Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


တုန်ယမ်း ကြက်ခြေထောက် ချဉ်စပ်

မိုးလေးကလည်း ရွာစပြုနေပြီ ရာသီဥတုကလည်း ကိုယ့်ဘက်ပါလာနေပြီဆိုတော့

ထမင်းမြိန်ပြီး ခံတွင်းတွေ့စေမယ့် တုန်ယမ်း ကြက်ခြေထောက်ချဉ်စပ် ချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ ကြက်ခြေထောက်၊ တုန်ယမ်းအနှစ်၊ မှို၊ တို့ဟူး၊ နံနံပင်အမြစ်၊ ရှောက်ရွက်၊ သံပရာသီး ငရုတ်သီးစိမ်း၊ စပါးလင်၊ ငုံးဥ၊ ငါးငံပြာရည်၊ အုန်းနို့ တို့ လိုအပ်ပါမယ်။



ပထမဦးဆုံး ကြက်​​ခြေ​ထောက်​ကို ရေဆေးသန့်စင်ပြီးလျှင် စပါးလင်​၊ နံနံပင်အမြစ်၊ မှိုတို့ထည့်ပြီး ရေထည့်၍ ပြုတ်ပေးထားပါ။

 

ပြီးလျှင် ပြုတ်ထားတဲ့ ကြက်ခြေထောက် နူးလာလျှင် တုန်ယမ်းအနှစ်ထည့်၊ ငါးငံပြာရည်၊ ငုံးဥ၊ ငရုတ်သီးစိမ်း၊ အုန်းနို့နှင့် တို့ဟူးတို့ကို ထည့်လိုက်ပါ။ တို့ဟူးထည့်ပြီးလျှင်တော့ အရမ်းမမွှေရပါ။

 

ပြီးနောက် အရသာအပေါ့အငန် မြည်းကြည့်ပြီးလျှင် ရှောက်ရွက်ထည့်၊ သံပရာရည်အနည်းငယ်ထည့်၊ ငရုတ်သီးစိမ်းထည့်ပြီးရင်တော့ ချဉ်စပ်အရသာရှိတဲ့ တုန်ယမ်း ကြက်ခြေထောက်ချဉ်စပ်လေးကို ထမင်းပူပူလေးနှင့် တွဲဖက်စားလိုက်ရင်ဖြင့် ခံတွင်းမြိန်စေမှာဖြစ်ပါတယ်။




Read times Last modified on Tuesday, 18 September 2018 14:17
Rate this item
(4 votes)