Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ကြက်သားတင်သွင်းမှု မလေးရှား ၃ လ ခွင့်ပြု

ကြက်သားတင်သွင်းမှု မလေးရှား ၃ လ ခွင့်ပြု

မလေးရှားနိုင်ငံ စိုက်ပျိုးရေးနှင့် စားသောက်ကုန်လုပ်ငန်း ဝန်ကြီးဌာန Agriculture and Food Industry Ministry (MAFI) က အေးခဲကြက်သားများကို ထိုင်းနှင့် တရုတ် နိုင်ငံများမှ တင်သွင်းခွင့်ကို ယာယီအားဖြင့် ခွင့်ပြုလိုက်ပါတယ်။
နိုင်ငံအတွင်း ကြက်သားဖူလုံပြီး ကြက်သားဈေးနှုန်း တည်ငြိမ်သွားတဲ့အခါ တင်သွင်းခွင့် ရပ်ဆိုင်းမှာ ဖြစ်တယ်လို့ စိုက်ပျိုးရေးနှင့် စားသောက်ကုန်လုပ်ငန်း ဝန်ကြီး Datuk Seri Ronald Kiandee က ပြောကြားပါတယ်။
မလေးရှားနိုင်ငံမှာ ကြက်သားဈေး မြင့်တက်နေပြီး မလုံမလောက် ဖြစ်နေတဲ့အတွက် ဈေးကျစေဖိုနဲ့ ဖူလုံဖို့အတွက် ယခုလို ပြည်ပမှ ယာယီတင်သွင်းခွင့် ပေးလိုက်တာ ဖြစ်ပါတယ်။
ကုမ္ပဏီအတော်များများကို ကြက်သားတင်သွင်းခွင့် ပေးထားပြီးပြီ ဖြစ်ပြီး တစ်လလျှင်စုစုပေါင်း အေးခဲကြက်သား မက်ထရစ်တန် ၁၀,၀၀၀ (ကြက်သားကောင်ရေ ၅.၅ သန်းခန့်) အထိ ခွင့်ပြုပေးထားတယ်လို့ ၎င်းက ပြောကြားပါတယ်။
လောလောဆယ် ထုတ်ပြန်ထားတဲ့ ခွင့်ပြုမိန့်က ၃ လ သက်တမ်းဖြစ်ပြီး ၂၀၂၁ ဒီဇင်ဘာလမှ ၂၀၂၂ ဖေဖော်ဝါရီလအထိ ဖြစ်ပါတယ်။

Read times
Rate this item
(0 votes)