabis နှင့်  hemp ၂ မျိုးစလုံး စာရင်းပေးသွင်းထားဖို့ လိုအပ်ပါတယ်။ 

အက်ပ်ဖြင့် FDA  ဝဘ်ဆိုက်မှာ စာရင်းပေးသွင်းသူ များလွန်းသဖြင့် ဝဘ်ဆိုက် ပြုတ်ကျသွားခဲ့ပါတယ်။ 

 

FDA က နောက်ထပ် ဝဘ်ဆိုက်တစ်ခု အသစ်ထပ်ဖွင့်ပေးပြီး ဝဘ်ဆိုက်နှစ်ခုဖြင့် စာရင်းပေးသွင်းသူများကို လက်ခံပေးခဲ့ပါတယ်။ 

အွန်လိုင်း စာရင်းပေးသွင်းခြင်း တစ်မျိုးတည်းဖြင့်သာ ဆေးခြောက်စိုက်ပျိုးသူများ စာရင်းပေးသွင်းနိုင်ပါတယ်။ စာရင်းပေးသွင်းပြီးသွားရင် ဆေးခြောက်စိုက်ပျိုးခွင့် လျှောက်ထားဖို့ မလိုတော့ဘူး။ စတင်စိုက်ပျိုးလို့ ရပြီလို့ FDA မှ Dr Paisarn ပြောကြားပါတယ်။ 

စာရင်းပေးသွင်းခြင်းကို ဇွန်လ ၁၆ ရက် ကြာသပတေးမှာ စတင်လက်ခံခဲ့ပါတယ်။ စာရင်းပေးသွင်းဖို့ အက်ပ် ရယူကြိမ်ရေ ၅၀,၀၀၀ ကျော် ရှိခဲ့ပြီး  စာရင်းပေးသွင်းပြီးစီးသူဦး‌ရေ တစ်သိန်းကျော် ရှိခဲ့တယ်လို့ Dr Paisarn က ပြောကြားပါတယ်။ 

 

စာရင်းပေးသွင်းသူတွေကို FDA  က  အီလက်ထရွန်းနစ် မှတ်ပုံတင်လက်မှတ်ကို အက်ပ်ဆီသို့ ပို့ပေးပါတယ်။ သတ်မှတ်ထားတဲ့ စည်းမျဉ်းများ လိုက်နာစောင့်ထိန်းရမယ့် အချက်များ ချိုးဖောက်လျှင် လက်မှတ်ကို ပယ်ဖျက်မှာ ဖြစ်ပါတယ်လို့ Dr Paisarn က ပြောကြားပါတယ်။

 

မှတ်ပုံတင်ပြီးတဲ့အခါ  cannabis နှင့်  hemp ဆေးခြောက် ၂ မျိုးစလုံး စိုက်ပျိုးခွင့် ရရှိပါတယ်။  ထို့ပြင် အပင်မှ ဆွတ်ခူးပြီး လိုအပ်သလို ပြုပြင်ဆောင်ရွက်ခွင့်လည်း ရှိပါတယ်။ 

ဒါပေမဲ့ tetrahydrocannabinol (THC) ပါဝင်မှု ၀.၂ % ထက် ကျော်လွန်တဲ့ အဆီထုတ်မယ်ဆိုရင်တော့ ခွင့်ပြုမိန့် လျှောက်ထားဖို့ လိုအပ်ပါတယ်။ THC ပါဝင်မှု ၀.၂ % ထက် ကျော်လွန်တဲ့ အဆီကို မူးယစ်ဆေးဝါးအဖြစ် သတ်မှတ်ပါတယ်။ 

#MyanmarFoodGuide

Source:bangkokpost.

Read times
Rate this item
(0 votes)