Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ယိုးဒယားစတိုင် ကြက်ပြောင်းဖူးကြော်

Unicode

ယိုးဒယားစတိုင်  ကြက်ပြောင်းဖူးကြော်


ကြက်သားကို အရွက်တွေနဲ့ချည်းကြော်နေတဲ့သူများအတွက် အစမ်းလေးဖြစ်သွားအောင် ကြက်သားကို ပြောင်းဖူးနဲ့ကြော်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။


ပါဝင်ပစ္စည်းများကတော့ ကြက်သား၊ ကြက်သွန်နီ၊ ပြောင်းဖူး၊ ကြက်သွန်မြိတ်၊ ငရုတ်သီးခြောက်၊ ငံပြာရည်၊ ခရုဆီ၊ ပဲငံပြာရည်အနောက်၊ ဟင်းခတ်မှုန့်၊ သကြား၊ ကြက်ပြုတ်ရည်၊ ဆီ တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ကြက်သားကို ရေသန့်စင်အောင်ဆေးကြောပြီး အတုံးသေးသေးဖြစ်အောင် တုံးထားပါ။

 

ပြီးနောက် ကြက်သွန်နီကို အခွံခွာပြီး လေးစိတ်စိတ်ထားပေးပါ။

 

ပြီးလျှင် ကြက်သွန်မြိတ်ကို ရေဆေးပြီး လက်တစ်ဆစ်ခန့်ဖြတ်ထားပေးပါ။

 

ပြီးနောက် ပြောင်းဖူးကို ဓားဖြင့် လှီးထားပါ။

 

ပြီးရင်တော့ ဒယ်အိုးထဲဆီထည့် ဆီပူလာလျှင်တော့ ငရုတ်သီးခြောက်ကို ကြော်ပြီး ရပါက ဆယ်ထားပါ။

 

Read More >>>>>    ကင်ချီအရသာ ကြက်ဥပြုတ်လေး လုပ်စားရအောင်

 

ပြီးနောက် ကြက်သား၊ ကြက်သွန်နီ၊ ပြောင်းဖူးတို့ကို တစ်ပြိုင်တည်းထည့်၍ ကြော်ပေးထားပါ။

 

ပြီးလျှင် ကြက်သားအရောင်ပြောင်းပါက ယိုးဒယားငံပြာရည်၊ ခရုဆီ၊ ဟင်းခတ်မှုန့်နှင့်သကြားတို့ထည့်ပြီး သမအောင် ရောမွှေပေးပါ။

 

ပြီးနောက် ကြက်ပြုတ်ရည်အနည်းငယ်ထည့်လိုက်ပါ။

 

လက်ဖက်ရွက်ကုန်လှောင်ရုံများ (၂၃၀) ခုကိုရှာရန်နှိပ်ပါ။

 

ကြက်သားကျက်ပြီဆိုရင်တော့ အရသာအပေါ့အငန်မြည်းကြည့်ပြီး ကြက်သွန်မြိတ်နှင့် ငရုတ်သီးခြောက်ကြော်ကို ထည့်လိုက်ပါ။

 

ပြီးရင်တော့ အရသာရှိတဲ့ ယိုးဒယားစတိုင် ကြက်ပြောင်းဖူးကြော်လေးကို မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

 

#Myanmar Food Industry Directory

 

 

 

 

ယိုးဒယားစတိုင္  ၾကက္ေျပာင္းဖူးေၾကာ္

 

ၾကက္သားကို အရြက္ေတြနဲ႕ခ်ည္းေၾကာ္ေနတဲ့သူမ်ားအတြက္ အစမ္းေလးျဖစ္သြားေအာင္ ၾကက္သားကို ေျပာင္းဖူးနဲ႕ေၾကာ္နည္းေလးကို ေဖာ္ျပေပးလိုက္ပါတယ္။


ပါဝင္ပစၥည္းမ်ားကေတာ့ ၾကက္သား၊ ၾကက္သြန္နီ၊ ေျပာင္းဖူး၊ ၾကက္သြန္ၿမိတ္၊ င႐ုတ္သီးေျခာက္၊ ငံျပာရည္၊ ခ႐ုဆီ၊ ပဲငံျပာရည္အေနာက္၊ ဟင္းခတ္မႈန္႕၊ သၾကား၊ ၾကက္ျပဳတ္ရည္၊ ဆီ တို႕ လိုအပ္ပါမယ္။

 

ပထမဦးဆံုး ၾကက္သားကို ေရသန္႕စင္ေအာင္ေဆးေၾကာၿပီး အတံုးေသးေသးျဖစ္ေအာင္ တံုးထားပါ။

 

ၿပီးေနာက္ ၾကက္သြန္နီကို အခြံခြာၿပီး ေလးစိတ္စိတ္ထားေပးပါ။

 

ၿပီးလွ်င္ ၾကက္သြန္ၿမိတ္ကို ေရေဆးၿပီး လက္တစ္ဆစ္ခန္႕ျဖတ္ထားေပးပါ။

 

ၿပီးေနာက္ ေျပာင္းဖူးကို ဓားျဖင့္ လွီးထားပါ။

 

ၿပီးရင္ေတာ့ ဒယ္အိုးထဲဆီထည့္ ဆီပူလာလွ်င္ေတာ့ င႐ုတ္သီးေျခာက္ကို ေၾကာ္ၿပီး ရပါက ဆယ္ထားပါ။

 

Read More >>>>>    ကင္ခ်ီအရသာ ၾကက္ဥျပဳတ္ေလး လုပ္စားရေအာင္

ၿပီးေနာက္ ၾကက္သား၊ ၾကက္သြန္နီ၊ ေျပာင္းဖူးတုိ႕ကို တစ္ၿပိဳင္တည္းထည့္၍ ေၾကာ္ေပးထားပါ။

 

ၿပီးလွ်င္ ၾကက္သားအေရာင္ေျပာင္းပါက ယိုးဒယားငံျပာရည္၊ ခ႐ုဆီ၊ ဟင္းခတ္မႈန္႕ႏွင့္သၾကားတုိ႕ထည့္ၿပီး သမေအာင္ ေရာေမႊေပးပါ။

 

ၿပီးေနာက္ ၾကက္ျပဳတ္ရည္အနည္းငယ္ထည့္လုိက္ပါ။

 

လက္ဖက္ရြက္ကုန္ေလွာင္ရံုမ်ား (၂၃၀) ခုကိုရွာရန္ႏွိပ္ပါ။

 

ၾကက္သားက်က္ၿပီဆိုရင္ေတာ့ အရသာအေပါ့အငန္ျမည္းၾကည့္ၿပီး ၾကက္သြန္ၿမိတ္ႏွင့္ င႐ုတ္သီးေျခာက္ေၾကာ္ကို ထည့္လိုက္ပါ။

 

ၿပီးရင္ေတာ့ အရသာရွိတဲ့ ယိုးဒယားစတိုင္ ၾကက္ေျပာင္းဖူးေၾကာ္ေလးကို ၿမိန္ယွက္စြာ တည္ခင္းသံုးေဆာင္ႏိုင္ပါတယ္။

 

#Myanmar Food Industry Directory

 

Read times Last modified on Monday, 10 February 2020 15:42
Rate this item
(0 votes)