Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းစတိုင်လ် ငါးချိုချဉ်ကြော်

ထိုင်းအစားအစာများကို ဆိုင်တွင်သွားစားစရာမလိုဘဲ အိမ်တွင်လည်း

ကိုယ်တိုင်ချက်ပြုတ်လို့ရပြီး လွယ်လင့်တကူ ပြုလုပ်နိုင်တဲ့ ထိုင်းစတိုင်လ် ငါးချိုချဉ်ကြော်လေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ ငါး၊ ပဲငံပြာရည်၊ ချင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်ပွ၊ ပန်းပွင့်၊ မုန်လာဥနီ၊ သကြား၊ ဆား၊ ခရုဆီ၊ အသားမှုန့်၊ ရှမ်းနံနံ၊ ဆီ တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ငါးကို ရေဆေးသန့်စင်ပြီး အတုံးကလေးများဖြစ်အောင် လှီးဖြတ်ထားပါ။ ပြီးလျှင် ငါးကို ဆား၊ ပဲငံပြာရည်တို့နဲ့ ရောမွှေထားပါ။

 

ပြီးနောက် ကြက်သွန်နီကိုအခွံခွာပြီး အတုံးကလေးများဖြစ်အောင် လှီးထားပါ။ ကြက်သွန်ဖြူကို ဓားပြားရိုက်ထားပါ။

 

ငရုတ်ပွ၊ ပန်းပွင့်၊ မုန်လာဥနီ တို့ကိုလည်း ရေဆေးပြီး အနေတော်လှီးထားပါ။

 

ပြီးလျှင် ဒယ်အိုးထဲဆီထည့် ဆီပူလာလျှင် ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ချင်းကို ထည့်၍ ကြော်ပေးပါ။

 

ပြီးနောက် ငရုတ်ပွ၊ ပန်းပွင့်၊ မုန်လာဥနီ တို့ကို ထည့်ကြော်ပြီး မွှေပေးပါ။ ပြီးနောက် ငါးတုံးထားတာလေးတွေကို ထည့်ကြော်လိုက်ပါ။

 

ပြီးရင်တော့ ပဲငံပြာရည်၊ ဆား၊ အသားမှုန့်နှင့် သကြားတို့ကို ထည့်လိုက်ပါ။

 

ပြီးနောက် ရေနည်းနည်းထည့်ပြီး အဖုံးခဏအုပ်ထားပါ။ အားလုံးကျက်ပြီဆိုရင်တော့ ခရုဆီလေးထည့်၊ ရှမ်းနံနံလေးအပေါ်က ဖြူးလိုက်ရင်ဖြင့် အလွန်အရသာရှိတဲ့ ထိုင်းစတိုင်လ် ငါးချိုချဉ်ကြော်ကို ထမင်းပူပူလေးနှင့် မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Tuesday, 18 September 2018 13:59
Rate this item
(0 votes)