Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းစတိုင်လ် ငှက်ပျောသီးကြော်

ထိုင်းစတိုင်လ် ငှက်ပျောသီးကြော် google.com

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ကလေးများအကြိုက်တွေ့စေမည့် ထိုင်းစတိုင်လ်

ငှက်ပျောသီးကြော် နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ငှက်ပျောသီး၊ ဆန်မှုန့်၊ မုန့်ပွဆေး၊ ဂျုံမှုန့်၊ သကြား၊ ဆား၊ နှမ်းဖြူ၊ အုန်းနို့၊ ထုံးရည်ကြည်၊ အုန်းသီးဖတ် တို့ လိုအပ်ပါမယ်။

 

ငှက်ပျေားသီးကို အရှည်လိုက် လေးစိတ်စိတ်လိုက်ပါ။

 

ငှက်ပျောသီးကို သိပ်မမှည့်သေးဘဲ အစိမ်းရောင်ပါနေတဲ့ ငှက်ပျောသီးဆို ပိုကောင်းပါတယ်။

 

အမှည့်လွန်နေတဲ့ ငှက်ပျောသီးဆိုရင်တော့ ကြော်လို့သိပ်မကောင်းပါ။ အချိုလွန်ကဲပြီး ပျစ်နေလို့ဖြစ်ပါတယ်။

 

ဇလုံတစ်ခုထဲသို့ ဆန်မှုန့်၊ ဂျုံမှုန့်တို့ကို ရောထည့်လိုက်ပါ။ ပြီးလျှင် သကြားထည့်လိုက်ပါ။ သိပ်မချိုစေရန် သတိပြုပါ။

 

ပြီးနောက် အုန်းနို့ထည့်လိုက်ပါ။ အုန်းသီးဖတ်ထည့်လိုက်ပါ။ ထုံးရည်ကြည်အနည်းငယ်ထည့်ပါ။ မုန့်ပွဆေးအနည်းငယ်ထည့်ပါ။ ဆားအနည်းငယ်ထည့်ပါ။

 

နှမ်းဖြူကို ကြိုက်နှစ်သက်သလောက်ထည့်ပြီး အားလုံးကို သမအောင် ရောမွှေပြီးရင်တော့ ငှက်ပျောသီးကိုထည့်လိုက်ပါ။

 

ပြီးလျှင် ဒယ်အိုးထဲကို ဆီထည့် ဆီပူလာရင် မုန့်ရည်နဲ့ရောထားတဲ့ငှက်ပျောသီးထည့်ကြော်လိုက်ပါ။ မီးကို ခပ်အေးအေးလေးထားပြီး ကြော်ပေးပါ။ သကြားပါနေတဲ့အတွက်ကြောင့် တူးတတ်လို့ဖြစ်ပါတယ်။

 

ငှက်ပျောသီးကြော်ကို ရွှေဝါရောင်လေးသန်းသည်အထိ ကြော်ပေးပါ။ ဆူးမွှေးရွက်ရှိရင်လည်း ငှက်ပျောကြော်ပန်းကန်ထဲကို လှီးပြီးထည့်နိုင်ပါတယ်။

 

ပြီးရင်တော့ ကလေးများအကြိုက်တွေ့စေမည့် ထိုင်းစတိုင်လ် ငှက်ပျောကြော်ကြွပ်ကြွပ်လေးကို သုံးဆောင်နိုင်ပါတယ်။

 

Read times Last modified on Tuesday, 18 September 2018 15:37
Rate this item
(3 votes)