Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ချိုချဉ်ငံစပ် ရေဘဝဲထောင်း

Unicode

ချိုချဉ်ငံစပ် ရေဘဝဲထောင်း

ရေဘဝဲကို ဟင်းမချက်ဘဲနဲ့  ချိုချဉ်ငံစပ် အရသာစားချင်သူတွေအတွက် ရေဘဝဲထောင်းနည်းလေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ ရေဘဝဲ၊ ငရုတ်သီးအခြောက်တောင့်၊ ဟင်းခတ်မှုန့်၊ ကြက်သွန်ဖြူ၊ ငါးငံပြာရည်အနောက်၊ ငါးငံပြာရည်အကြည်၊ ဂဏန်းငံပြာရည်၊ ဆား၊ ဗီနီကာ၊ သံပရာသီး၊ နံနံပင်တို့လိုအပ်ပါမယ်။

 

ရေဘဝဲပြုတ်ဖို့ ဇလုံတစ်လုံးထဲသို့ ဗီနီကာနှင့် ဆားကိုထည့်ပြီး ရေဘဝဲကိုလည်း ထည့်လိုက်ပါ။

 

ပြီးနောက် အချွဲများ မရှိစေဖို့အတွက် နာနာလေးနယ်ပေးပါ။

 

ပြီးလျှင် အချွဲများ ထွက်သွားပါက ရေစင်အောင် လေးငါးထပ်ခန့်ဆေးပေးပါ။

 

ပြီးနောက် အိုးတစ်အိုးထဲသို့ဆားထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးထားပါ။ ရေပွက်ပွက်ဆူပြီဆိုရင်တော့ ရေဘဝဲကိုထည့်ပြီး ပြုတ်ပေးပါ။  ၅ မိနစ်ခန့်ပြုတ်ပြီးရင် ရပါပြီ၊

 

Read More >>>>>  ဂုံးဟင်းဆီပြန်လေး ချက်စားရအောင်

 

ပြီးရင်တော့ ဆယ်ပြီး ရေဖြင့် ထပ်ဆေးပေးထားပါ။ ရေစစ်ပြီးရင်တော့ မိမိတို့ကြိုက်နှစ်သက်တဲ့အရွယ်တော်လေးဖြစ်အောင် ဓားဖြင့် လှီးဖြတ်ပေးပါ။


    
ပြီးလျှင် ဇလုံတစ်လုံးယူပြီး လှီးဖြတ်ထားတဲ့ ရေဘဝဲကို ထည့်လိုက်ပါ။

 

ပြီနောက် နံနံပင်ကို လှီးဖြတ်ပေးထားပါ။ ကြက်သွန်ဖြူကိုလည်း အခွံခွာပြီး ရေဆေးပေးထားပါ။ သံပရာသီးကို ထက်ခြမ်းခြမ်းထားပါ။

 

ပြီးရင်တော့  ငရုတ်ဆုံထဲမှာ ကြက်သွန်ဖြူနှင့် ငရုတ်သီး အခြောက်တောင့်တို့ကိုထည့်ပြီး မညက်တညက် ထည့်ထောင်းပါ။

 

အနည်းငယ်ညက်သွားပြီဆိုတာနဲ့ ငါးငံပြာရည်အနောက်၊ ငါးငံပြာရည်အကြည်၊ ဂဏန်းငံပြာရည်နှင့် ဟင်းခတ်မှုန့်တို့ထည့်ပြီး ထည့်ထောင်းပေးပါ။ အရသာ သမသွားအောင် ဇွန်းဖြင့်မွှေပေးပါ။

 

အရသာ သမလောက်ပြီဆိုတာနဲ့ ရေဘဝဲနှင့် သံပရာရည်တို့ထည့်ပြီး ခပ်ဖွဖွလေး ထောင်း၍ နံနံပင်ထည့်ပြီး မွှေပေးထားပါ။

 

ပြီးနောက် ထောင်းနေစဉ် အရသာ မြည်းကြည့်ပြီး မိမိနှစ်သက်တဲ့ အရသာ ရလာသည်အထိ ပြင်ပေးထားပါ။

 

ပြီးနောက် ရေဘဝဲထောင်း ချိုချဉ်ငံစပ်လေးကို မုန့်ဟင်းခါးဖတ် ပဲတောင့်ရှည်တို့နှင့် တွဲဖက်၍ မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

 

Myanmar Food Industry Directory

 

 

 

ခ်ိဳခ်ဥ္ငံစပ္ ေရဘဝဲေထာင္း

 

ေရဘဝဲကို ဟင္းမခ်က္ဘဲနဲ႔  ခ်ိဳခ်ဥ္ငံစပ္ အရသာစားခ်င္သူေတြအတြက္ ေရဘဝဲေထာင္းနည္းေလးကို ေအာက္တြင္ ေဖာ္ျပေပးလိုက္ပါတယ္။

