Thiland



ThaiBev က Oishi Group ကို ဝယ်ယူ

ThaiBev က Oishi Group ကို ဝယ်ယူ

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL

မြန်မာနိုင်ငံမှ အရက်ချက်လုပ်ငန်း Grand Royal Group ၏ မိခင်လုပ်ငန်းစုကြီး Thai Beverage Co. (ThaiBev) က Oishi Group ၏ ရှယ်ယာအများစု ပိုင်ဆိုင်ထားသူ ဖြစ်လာသည့်အတွက် Oishi Group ကို ထိုင်းနိုင်ငံ၏ စတော့အိတ်ချိန်းမှ ထုတ်ပယ်မည် ဖြစ်သည်။

 

ThaiBev က Oishi ၏ ရှယ်ယာ ၁၈.၈၄% ဖြစ်သော ရှယ်ယာ ၇၀,၆၆၂,၇၆၄ ခုကို ထပ်မံဝယ်ယူခဲ့ပြီး Oishi ၏ ရှယ်ယာ ၉၈.၅% ပိုင်ဆိုင်ထားသူ ဖြစ်လာသည်။

 

ထိုင်းနိုင်ငံအခြေစိုက် Oishi ၏ အခြေခံလုပ်ငန်းကဏ္ဍများမှာ အစားအသောက်နှင့် အဖျော်ယမကာ ထုတ်ကုန်များ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်းနှင့် ဖြန့်ဖြူးခြင်းအပြင် ထိုင်းနိုင်ငံရှိ ဂျပန်စားသောက်ဆိုင်များ လုပ်ကိုင်ခြင်းလည်း ပါဝင်သည်။

 

Oishi ၏ အဓိက အဖျော်ယမကာများမှာ Oishi Green Tea နှင့် Oishi Chakulsa အအေးဖျော်ရည်များ ဖြစ်သည်။

 

၂၀၂၂ ခုနှစ်တွင် Oishi မှ ဝင်ငွေ ဘတ် ၁၂.၈ ဘီလီယံ (ကန်ဒေါ်လာ ၃၆၄ သန်း)  ရရှိကြောင်း အစီရင်ခံခဲ့သည်။

Source bangkokpost

Read times Last modified on Friday, 01 September 2023 08:39
Rate this item
(0 votes)