Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ကြက်သားထောပတ်သီး

Unicode

Asia style ကြက်သားထောပတ်သီး


ကြက်သားကို အနောက်တိုင်းစတိုင်ပုံစံ ဆန်းဆန်းပြားပြား စားချင်သူများအတွက် ကြက်သားနဲ့ ထောပတ်သီး ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။


ပါဝင်ပစ္စည်းများကတော့ ကြက်သား၊ ထောပတ်သီး၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ အသားမှုန့်၊ ဇီယာမှုန့်၊ သိုင်းမ်အမှုန့်( Ground Thymes )၊ ရို့စ်မယ်ရီရွက်( Fresh Rosemary Leaves )၊ ငရုတ်ချိုမှုန့်( Papprika Powder )၊ သံပရာရည်၊ ဝိုင်ဖြူ၊ မော်ဇရဲလားချိစ် ( Mozzarella Cheese )၊ ပါမာဆန်ချိစ်အမှုန့် ( Parmesan Cheese Powder )၊ သံလွင်ဆီ၊ ကြက်သွန်ဖြူတို့ လိုအပ်ပါမယ်။


ပထမဦးဆုံး ကြက်သားကို ရေဆေးသန့်စင်ပြီး ပါးပါးလှီး၍ သံပရာရည်၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ အသားမှုန့်၊ ဇီယာမှုန့်၊ သိုင်းမ်အမှုန့်၊ ငရုတ်ချိုမှုန့်၊ ရို့စ်မယ်ရီရွက်တို့နှင့် အရသာကောင်းအောင် ပြုလုပ်ထားပါ။


ပြီးလျှင် ထောပတ်သီးကို ထက်ခြမ်းခွဲ၍ အခွံနွှာ အစေ့ထုတ်ပြီး သံပရာရည် အနည်းငယ် လောင်းထားပါ။

 

Read More >>>>>   ခ်ိဳခ်ဥ္ငံစပ္ ေရဘဝဲေထာင္း


ပြီးနောက် ဒယ်အိုးထဲ ဆီထည့်အပူပေးပြီး ကြိတ်ထားသော ကြက်သွန်ဖြူနှင့် ဆီသတ်၍ အရသာကောင်းအောင်ပြုလုပ်ထားတဲ့ ကြက်သားကို ထည့်ကြော်လိုက်ပါ။ ကြက်သားနူးစေရန်အတွက် ဝိုင်ဖြူ အနည်းငယ်ထည့်ချက်ပေးပါ။


ပြီးရင်တော့ ဒယ်အိုးထဲတွင် အခွံနွှာ အစေ့ထုတ်ထားသော ထောပတ်သီးအခြမ်းထဲသို့ အသင့်ကြော်ထားသော ကြက်သားကိုထည့်ထည့် မော်ဇရဲလားချိစ်နှင့် ပါမာဆန်ချိစ်အမှုန့်တို့အုပ်ပြီး အဖုံးအုပ်၍ ချိစ်ပျော်သွားအောင် ချက်ပေးပါ။


နောက်ဆုံးမှာ အရသာရှိတဲ့ ကြက်သားထောပတ်သီးကို မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။


Myanmar Food Industry Directory

 

 

Asia style ၾကက္သားေထာပတ္သီး

 

ၾကက္သားကို အေနာက္တိုင္းစတိုင္ပံုစံ ဆန္းဆန္းျပားျပား စားခ်င္သူမ်ားအတြက္ ၾကက္သားနဲ႕ ေထာပတ္သီး ျပဳလုပ္နည္းေလးကို ေဖာ္ျပေပးလိုက္ပါတယ္။

 

ပါဝင္ပစၥည္းမ်ားကေတာ့ ၾကက္သား၊ ေထာပတ္သီး၊ ဆား၊ င႐ုတ္ေကာင္းမႈန္႕၊ အသားမႈန္႕၊ ဇီယာမႈန္႕၊ သိုင္းမ္အမႈန္႕( Ground Thymes )၊ ႐ို႕စ္မယ္ရီရြက္( Fresh Rosemary Leaves )၊ င႐ုတ္ခ်ဳိမႈန္႕( Papprika Powder )၊ သံပရာရည္၊ ဝိုင္ျဖဴ၊ ေမာ္ဇရဲလားခ်ိစ္ ( Mozzarella Cheese )၊ ပါမာဆန္ခ်ိစ္အမႈန္႕ ( Parmesan Cheese Powder )၊ သံလြင္ဆီ၊ ၾကက္သြန္ျဖဴတုိ႕ လိုအပ္ပါမယ္။

 

ပထမဦးဆံုး ၾကက္သားကို ေရေဆးသန္႕စင္ၿပီး ပါးပါးလွီး၍ သံပရာရည္၊ ဆား၊ င႐ုတ္ေကာင္းမႈန္႕၊ အသားမႈန္႕၊ ဇီယာမႈန္႕၊ သိုင္းမ္အမႈန္႕၊ င႐ုတ္ခ်ဳိမႈန္႕၊ ႐ို႕စ္မယ္ရီရြက္တို႕ႏွင့္ အရသာေကာင္းေအာင္ ျပဳလုပ္ထားပါ။

 

ၿပီးလွ်င္ ေထာပတ္သီးကို ထက္ျခမ္းခြဲ၍ အခြံႏႊာ အေစ့ထုတ္ၿပီး သံပရာရည္ အနည္းငယ္ ေလာင္းထားပါ။

 

Read More >>>>>   ခ်ိဳခ်ဥ္ငံစပ္ ေရဘဝဲေထာင္း

 

ၿပီးေနာက္ ဒယ္အိုးထဲ ဆီထည့္အပူေပးၿပီး ႀကိတ္ထားေသာ ၾကက္သြန္ျဖဴႏွင့္ ဆီသတ္၍ အရသာေကာင္းေအာင္ျပဳလုပ္ထားတဲ့ ၾကက္သားကို ထည့္ေၾကာ္လိုက္ပါ။ ၾကက္သားႏူးေစရန္အတြက္ ဝိုင္ျဖဴ အနည္းငယ္ထည့္္ခ်က္ေပးပါ။

 

ၿပီးရင္ေတာ့ ဒယ္အိုးထဲတြင္ အခြံႏႊာ အေစ့ထုတ္ထားေသာ ေထာပတ္သီးအျခမ္းထဲသို႕ အသင့္ေၾကာ္ထားေသာ ၾကက္သားကိုထည့္ထည့္ ေမာ္ဇရဲလားခ်ိစ္ႏွင့္ ပါမာဆန္ခ်ိစ္အမႈန္႕တို႕အုပ္ၿပီး အဖံုးအုပ္၍ ခ်ိစ္ေပ်ာ္သြားေအာင္ ခ်က္ေပးပါ။

 

ေနာက္ဆံုးမွာ အရသာရွိတဲ့ ၾကက္သားေထာပတ္သီးကို ၿမိန္ယွက္စြာ တည္ခင္းသံုးေဆာင္ႏိုင္ပါတယ္။

 

Myanmar Food Industry Directory

Read times Last modified on Tuesday, 04 February 2020 17:48
Rate this item
(0 votes)