 

ပါဝင္ပစၥည္းမ်ားကေတာ့ ေရဘဝဲ၊ င႐ုတ္သီးအေျခာက္ေတာင့္၊ ဟင္းခတ္မႈန႔္၊ ၾကက္သြန္ျဖဴ၊ ငါးငံျပာရည္အေနာက္၊ ငါးငံျပာရည္အၾကည္၊ ဂဏန္းငံျပာရည္၊ ဆား၊ ဗီနီကာ၊ သံပရာသီး၊ နံနံပင္တို႔လိုအပ္ပါမယ္။

 

ေရဘဝဲျပဳတ္ဖို႔ ဇလုံတစ္လုံးထဲသို႔ ဗီနီကာႏွင့္ ဆားကိုထည့္ၿပီး ေရဘဝဲကိုလည္း ထည့္လိုက္ပါ။

 

ၿပီးေနာက္ အခြၽဲမ်ား မရွိေစဖို႔အတြက္ နာနာေလးနယ္ေပးပါ။

 

ၿပီးလွ်င္ အခြၽဲမ်ား ထြက္သြားပါက ေရစင္ေအာင္ ေလးငါးထပ္ခန႔္ေဆးေပးပါ။

 

Read More >>>>>  ဂံုးဟင္းဆီျပန္ေလး ခ်က္စားရေအာင္

 

ၿပီးေနာက္ အိုးတစ္အိုးထဲသို႔ဆားထည့္ၿပီး ပြက္ပြက္ဆူေအာင္ တည္ေပးထားပါ။ ေရပြက္ပြက္ဆူၿပီဆိုရင္ေတာ့ ေရဘဝဲကိုထည့္ၿပီး ျပဳတ္ေပးပါ။  ၅ မိနစ္ခန႔္ျပဳတ္ၿပီးရင္ ရပါၿပီ။

 

ၿပီးရင္ေတာ့ ဆယ္ၿပီး ေရျဖင့္ ထပ္ေဆးေပးထားပါ။ ေရစစ္ၿပီးရင္ေတာ့ မိမိတို႔ႀကိဳက္ႏွစ္သက္တဲ့အ႐ြယ္ေတာ္ေလးျဖစ္ေအာင္ ဓားျဖင့္ လွီးျဖတ္ေပးပါ။


    
ၿပီးလွ်င္ ဇလုံတစ္လုံးယူၿပီး လွီးျဖတ္ထားတဲ့ ေရဘဝဲကို ထည့္လိုက္ပါ။

 

ၿပီေနာက္ နံနံပင္ကို လွီးျဖတ္ေပးထားပါ။ ၾကက္သြန္ျဖဴကိုလည္း အခြံခြာၿပီး ေရေဆးေပးထားပါ။ သံပရာသီးကို ထက္ျခမ္းျခမ္းထားပါ။

 

ၿပီးရင္ေတာ့  င႐ုတ္ဆုံထဲမွာ ၾကက္သြန္ျဖဴႏွင့္ င႐ုတ္သီး အေျခာက္ေတာင့္တို႔ကိုထည့္ၿပီး မညက္တညက္ ထည့္ေထာင္းပါ။

 

အနည္းငယ္ညက္သြားၿပီဆိုတာနဲ႔ ငါးငံျပာရည္အေနာက္၊ ငါးငံျပာရည္အၾကည္၊ ဂဏန္းငံျပာရည္ႏွင့္ ဟင္းခတ္မႈန႔္တို႔ထည့္ၿပီး ထည့္ေထာင္းေပးပါ။ အရသာ သမသြားေအာင္ ဇြန္းျဖင့္ေမႊေပးပါ။

 

အရသာ သမေလာက္ၿပီဆိုတာနဲ႔ ေရဘဝဲႏွင့္ သံပရာရည္တို႔ထည့္ၿပီး ခပ္ဖြဖြေလး ေထာင္း၍ နံနံပင္ထည့္ၿပီး ေမႊေပးထားပါ။

 

ၿပီးေနာက္ ေထာင္းေနစဥ္ အရသာ ျမည္းၾကည့္ၿပီး မိမိႏွစ္သက္တဲ့ အရသာ ရလာသည္အထိ ျပင္ေပးထားပါ။

 

ၿပီးေနာက္ ေရဘဝဲေထာင္း ခ်ိဳခ်ဥ္ငံစပ္ေလးကို မုန႔္ဟင္းခါးဖတ္ ပဲေတာင့္ရွည္တို႔ႏွင့္ တြဲဖက္၍ ၿမိန္ယွက္စြာ သုံးေဆာင္ႏိုင္ပါတယ္။

 

Myanmar Food Industry Directory

Read times Last modified on Saturday, 01 February 2020 13:44
Rate this item
(1 Vote)