Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းမှ စားစရာအင်းဆက်များ တင်ပို့မှု အလားအလာကောင်းမွန်

ထိုင်းမှ စားစရာအင်းဆက်များ တင်ပို့မှု အလားအလာကောင်းမွန်

 

ထိုင်းနိုင်ငံမှ အင်းဆက်အမျိုးမျိုး ပြည်ပတင်ပို့မှုအတွက် အဓိကဈေးကွက်များမှာ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်တို့ ဖြစ်ပါတယ်။

 

ကမ္ဘာတစ်လွှား စားနပ်ရိက္ခာဖူလုံရေးအတွက် စိုးရိမ်မကင်း ဖြစ်ကြရခြင်း ပိုများလာနေချိန်မှာ စားသောက်လို့ရတဲ့ အင်းဆက်များနှင့် အင်းဆက်များထံမှ ရရှိတဲ့ ပရိုတင်းအသားဓာတ်တို့ကို ကမ္ဘာ့ဈေးကွက်ထဲ တင်ပို့ဖို့ အလားအလာ ကောင်းနေပါတယ်လို့ ထိုင်းစားသောက်ကုန် ပြုပြင်မွမ်းမံထုတ်လုပ်သူများအသင်း Thai Food Processors Association က ပြောကြားပါတယ်။

အသင်းဉက္ကဋ္ဌ Visit Limlurcha က ထိုင်းနိုင်ငံမှာ အင်းဆက်မွေးမြုရေး တတ်သိကျွမ်းကျင်မှုရှိနေပြီး အခြားသော ပရိုတင်းရရှိမယ့် မွေးမြူးရေးအမျိုးမျိုးတို့နှင့် နှိုင်းယဉ်ရင် အင်းဆက်မွေးမြူရေးက မွေးမြူရတဲ့ အချိန်ကာလ ပိုမိုတိုတောင်းတယ်လို့ ပြောကြားပါတယ်။ 

 

ပုရစ်မွေးမြူရေး

ထိုင်းနိုင်ငံမှာ ပုရစ်မွေးမြူရေးခြံ ၂၀,၀၀၀ ကျော် ရှိပါတယ်။ တစ်နှစ်လျှင် ထုတ်လုပ်မှုစုစုပေါင်း တန်ချိန် ၇,၀၀၀ ကျော် ထွက်ပါတယ်။

 

ကမ္ဘာ့အင်းဆက်အရှင်တင်ပို့မှု အများဆုံးနိုင်ငံစာရင်းမှာ ထိုင်းနိုင်ငံက နံပါတ်(၁၇) မှာ ရှိပါတယ်။

 

ကမ္ဘာ့အင်းဆက်ဈေးကွက်

 

အမေရိကန်နိုင်ငံမှ သုတေသနလုပ်ငန်း Meticulous Market Research Inc ရဲ့ အဆိုအရ စားစရာအင်းဆက်များ ဈေးကွက်က ၂၀၃၀ မှာ အမေရိကန်ဒေါ်လာ ၉.၆ ဘီလျံအထိ ဖြစ်လာပါမယ်။ ၂၀၂၂-၂၀၃၀ အတွင်း ကြီးထွားနှုန်း ၂၈.၃% ရှိပါမယ်။ တိရစ္ဆာန်အစာမှာလည်း အင်းဆက်များ ထည့်သွင်းသုံးစွဲမှု ပိုများလာပါမယ်။

MyanmarFoodGuide 

Read times
Rate this item
(0 votes)