Thiland



ထိုင်း CP Foods အရှေ့အလယ်ပိုင်းဒေသမှာ ပုစွန်နှင့် ကြက် မွေးမြူမည်

ထိုင်း CP Foods အရှေ့အလယ်ပိုင်းဒေသမှာ ပုစွန်နှင့် ကြက် မွေးမြူမည်

TO GET INSTANT UPDATE

Join Telegram Channel
https://t.me/Guid4U

 

ထိုင်းနိုင်ငံမှ CP Foods သည် ၂၀၂၂ မတ်လတွင် ဆော်ဒီအာရေဗျနိုင်ငံသို့ ၎င်း၏ကြက်သားထုတ်ကုန်များကို ၁၈ နှစ်အတွင်း ပထမဆုံးအသုတ်ကို တင်ပို့ရောင်းချခဲ့သည်။

 

ထိုင်းလယ်ယာစီးပွား လုပ်ငန်းကြီးဖြစ်သည့် Charoen Pokphand Foods -CP Foods သည် ဆော်ဒီအာရေဗျသို့ ကြက်သားတင်ပို့မှုကို ပြန်လည်စတင်ပြီးနောက် အရှေ့အလယ်ပိုင်း‌ဒေသသို့ တိုးချဲ့ရန် လမ်းကြောင်းသစ်များရှာဖွေနေသည်။

 

CP Foods သည် အရှေ့အလယ်ပိုင်းဒေသတွင်းမှာ ပုစွန်နှင့် ကြက် မွေးမြူရန် ဖြစ်နိုင်ခြေကို လေ့လာနေကြောင်း မကြာသေးမီက ပြောကြားခဲ့သည်။ မည်သည့်နိုင်ငံများတွင် လုပ်ကိုင်မည် ဆိုသည်ကို ပြောကြားခြင်း မပြုသေးပေ။ ရင်းနှီးမြှုပ်နှံမှု ဘတ် ၁ ဘီလီယံ (ဒေါ်လာ သန်း ၃၀ ခန့်) ခန့်မှန်းထားသည်။

 

Charoen Pokphand Group- CP Group သည် ထိုင်းနိုင်ငံ၏ အကြီးဆုံး ကုမ္ပဏီစု ဖြစ်ပြီး အရှေ့အလယ်ပိုင်းဒေသတွင် လက်ရှိမှာ တူရကီနိုင်ငံတွင်သာ လုပ်ကိုင်လျက်ရှိသည်။ အရှေ့တောင်အာရှနှင့် ဥရောပ ဒေသများတွင် ခြေကုပ် ရယူထားပြီးပြီ ဖြစ်သည်။ ထိုင်းနှင့် ဆော်ဒီအာရေးဗီးယားတို့ကြား ဆက်ဆံရေး နွေးထွေးလာချိန်တွင် ယခုကဲ့သို့ တိုးချဲ့လာခြင်း ဖြစ်သည်။

 

.Hon Chuan

 

၁၉၈၉ ခုနှစ်တွင် ဆော်ဒီနန်းတော်မှ ရတနာများ ကန်ဒေါ်လာ သန်း ၂၀ ဖိုးကို ထိုင်းရွှေ့ပြောင်းလုပ်သားက ခိုးယူမှု နှင့် နောက်ဆက်တွဲအဖြစ် ဘန်ကောက်ရှိ ဆော်ဒီ သံတမန်များကို သတ်ဖြတ်မှုများ ပေါ်ပေါက်ခဲ့ပြီးနောက် နှစ်ပေါင်းများစွာ ဆက်ဆံရေး အေးခဲနေခဲ့ရာမှ ယခုအခါ သံခင်းတမန်ခင်း ပြန်လည်စတင်ခဲ့ကြသည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် သံတမန်ဆက်ဆံရေး အပြည့်အဝ ပြန်လည်ထူထောင်ရန် သဘောတူညီချက် ရရှိခဲ့ကြသည်။

 

သို့ဖြစ်ရာ နှစ်နိုင်ငံအကြား ကုန်သွယ်မှုများ ပြန်လည် စတင်ခဲ့ကြသည်။ ပုံမှန်လေကြောင်း ခရီးစဉ်များ ပြန်လည်ပျံသန်း ပြေးဆွဲခဲ့ပြီး ခရီးသည်များနှင့် ကုန်စည်များ အပြန်အလှန် စီးဆင်းခဲ့ပါသည်။

 

CP Foods သည် ဆော်ဒီအာရေဗျနိုင်ငံသို့ ၁၈ နှစ်တာအတွင်း ပထမဆုံးအကြိမ်အဖြစ် ကြက်သားထွက်ကုန်များ တင်ပို့ခြင်းခဲ့သည်။ ၂၀၂၂ မတ်လတွင် တန်ချိန် ၆၀၀ တင်ပို့ခဲ့သည်။ ၅ နှစ်တာကာလအတွင်း တန်ချိန် ၆၀,၀၀၀ တင်ပို့ရန် ရည်မှန်းထားသည်။

.

စီအီးအို Prasit Boondoungprasert က စုစုပေါင်းရောင်းအားသည် ၂၀၂၂ ခုနှစ်တွင် ၂၀% တိုးလာသည်ဟု ပြောကြားခဲ့သည်။ ယခုအခါ ကုမ္ပဏီဝင်ငွေ၏ ၆၀% ကို ထိုင်းနိုင်ငံ ပြင်ပမှ ရရှိပါသည်။

 

Source Asia Nikkei

TO GET INSTANT UPDATE

Join Telegram Channel
https://t.me/Guid4U

Read times Last modified on Tuesday, 21 February 2023 10:08
Rate this item
(0 votes)