Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းစတိုင် ချဉ်ချိုငံစပ် ပြောင်းဖူးထောင်း

ထိုင်းအစားအစာ စားသောက်ဆိုင်တွေမှာ ရရှိတတ်တဲ့ ဟင်းလျာလေးပါ။ သူငယ်ချင်းတွေနဲ့ စုပေါင်းပြီး လုပ်စားတာပဲဖြစ်ဖြစ် အဆာပြေ သွားရည်စာအနေနဲ့ ဖြစ်ဖြစ် အိမ်မှာ အလွယ်တကူ ပြုလုပ်နိုင်မယ့် ပြောင်းဖူးထောင်းနည်းလေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။


ပါဝင်ပစ္စည်းများကတော့ ပြောင်းဖူး၊ သင်္ဘောသီးစိမ်း၊ မုန်လာဥနီ၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း၊ ဂေါ်ဖီ၊ ပဲတောင့်ရှည်၊ မြေပဲ၊ ပုစွန်ခြောက်၊ ငါးငံပြာရည်၊ ဘဲဥ၊ မန်ကျည်းသီးမှည့်၊ သကြားတို့ လိုအပ်ပါမယ်။


ပထမဦးဆုံး ပြောင်းဖူးများကို အပေါ်ခွံခွာ အမွှေးအမျှင်သန့်စင်ပြီး ရေနှင့်စင်ကြယ်စွာဆေး၍ ပြုတ်ထားပါ။


ပြီးလျှင် ဘဲဥကို သီးသန့်အိုးတစ်အိုးနဲ့ ပြုတ်ထားပါ။

 

ပြီးနောက် သဘောင်္သီးစိမ်း၊ မုန်လာဥနီ၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်းတို့ကို ပါးပါးလှီးထားပါ။

 

Read More >>>>>  ကလေးငယ်တွေရဲ့ အစားအသောက် ကြီးထွားဖွံ့ဖြိုးမှုနဲ့ ပတ်သက်ပြီး သိသင့်တဲ့အချက်

 

ပြီးလျှင် ဂေါ်ဖီကို လက်လေးလုံး အရွယ်ခန့် လှီးဖြတ်ထားပါ။

 

ပြီးနောက် ပဲသီးများကို တစ်ကိုက်စာအရွယ် ပြင်ထားပါ။


ပြီးလျှင် မန်ကျည်းသီးကို အရည်ဖျော်ထားပါ။


ပြီးနောက် ပြောင်းဖူးကျက်ပြီဆိုရင်တော့ အအေးခံပြီး ပြောင်းဖူးများအား အစေ့ခြွေခြင်း သို့မဟုတ် ဓားနှင့် အပြားလိုက်၍  ပြင်ဆင်ထားပါ။

 

ပြီးလျှင် ဘဲဥကိုလည်း အခွံနွှာပြီး လေးစိတ် စိတ်ထားပါ။

 

ပြီးနောက် ငရုတ်ဆုံထဲသို့ ပြောင်းဖူး၊ မုန်လာဥနီ၊ သဘောင်္သီး၊ ငရုတ်သီး၊ ခရမ်းချဉ်သီး တို့ကိုထည့်ပါ။

 

ပြီးလျှင် ပြောင်းဖူးပြုတ်ထားသော အရည်ကို ထမင်းစားဇွန်း နှစ်ဇွန်းခန့်ထည့်ပေးပါ။

 

ပြီးနောက် ငါးငံပြာရည်၊ မန်ကျည်းရည်၊ သကြားတို့ထည့်၍ ညင်သာစွာထောင်းပါ။ ပြီးလျှင် ဇွန်းနှင့်မွှေပေးထားပါ။

 

ပြီးလျှင် ပန်းကန်ထဲသို့ထည့်၍ မြေပဲ၊ ပုစွန်ခြောက်၊ ဘဲဥစိတ် တို့ထည့်ကာ ပန်းကန်ဘေးတွင် ပဲသီးနှင့် ဂေါ်ဖီတို့ထည့်၍ အရသာရှိစွာ တည်ခင်း သုံးဆောင်နိုင်ပါတယ်။

 

# Myanmar Food Industry Directory (WWH)

Read times Last modified on Thursday, 11 July 2019 12:37
Rate this item
(0 votes)