Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ချဉ်ငံစပ် ယိုးဒယားခေါက်ဆွဲထောင်း

ပိတ်ရက်မှာ သူငယ်ချင်းများနဲ့အတူ ချဉ်ချဉ်ငံငံစပ်စပ်စားချင်သူများအတွက် ယိုးဒယားခေါက်ဆွဲထောင်းနည်းလေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။


ပါဝင်ပစ္စည်းများကတော့ ယမ်ယမ်ခေါက်ဆွဲ၊ ပုစွန်၊  ကင်းမွန်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ စပါးလင်၊ ထန်းလျှက်၊ ခရမ်းချဉ်သီး၊ ပဲသီး၊ သံပရာသီး၊ ငရုတ်သီးစိမ်း၊ ယိုးဒယားငံပြာရည်တို့ လိုအပ်ပါမယ်၊


ပထမဦး ပုစွန်နှင့် ကင်းမွန်ကို ရေဖြင့် သန့်စင်အောင် ဆေးကြောထားပါ။

 

ပြီးလျှင် ကြက်သွန်ဖြူ၊ ထန်းလျှက်၊ ငရုတ်သီးစိမ်းကို ထောင်းပါ။

 

ပြီးနောက် ပဲသီး၊ ခရမ်းချဉ်သီးကိုပါ ထောင်းထားပါ။

 

ပြီးလျှင် ယမ်ယမ်ခေါက်ဆွဲကိုပြုတ်ပြီး ရေစစ်ထားပါ။ ပြီးနောက် ခေါက်ဆွဲထဲပါတဲ့အနှစ်ထုပ်ကို ညှစ်ထည့်လိုက်ပါ။ ပုစွန်နှင့် ကင်းမွန်ပြုတ်ရည်ကိုပါ ထည့်လိုက်ပါ။

 

ပြီးနောက် ခေါက်ဆွဲကို ထောင်းထားတဲ့ အဆာပလာတွေနဲ့ ရောသမအောင်မွှေပေးပါ။

 

ပြီးလျှင် သံပရာသီးကို အရည်ညှစ်ပြီး ယိုးဒယားငံပြာရည်လေးထည့် ကြက်သွန်နီပါးပါးလှီးပြီးထည့်၍ မွှေလိုက်ပါ။

 

အကုန်လုံးပြီးသွားပြီဆိုရင်တော့ ပန်းကန်ထဲသို့ ထည့်လိုက်ပါ။ ပုစွန်နှင့် ကင်းမွန်လေးကို ညှပ်ပြီး အပေါ်ယံမှ အလှဆင်လိုက်ဖြင့် အရသာရှိတဲ့ ယိုးဒယားခေါက်ဆွဲထောင်းလေးကို မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Saturday, 15 June 2019 11:42
Rate this item
(1 Vote)