Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းဆန် ပြည်ပတင်ပို့မှု တန်ချိန် ၆ သန်း ပြည့်မီနိုင်

ထိုင်းနိုင်ငံက ယခုနှစ်မှာ ဆန်တန်ချိန် ၆ သန်း ပြည်ပတင်ပို့နိုင်လိမ့်မယ်လို့ ထိုင်းဆန်တင်ပို့သူအသင်း Thai Rice Exporters Association က ပြောကြားခဲ့ပါတယ်။


ဘတ်ငွေ အားပျော့နေပြီး အမေရိကန်ဒေါ်လာနဲ့ ငွေလဲနှုန်းမှာ ယခုနှစ် ၁၃% လျော့ကျခဲ့လို့ ထိုင်းဆန် ပြည်ပတင်ပို့တဲ့ဈေးနှုန်းကို ဒေါ်လာတဲ့ တွက်ချက်ရင် ဈေးသက်သာနေစေတာကြောင့် ကမ္ဘာ့ဈေးကွက်ထဲမှာ ဈေးနှုန်းအရ အားသာချက် ရရှိနေစေတယ်လို့ အသင်းရဲ့ ဥက္ကဋ္ဌ Chookiat Ophaswongse က ပြောကြားပါတယ်။

ထိုင်းနိုင်ငံက ဆန်ကွဲ ၅% ပါတဲ့ဆန်အမျိုးအစား တင်ပို့တာမှာ ဈေးနှုန်းက တစ်တန်ကို အမေရိကန်ဒေါ်လာ ၃၈၅~၃၈၆ ရှိပါတယ်။ အဆိုပါ ဆန်အမျိုးအစားကို ထိုင်းရဲ့ အဓိက ပြိုင်ဘက် ဗီယက်နမ်ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၄၂၅~၄၃၀ ရှိပါတယ်။

ဆန်ဝယ်လက်တွေက လတ်တလော နှစ်တွေမှာ ဗီယက်နမ်ဆန်ကို မလေးရှား၊ ဖိလစ်ပိုင်နဲ့ တရုတ်တို့မှ ဆန်ထက် ပိုလိုလားကြတယ်။ ဒါပေမဲ့ ထိုင်းဆန်က ဈေးသက်သာနေတာကြောင့် လတ်တလော သီတင်းပတ်မှာ ထိုင်းဆန်ကို လာဆွဲကြတယ်။ အဲဒီအခြေအနေကြောင့် တန်ချိန် ၆ သန်း လျာထားချက်ကို ပြည့်မီမယ်လို့ သူက ရှင်းပြတယ်။

“ပြည်တွင်း ငွေလဲနှုန်းက ထိုင်းဆန် ပြည်ပတင်ပို့ ဈေးနှုန်းတွေကို ဈေးနှုန်းအရ ယှဉ်ပြိင်နိုင်စွမ်း ပိုတိုးစေတယ်” လို့ Mr Chookiat က ရိုက်တာ သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
“ယခုနှစ် ကျန်တဲ့ သုံးလအတွက် ကျွန်တော် ထင်တယ်၊ ကျွန်တော်တို့ လစဉ်တင်ပို့မှု ပမာဏ တန်ချိန် ၇၀၀,၀၀၀ ကျော်လိမ့်မယ်”
လို့ သူက ခန့်မှန်းပြောကြားပါတယ်။

ဇန်နဝါရီလမှ စက်တင်ဘာလအထိ ထိုင်းနိုင်ငံက ဆန်တန်ချိန် ၃.၇ သန်းခန့် တင်ပို့ခဲ့ပြီး ဗီယက်နမ်က တန်ချိန် ၄.၅ သန်းခန့် တင်ပို့ခဲ့ပါတယ်။

.bangkokpost.com

Read times
Rate this item
(0 votes)