Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းပြည်တွင်း ပုစွန်ဈေးနှုန်း မကျစေဘဲ ပြည်ပမှ ပုစွန်တင်သွင်းခြင်းဖြစ်ကြောင်း ပြောကြား

ထိုင်းပြည်တွင်း ပုစွန်ဈေးနှုန်း မကျစေဘဲ ပြည်ပမှ ပုစွန်တင်သွင်းခြင်းဖြစ်ကြောင်း ပြောကြား

.

ပုစွန်များ ပြုပြင်ထုပ်ပိုးခြင်းလုပ်ငန်းကဏ္ဍကို  ကူညီရန် လတ်လတ်ဆတ်ဆတ်ပုစွန်များ ယာယီတင်သွင်းရန် ဆုံးဖြတ်ချက်သည် ပြည်တွင်းပေါက်ဈေးနှုန်းများအပေါ် သက်ရောက်မှုရှိမည်မဟုတ်ကြောင်း ပုဇွန်ဘုတ်အဖွဲ့ Shrimp Board က ပြောသည်။

.

ကမ္ဘာ့စီးပွားရေးအကျပ်အတည်းကြောင့် ဈေးနှုန်းများ မတည်မငြိမ် အတက်အကျများလာသော်လည်း ပြည်တွင်း ပုစွန်ဈေးနှုန်းများ ယမန်နှစ်ကတည်းက ကောင်းမွန်နေကြောင်း၊  ပုစွန်ဈေးနှုန်းများသည် အာမခံချက် ပေးသည့်စနစ်ဖြင့် စျေးနှုန်းမြှင့်တင်ပေးခဲ့သဖြင့် တစ်ကီလိုဂရမ်လျှင် ၁၁ ဘတ်မှ ၂၀ ဘတ်အထိ ရှိကြောင်း  ငါးလုပ်ငန်းဦးစီးဌာန အကြီးအကဲ Chalermchai Suwannarak က သောကြာနေ့(စက်တင်ဘာလ ၂ ရက်)တွင် မီဒီယာများကို ပြောကြားခဲ့သည်။

ပုစွန်များ ပြည်ပမှ တင်သွင်းမည့် ဆောင်ရွက်ချက်ကို  ပုစွန်မွေးမြူရေးအသင်းများနှင့် လက်ကားရောင်းချသူများ အပါအဝင် သက်ဆိုင်သူအားလုံးက တင်သွင်းရန် သဘောတူညီခဲ့ကြောင်း ၎င်းက ဆိုသည်။

.

ကပ်ရောဂါကြောင့် ပုစွန်မွေးမြူရေးခြံများ ပိတ်သွားသဖြင့် ထုတ်လုပ်မှု ၅၅ ရာခိုင်နှုန်း ကျဆင်းသွားကာ အရည်အသွေးညံ့သော ပုစွန်များသာ ကျန်ရှိကြောင်း၊ ယခုအခါ ပုစွန် ထောက်ပံ့မှု ပြတ်လပ်နေကြောင်း မစ္စတာ Chalermchai က ပြောကြားသည်။

.

“ပုစွန်ပေါက်ဈေးကို အာမခံချက် ရှိပြီးသားဖြစ်လို့ ပြည်တွင်း ပုစွန်ဈေးနှုန်းများကို ထိခိုက်မှု မရှိစေရဘူးလို့ သုံးပွင့်ဆိုင် ဘုတ်အဖွဲ့က ဆုံးဖြတ်ခဲ့တာပါ” ဟု ၎င်းက ဆိုသည်။

.

“ဈေးနှုန်းအာမခံချက်က အစိုးရဆီက ပိုက်ဆံမတောင်းဘဲ ဆောင်ရွက်တာ  ပထမဆုံး အကြိမ် ဖြစ်ပါတယ်။ အစိုးရထံမှအစား ထောက်ပံ့ကြေးကို ပုဂ္ဂလိက ကဏ္ဍကနေ ရယူပါတယ်” ဟု ၎င်းက ဆိုသည်။

.

ပြည်ပမှ ပုစွန်တင်သွင်းသည့် ဆောင်ရွက်ချက်သည် ယာယီမျှသာဖြစ်ပြီး ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသည့်အခါ ရပ်ဆိုင်းမည်ဖြစ်ကြောင်း ၎င်းက အခိုင်အမာ ပြောကြားပါသည်။

.

ငါးလုပ်ငန်းဦးစီးဌာန၏အဆိုအရ ယခုနှစ်တွင် အီကွေဒေါနှင့် အိန္ဒိယနိုင်ငံတို့မှ လတ်ဆတ်သော ပုစွန် ၁၀,၅၀၁ တန်ကို စားသောက်ကုန် ပြုပြင်ထုပ်ပိုး ထုတ်လုပ်ရေး လုပ်ငန်းများမှ တင်သွင်းခဲ့ကြောင်း သိရသည်။ 

ယခုနှစ် ပထမနှစ်ဝက်တွင် ပြည်တွင်းပုစွန်အထွက်နှုန်းမှာ ၁၃၈,၇၃၂ တန် ဖြစ်သည်။

 

ပြည်တွင်းပေါက်ဈေးကို ထိန်းသိမ်းရန်အတွက် အာမခံချက် အစီအစဥ်ကို ပြီးခဲ့သည့်အောက်တိုဘာလတွင် စတင်ခဲ့ပြီး စျေးကွက်ပေါက်ဈေးတွင် တစ်ကီလိုလျှင် ၆.၃၂~၁၂.၇၀ ဘတ်နှင့် မွေးမြူရေးသမားများအတွက် တစ်ကီလိုလျှင် ၁၁.၈၅~၂၀.၆၄ ဘတ်အထိ တိုးမြှင့်ပေးခဲ့သည်။

 

စိုက်ပျိုးရေးနှင့် သမဝါယမ ဝန်ကြီးဌာနသည် ပုစွန်မွေးမြူရေး လုပ်ငန်းကို ပြန်လည်အသက်သွင်းရန်နှင့် ၂၀၂၃ ခုနှစ်တွင် နှစ်စဉ် အထွက်နှုန်း တန်ချိန် ၄၀၀,၀၀၀ သို့ ပြန်လည်ရောက်ရှိရန် ရှင်းလင်းပြတ်သားသော မူဝါဒရှိကြောင်း ၎င်းက ပြောကြားပါသည်။

Source Bangkokpost 

#MyanmarFoodIndustryGuide

Telegram Channel https://t.me/Guid4U

 

 

Read times
Rate this item
(0 votes)