Thiland
အိန္ဒိယဆန် တင်ပို့မှု ပိတ်ပင်ခြင်းကြောင့် ထိုင်း ဆန်ဈေးကွက် ကမောက်ကမဖြစ်
အိန္ဒိယဆန် တင်ပို့မှု ပိတ်ပင်ခြင်းကြောင့် ထိုင်း ဆန်ဈေးကွက် ကမောက်ကမဖြစ်
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
အိန္ဒိယနိုင်ငံပြီးလျှင် ကမ္ဘာ့ဒုတိယအများဆုံး ဆန်တင်ပို့သည့် ထိုင်းနိုင်ငံတွင် အိန္ဒိယဆန် ပြည်ပတင်ပို့မှု ပိတ်ပင်ခြင်းကြောင့် ဆန်ဈေးကွက် ကမောက်ကမဖြစ်ကာ ဆန်ဈေး မြင့်တက်သွားခဲ့သည်။
ဈေးကစားရန် ဆန်သိုလှောင်ခြင်းများကြောင့် ဈေးကွက်အတွင်း ပို့ကုန်အတွက် ဆန်ရရှိနိုင်မှု လျော့နည်းသွားခဲ့ပါသည်။
ထိုင်းနိုင်ငံ၏ ပြည်တွင်းဆန်ဈေးသည် သီတင်းပတ် တပတ်အတွင်း ၂၀ ရာခိုင်နှုန်းနီးပါး ခုန်တက်ခဲ့သည်။
တတန်လျှင် ဘတ် ၁၇,၀၀၀ ဝန်းကျင် ရှိေနခဲ့ရာမှ ဘတ် ၂၁,၀၀၀ ($597) သို့ မြင့်တက်ခဲ့သည်။
သို့ဖြစ်ရာ ၅% ဆန်ကွဲပါ ပို့ကုန်ဆန် ဆန်ဖြူ ဈေးနှုန်း မြင့်တက်သွားစေခဲ့သည်။ တတန်လျှင် $610 သို့ ရောက်ရှိသွားပြီး ကမ္ဘာ့ဆန်ဈေး ဈေးတက်သွားစေခဲ့သည်။
ကမ္ဘာ့ဆန်ဈေးသည် ၁၁ နှစ်တာအတွင်း အမြင့်ဆုံးသို့ ရောက်ရှိနေသည်။
ထိုင်းအစိုးရသည် ဆန်တင်ပို့မှုကို ကန့်သတ်ရန် အစီအစဉ် မရှိသော်လည်း ဆန် လိုသလောက် ရရှိနိုင်ဖို့ မသေချာမှုများကြောင့် ထိုင်းဆန်တင်ပို့သူများသည် အရောင်းစာချုပ် ချုပ်ဆိုရန် တွန့်ဆုတ်နေကြသည်။
ထိုင်းနိုင်ငံသည် ပုံမှန်အားဖြင့် ဆန်တန်ချိန် သန်း ၂၀ ခန့် ထုတ်လုပ်ပြီး ထက်ဝက်ကို ပြည်တွင်းမှာ စားသုံးပြီး ကျန်ထက်ဝက်ကို ပြည်ပသို့ တင်ပို့သည်။
“ကျွန်တော်တို့မှာ နှစ်စဉ် ဆန်ပိုလျှံနေတဲ့အတွက် ထိုင်းနိုင်ငံမှာ အခုလို ဆန်ရှားနေတာ တစ်ခါမှ မရှိခဲ့ဘူး”ဟု ထိုင်းနိုင်ငံ ဆန်တင်ပို့သူများအသင်း၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Chookiat Ophaswongse က ပြောကြားသည်။
"အခုအခါမှာ ထိုင်းဆန်ဈေးကွက်မှာ ကမောက်ကမ ဖြစ်နေပါတယ်။ ဆန်ပို့ကုန်လုပ်ငန်းရှင်များက ဈေးနှုန်းအတက်အကျနှင့် ဆန် ရမရ မရေရာတော့ ဈေးမပြောနိုင်ကြဘူး" ဟု ၎င်းက ပြောကြားသည်။
ဆန်လှောင်ကြခြင်းကြောင့်လည်း ထိုင်းပြည်တွင်းမှာ ဆန်ဈေး တက်နေစေသည်။
အယ်နီညိုကြောင့် စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် မိုးရွာသွန်းမှု လျော့နည်းဖွယ်ရှိသည်။ စပါးပင်တို့ ရေလိုအပ်မှု အများဆုံး လများတွင် မိုးနည်းနေနိုင်သည်။ နို၀င်ဘာလ စပါးပေါ်ချိန်တွင် အထွက်နှုန်း ကျဆင်းနိုင်သည်။
ထိုသို့ ကျဆင်းပါက ထိုင်းဆန်တင်ပို့မှု ယခုနှစ်နှင့် နောက်နှစ်တို့တွင် လျော့ကျလိမ့်မည်။
သို့သော် ထိုင်းနိုင်ငံ ဆန်တင်ပို့သူများ အသင်းက ၂၀၂၃ ဆန်တင်ပို့မှု လျာထားချက် တန်ချိန် ၈.၅ သန်းကို မျှော်မှန်းထားဆဲ ဖြစ်သည်။
Source Asia nikkei
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL