Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


အဆိပ်သင့်ကော်ဖီထုပ် မြန်မာနယ်စပ် ထိုင်းနိုင်ငံ ချင်းရိုင်တွင် မရှိဟု ပြောကြား

အဆိပ်သင့်ကော်ဖီထုပ် မြန်မာနယ်စပ် ထိုင်းနိုင်ငံ ချင်းရိုင်တွင် မရှိဟု ပြောကြား

TO GET INSTANT UPDATE 
Join Telegram Channel  

https://t.me/Guid4U

 

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် လူငါးဦး အဆိပ်သင့်ခဲ့သော အသင့်‌ေဖျာ်သောက်ကော်ဖီကို ထိုင်းနိုင်ငံတွင် ရောင်းချခြင်းမရှိကြောင်း ချင်းရိုင်အာဏာပိုင်များက ပြောကြားသည်။

တနင်္လာနေ့တွင် တာချီလိတ်မြို့ရှိ ဘုန်းကြီးတစ်ပါးနှင့် လူလေးဦး  တရုတ်တံဆိပ် “粉良 8杯” အသင့်ဖျော်သောက် ကော်ဖီထုပ်ကုိ သောက်ပြီးနောက် အစာအဆိပ်သင့်သွားခဲ့ကြောင်း ချင်းရိုင်ခရိုင် ပြည်သူ့ကျန်းမာရေးရုံးမှ သောကြာနေ့က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။  

 

အဆိုပါဖြစ်ရပ်ကို သတင်းကြားသိပြီးသောအခါ အရေးတယူတုံ့ပြန်သည့်အနေဖြင့် ချင်းရိုင်အုပ်ချုပ်ရေးမှူး Pasakorn Boonyalak က ကြာသပတေးနေ့တွင် မယ်ဆိုင်ဆေးရုံ၊ မယ်ဆိုင်ကျန်းမာရေးရုံးနှင့် မယ်ဆိုင်ခရိုင်အတွင်းရှိ ဈေးလေးခုလုံးကို စစ်ဆေးရန် ပြည်သူ့ကျန်းမာရေးဌာနကို ညွှန်ကြားခဲ့သည်။

 

အဆိုပါကော်ဖီထုပ်များကို မည်သည့်ဈေးကွက်တွင်မျှ မတွေ့ခဲ့ရသည့်အပြင် ခရိုင်အတွင်းရှိ မည်သည့်ဆေးရုံ သို့မဟုတ် ဆေးခန်းများတွင်မဆို ဆက်စပ်ရောဂါလက္ခဏာများခံစားရသည့် လူနာများကို တွေ့ရှိခဲ့ခြင်း မရှိပေ။

အဆိုပါ ကော်ဖီထုပ်များကို ထိုင်းနိုင်ငံတွင်းသို့ မှောင်ခိုတင်သွင်းလာနိုင်သည့် အလားအလာရှိသောကြောင့် ဒေသခံပြည်သူများ၏ ကျန်းမာရေးအတွက် စိုးရိမ်မိကြောင်း Pasakorn က ပြောသည်။

 

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး တံဆိပ်တုံးပါသည့် စားသောက်ကုန် ကုန်ပစ္စည်းများကိုသာ ဝယ်ယူရန် လူအများကို အသိပေးဖို့ 

ပြည်သူ့ကျန်းမာရေး တာဝန်ရှိသူများနှင့် သက်ဆိုင်ရာဌာနများအား ညွှန်ကြားထားပြီးဖြစ်ကြောင်းလည်း ၎င်းက ပြောကြားပါသည်။

Source The Nation

TO GET INSTANT UPDATE 
Join Telegram Channel  

https://t.me/Guid4U

Read times Last modified on Saturday, 22 October 2022 23:27
Rate this item
(0 votes)