Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


နောက်နှစ်တွင် ဆန်တန်ချိန် ၇ ဒသမ ၅ သန်း တင်ပို့ရန် ထိုင်းနိုင်ငံ ရည်မှန်း

နောက်နှစ်တွင် ဆန်တန်ချိန် ၇ ဒသမ ၅ သန်း တင်ပို့ရန် ထိုင်းနိုင်ငံ ရည်မှန်း

ယခုနှစ်တွင် ခန့်မှန်းခြေ ဆန်တန်ချိန် ၆ သန်း တင်ပို့နိုင်မည် ဖြစ်ပြီး နောက်နှစ်တွင် ဆန်တန်ချိန် ၇ ဒသမ ၅ သန်း တင်ပို့ရန် ထိုင်းနိုင်ငံက ရည်မှန်းထားသည်။ လုံလောက်သော ရေပေးဝေမှုနှင့် ဘတ်ငွေအားနည်းမှုကြောင့် ထိုင်းဆန်များ ပယှဉ်ပြိုင်နိုင်စွမ်း ပိုကောင်းနေသဖြင့် ယခုနှစ်ထက် ပမာဏ တိုးမြှင့်ရည်မှန်းလိုက်ခြင်း ဖြစ်သည်။

ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အကြီးတန်းအရာရှိများနှင့် ဆွေးနွေးပြီးနောက် ထိုင်းဆန်တင်ပို့သူများအသင်း ဥက္ကဋ္ဌ Charoen Laothammatas က စိုက်ပျိုးရန် ရေအလျှံပယ် ရရှိခြင်းနှင့် ဘတ်ငွေတန်ဖိုးသည် ယခုအခါ ပျမ်းမျှ အမေရိကန်ဒေါ်လာ ၃၃ ဒေါ်လာသို့ ကျဆင်းသွားသည့်အတွက် လာမည့်နှစ်တွင် ဆန်တင်ပို့မှု အားကောင်းလာမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်

ဘတ်ငွေ အားနည်းနေခြင်းကြောင့် ထိုင်းဆန်တင်ပို့မှု ဈေးနှုန်းများ ပိုမိုယှဉ်ပြိုင်နိုင်ခဲ့ပြီး ယခုအခါ ၅% ဆန်ဖြူသည် တစ်တန်လျှင် FOB ( free-on-board ) ဈေးနှုန်း ကန်ဒေါ်လာ ၃၉၀ ရောင်းဈေး ဖြစ်နေသဖြင့် ဗီယက်နမ် ဆန်ဈေးနှုန်း တစ်တန်လျှင် ကန်ဒေါ်လာ ၄၀၅ ထက် နိမ့်ကျနေသည်။


သို့သော်လည်း ကွန်တိန်နာပြတ်လပ်မှုနှင့် ပို့ဆောင်ရန် သင်္ဘောမှာ နေရာမရှိခြင်းတို့သည် ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်အထိ ဆက်လက်တည်ရှိနေနိုင်ဖွယ်ရှိသည့် အဓိကပြဿနာများအဖြစ် ဆက်လက်ရှိနေဦးမည်ဟု Mr Charoen က ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံသည် ယခုနှစ်ကုန်တွင် ဆန်တန်ချိန် ၆ ~ ၆ ဒသမ ၃ သန်း တင်ပို့နိုင်မည်ဟု မျှော်လင့်ထားပြီး ယမန်နှစ်က တင်ပို့ခဲ့သည့် တန်ချိန် ၅ ဒသမ ၇၂ သန်းထက် အနည်းငယ်သာ ပိုမိုတင်ပို့နိုင်မည်ဟု ၎င်းက ဆိုသည်။

၂၀၂၁ ခုနှစ်တွင် ထိုင်းနိုင်ငံသည် အိန္ဒိယနှင့် ဗီယက်နမ်တို့ပြီးလျှင် ကမ္ဘာ့တတိယအကြီးဆုံး ဆန်တင်ပို့သူအဖြစ် ဆက်ရှိနေရန် ခန့်မှန်းထားသည်။

ကမ္ဘာ့ဆန်တင်ပို့မှုဈေးကွက်တွင် ထိုင်းနိုင်ငံ၏ အဆင့်မြှင့်တင်ရန် ထိုင်းနိုင်ငံသည် ဆန်စပါးမျိုးကွဲများ ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့်တင်ရန် လိုအပ်ကြောင်း Mr Charoen က ပြောကြားခဲ့သည်။

“ထိုင်းနိုင်ငံအနဖြင့် ဆန်မွှေးမျိုးကွဲအသစ်တွေကို ဖော်ထုတ်ပြီး တခြားနိုင်ငံများမှ ထုတ်လုပ်သူတွေနဲ့ ယှဉ်ပြိုင်နိုင်ဖို့ အားတက်သရော မြှင့်တင်ဖို့ လိုပါတယ်" ဟု ၎င်းက အကြံပြုသည်။

ထိုင်းဆန်ထုတ်လုပ်မှုသည် ၂၀၂၁-၂၂ ရာသီတွင် ဆန်စပါးအထွက်တိုးရန် ခန့်မှန်းထားပြီး ၂၀၂၀-၂၁ ရာသီတွင် ဆန်တန်ချိန် ၁၇ သန်းမှ တန်ချိန် သန်း ၂၀ အထိ တိုးလာမည်ဟု ခန့်မှန်းထားသည်။

ထိုင်းနိုင်ငံ၏ စပါးထွက်ရှိမှုသည် ပျမ်းမျှအားဖြင့် တစ်ရိုင်လျှင် ၄၅၀ ကီလိုဂရမ်ရှိပြီး ဗီယက်နမ်၏ တစ်ရိုင်လျှင် ၉၀၀ ကီလိုဂရမ်နှင့် အိန္ဒိယမှ တစ်ရိုင်လျှင် ၈၀၀ ကီလိုဂရမ်ထက် သိသိသာသာ နိမ့်ကျသည်။
(၁ ရိုင်= ၀.၁၆ ဟက်တာ = ၀.၄ ဧက)

ထိုင်းဆန်တင်ပို့သူများအသင်း၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌဖြစ်သူ Chookiat Ophaswongse က မကြာသေးမီက ပြောကြားရာတွင် ထိုင်းနိုင်ငံသည် စားသုံးသူများ ၀ယ်လိုသည့် ဆန်အမျိုးအစားများ တိုးချဲ့ ထုတ်လုပ်ရန် ပျက်ကွက်နေပါက ဆန်တင်ပို့မှု ပမာဏ တဖြည်းဖြည်း ကျဆင်းသွားဖွယ်ရှိကြောင်း ပြောကြားခဲ့ပါသည်။ အထွက်နှုန်းကောင်းဖို့ကို မေ့ထားလိုက်ပြီး စားသုံးသူများ ကြိုက်နှစ်သက်သည့် ဆန်အမျိုးအစားများကို အထွက်နှုန်း နည်းပါးလျှင်လည်း စိုက်ပျိုးထုတ်လုပ်သင့်ကြောင် သူက အကြံပြုသည်။

 

bangkokpost

Read times
Rate this item
(0 votes)