Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းစတိုင်လ် ချိစ်၊ ပန်းဂေါ်ဖီစိမ်းနဲ့ ကြက်ဥကြော်

ကြက်ဥကြော်ကို ကလေးလူကြီး အချိန်အခါမရွေး စားသုံးကြပါတယ်။ သို့ပေမယ့် ထိုင်းစတိုင်လ် ချိစ်၊

ပန်းဂေါ်ဖီစိမ်းနဲ့ ကြက်ဥကြော်ကို မစားဖူးသူများအတွက် ယင်းအစားအစာကို ဆိုင်တွင်သွားရောက်သုံးဆောင်စရာမလိုဘဲ အိမ်တွင်လည်း လွယ်လင့်တကူပြုနိုင်အောင် Myanmar Food Industry Directory မှ လမ်းညွှန်ပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ ကြက်ဥ၊ ပန်းဂေါ်ဖီစိမ်း၊ ခရမ်းချဉ်သီး၊ ငရုတ်ပွသီး၊ ချိစ်၊ ဆား၊ ငရုတ်ကောင်း၊ ထောပတ်တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ကြက်ဥများကို ချိစ်၊ ဆား၊ ငရုတ်ကောင်းတို့ဖြင့် ကြေအောင်ခေါက်ထားပါ။

 

ပန်းဂေါ်ဖီစိမ်းများကို ရေနွေးဆူဆူမှာ မိနစ်အနည်းငယ်ခန့် ရေနွေးဖျောပြီး ရေစစ်ထားပါ။

 

Read More >>>> ထိုင်းစတိုင်လ် ထောပတ်ပုစွန်ထုပ်ကြော်

 

ပြီးလျှင် ထောပတ်ကို အပူပေးပြီး ပန်းဂေါ်ဖီစိမ်းများကို ထည့်ကြော်ပေးပါ။

 

ပြီးနောက် ငရုတ်ပွနှင့် ခရမ်းချဉ်သီး လှီးထားတာကိုလည်း ထည့်လိုက်ပါ။

 

ရေစစ်ပြီး ခမ်းသွားလျှင် ခေါက်ထားသောကြက်ဥများ ဖြည်းဖြည်းလောင်း ထည့်ပြီး မီးအနည်းငယ်ဖြင့် ကျက်အောင်အပူပေးပါ။

 

ပြီးနောက် အထက်အောက် လှန်စရာမလိုဘဲ ကြက်ဥများကြက်သွားလျှင် ပူပူနွေးနွေး ထိုင်းစတိုင်လ် ချိစ် အရသာမွှေးမွှေးလေးနဲ့  ကြက်ဥကြော်ကို အသင့် သုံးဆောင်နိုင်ပါပြီ။

 

Read times Last modified on Tuesday, 18 September 2018 11:51
Rate this item
(2 votes)