Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ThaiBev မြန်မာဈေးကွက် ရောင်းအားမြင့်တက်၊ ဝင်ငွေ လျော့ကျ

ThaiBev မြန်မာဈေးကွက် ရောင်းအားမြင့်တက်၊ ဝင်ငွေ လျော့ကျ

Thai Beverage (ThaiBev) က ၂၀၂၂ ဘဏ္ဍာရေးနှစ် တတိယ ၃လပတ်အကုန် ဇွန်လကုန်အထိ ရောင်းအားကို ထုတ်ပြန်ကြေညာခဲ့ရာ ဘတ် ၂၀၇.၉၂ ဘီလီယံ( ကန်ဒေါ်လာ ၈.၀၆ ဘီဘီယံ) ရရှိခဲ့ပြီး ယခင်နှစ် အလားတူကာလထက် ၈.၂% ပိုများပါသည်။ 

 

ဘီယာ၊ အရက်မဟုတ်သော အဖျော်ယမကာများ non-alcoholic beverages(NAB) နှင့် အစားအသောက် ကဏ္ဍတို့မှာ ဝင်ငွေ ပိုများခဲ့သဖြင့် ဘီယာ၊ အရက်ကဏ္ဍတွင် ရောင်းအားလျော့ကျသည်ကို ထေမိသည့်အပြင် ပိုများခဲ့ပါသည်။ 

 

ThaiBev ၏ ဘီယာ၊ အရက်ကဏ္ဍတွင် ထိုင်းနိုင်ငံမှာ ဖျော်ဖြေရေးကဏ္ဍ  ကိုဗစ်ကြောင့် ပိတ်ပင်ထားခဲ့ရာမှ ဇွန်လ ၁ ရက်တွင် ပြန်လည်ဖွင့်လှစ်သဖြင့် အရက်သောက်သုံးမှု ပြန်များလာခဲ့သည်။ အထူးသဖြင့် အညိုရောင်ယာမကာများ ရောင်းအား ပြန်ကောာင်းလာခဲ့သည်။

 

မြန်မာနိုင်ငံတွင် ရောင်းချရသည့် ပမာဏ ပိုမိုများပြားသော်လည်း ထုတ်ပိုးကုန်ကျစရိတ် မြင့်တက်ခြင်းနှင့် ကျပ်ငွေ တန်ဖိုးကျဆင်းခြင်းတို့ကြောင့် ဝင်ငွေ လျော့ကျခဲ့သည်။ 

 

ဗီယက်နမ်တွင် စီးပွားရေး လုပ်ကိုင်ဆောင်ရွက်မှုများ အခြေအနေ ပြန်လည်ကောင်းမွန်နေသဖြင့် ThaiBev ၏ ဝင်ငွေလည်း တိုးတက်ကောင်းမွန်ကြောင်း တွေ့ရသည်။

ထိုင်းနှင့် ဗီယက်နမ်တို့တွင် ရောင်းဈေးနှုန်းများ မြှင့်တင်သတ်မှတ်ခဲ့သည်။ သို့ဖြစ်ရာ ရောင်းချသည့် ပမာဏ တိုးသည်နှင့်အမျှ ဝင်ငွေလည်း တိုးခဲ့သည်။ 

 

ThaiBev ၏ ဘီယာ၊ အရက်မဟုတ်သော အဖျော်ယမကာများကဏ္ဍသည် ထိုင်းနိုင်ငံတွင် စီးပွားရေး လုပ်ကိုင်ဆောင်ရွက်မှုများ ပြန်နာလန်ထနေပြီ ဖြစ်သဖြင့် ရောင်းချသည့် ပမာဏ ပိုများခဲ့ပြီး ဝင်ငွေလည်း ပိုများခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

အစားအသောက်ကဏ္ဍတွင်လည်း စားသောက်ဆိုင်များတွင် ဆိုင်ထိုင်စားခြင်းကို ပြန်လည် ခွင့်ပြုထားပြီ ဖြစ်သဖြင့် ရောင်းအားပမာဏ တိုးခဲ့ပြီး ဝင်ငွေလည်း တိုးခဲ့ပါသည်။

 

ခြုံငုံကြည့်ပါက ဘီယာ၊ ဘီယာ၊ အရက်မဟုတ်သော အဖျော်ယမကာများနှင့် အစားအသောက် ကဏ္ဍများတွင် ဝင်ငွေ ပိုများလာခဲ့သည်။ အရက်ကဏ္ဍတွင် ဝင်ငွေ လျော့ကျခဲ့သည်။ 

သီးခြားထုတ်ပြန်သော ကြေညာချက်တွင် ThaiBev က BeerCo  ကို စတော့အိပ်ချိန်းတွင် စာရင်းသွင်းပြီး အစုရှယ်ယာများ ရောင်းချမည့် အစီအစဉ်ကို ရွှေ့ဆိုင်းကြောင်း ဖော်ပြထားပါသည်။ 

#MyanmarFoodIndustryGuide

Telegram Channel https://t.me/Guid4U

Source: theedgesingapore

Read times Last modified on Saturday, 20 August 2022 15:28
Rate this item
(0 votes)