Thiland



ထိုင်းစပါး အထွက်နည်းမည် ခန့်မှန်း

ထိုင်းစပါး အထွက်နည်းမည် ခန့်မှန်း

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL 

၂၀၂၃-၂၄ စပါးရိတ်သိမ်းရာသီအတွက် ထိုင်းစပါး အထွက်နှုန်းမှာ  ယခင်နှစ်ထက် တန်ချိန် ၈၇၁,၀၀၀ လျော့နည်းပြီး တန်ချိန် ၂၅.၈ သန်းသို့ လျော့ကျနိုင်သည်ဟု စိုက်ပျိုးရေးနှင့် သမဝါယမ ဝန်ကြီးဌာန၊ စိုက်ပျိုးရေးစီးပွားရေးရုံးက ခန့်မှန်းထားသည်။ ရာခိုင်နှုန်းအားဖြင့် ယခင်နှစ်ထက်  ၃.၂၇% လျော့နည်းမည်။

အဓိကအားဖြင့် အယ်လ်နီညိုရာသီဥတုကြောင့် စိုက်ပျိုးဧရိယာ လျော့ကျမည် ဖြစ်သည်။

၂၀၂၃-၂၄ သီးနှံနှစ်အတွက် စပါးစိုက်ပျိုးဧရိယာ စုစုပေါင်း ရိုင် ၆၂ ဒသမ ၄ သန်းရှိကြောင်း စိုက်ပျိုးရေးစီးပွားရေးဦးစီးဌာန လက်ထောက်အထွေထွေအတွင်းရေးမှူး တန်တာတာ ဘန်ယာမနီကူက ပြောသည်။ ယမန်နှစ်ထက် ၀.၉၆% လျော့နည်းသည်။ 

စပါးရိတ်သိမ်းဧရိယာသည် ရိုင် ၅၉ ဒသမ ၆ သန်းခန့်ရှိမည်ဟု ခန့်မှန်းသည်။ ယမန်နှစ်ထက် ၀.၅၃% လျော့နည်းသည်။ 

 

ရာသီဥတုပြောင်းလဲမှုကြောင့် မိုးရွာသွန်းမှု နှောင့်နှေးသဖြင့် စိုက်ပျိုးဧရိယာ ကျဆင်းလာရခြင်း ဖြစ်သည်။

 

ထိုင်း ဟွန်မလီ ဆန်မွှေးစပါး၊ ကောက်ညှင်းစပါးနှင့် အစိုဓာတ်ပါဝင်မှု ၁၅% စပါးများ၏ ဈေးနှုန်းများ မြင့်တက်သည်။

 

ယခုနှစ် ပထမ ကိုးလအတွင်း ထိုင်းဟွန်မာလီစပါး၏ ပျမ်းမျှဈေးမှာ တစ်တန်လျှင် ၁၄၂၂၆ ဘတ် ဖြစ်ပြီး ယခင်နှစ်ထက် ၁၃.၃% မြင့်တက်သည်။

 

ကောက်ညှင်းစပါး တစ်တန်လျှင် ၁၁,၆၅၇ ဘတ် ဖြစ်ပြီး ၂၇.၇ ရာခိုင်နှုန်း မြင့်တက်သည်။

 

အစိုဓာတ်ပါဝင်မှု ၁၅ ရာခိုင်နှုန်း စပါး တစ်တန်လျှင် ၁၀,၄၉၉ ဘတ်ဖြစ်ပြီး ၂၀.၆% မြင့်တက်သည်။

ယခုနှစ် ပထမခုနစ်လအတွင်း ထိုင်းဆန်တင်ပို့မှုသည် ၂၀၂၂ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက အရေအတွက်နှင့် တန်ဖိုး နှစ်မျိုးလုံး တိုးလာခဲ့သည်။

ပထမခုနစ်လ ကာလအတွင်း ဆန်တင်ပို့မှုမှာ တန်ချိန် ၂.၅၄ သန်းရှိခဲ့ပြီး ၂၀၂၂ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၃၀ ဒသမ ၂ ရာခိုင်နှုန်း တိုးမြင့်လာခဲ့သည်။ တန်ဖိုးစုစုပေါင်းမှာ ဘတ် ၄၀.၈ ဘီလီယံ ရှိပြီး ယခင်နှစ်ထက် ၅၁.၈% တိုးသည်။

 

Source bangkokpost 


 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Saturday, 23 September 2023 15:35
Rate this item
(0 votes)