Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းတွင် Häagen-Dazs ရေခဲမုန့် ဘတ် ၁၂ သန်း ဖိုး ဖျက်ဆီး

ထိုင်းတွင် Häagen-Dazs ရေခဲမုန့် ဘတ် ၁၂ သန်း ဖိုး ဖျက်ဆီး

TO GET INSTANT UPDATE 
Join Telegram Channel  

https://t.me/Guid4U

 

ဘတ် ၁၂ သန်းတန်ဖိုးရှိ Häagen-Dazs ရေခဲမုန့်များကို တနင်္လာနေ့(အောက်တိုဘာ ၁၀)က ထိုင်းနိုင်ငံ Samut Prakan ရှိ စက်မှုဇုန်တစ်ခုတွင် ဖျက်ဆီးခဲ့ပါတယ်။ အဆိုပါ ရေခဲမုန့်များမှာ ကင်ဆာဖြစ်စေတဲ့ ဓာတ်ပစ္စည်း မပါသော်လည်း စားသုံးသူတို့ စိတ်ရှင်းစေဖို့ ဖျက်ဆီးပစ်လိုက်တာ ဖြစ်ပါတယ်။

 

ထိုင်းနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန Food and Drug Administration (FDA) လက်ထောက်အထွေထွေအတွင်းရေးမှူး Weerachai Nolwachai က အင်္ဂါနေ့တွင် ပြောကြားခဲ့ရာမှာ ၂၀၂၃ ခုနှစ် မတ်လ ၁၆ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဧပြီလ ၂၃ ရက်နေ့အတွင်း သက်တမ်းကုန်ဆုံးရက်စွဲပါသော Häagen-Dazs ရေခဲမုန့်များတွင်  ကင်ဆာဖြစ်စေသော  2-Chloroethanol ပါဝင်နေကြောင်း သတိပေးချက်ထုတ်ပြန်ပြီးနောက် ဥရောပနိုင်ငံအများအပြားသည် Häagen-Dazs ရေခဲမုန့်များကို ပြန်လည်သိမ်းဆည်းခဲ့ကြပါတယ်။ 

၎င်းရေခဲမုန့်များကို ထိုင်းနိုင်ငံသို့ တင်သွင်းခဲ့ခြင်း မရှိကြောင်း Mr Weerachai က ပြောကြားပါတယ်။

 

ဒါပေမယ့် Häagen-Dazs ice cream ကို ထိုင်းနိုင်ငံသို့ တင်သွင်းတဲ့ Jagota Brothers Trading Co က တင်သွင်းထားသမျှ အကုန်လုံး ပြန်သိမ်းယူပြီး ဖျက်ဆီးပစ်ပါတယ်။ 

အမေရိကန်မှာ စားသောက်ကုန်လုပ်ငန်း General Mills မှ ထုတ်လုပ်တဲ့ Häagen-Dazs အမှတ်တံဆိပ် ရေခဲမုန့်များ အမျိုးမျိုး ခုရေ ၂၇,၆၄၅ ပြန်သိမ်းယူခဲ့ပြီး ဖျက်ဆီးခဲ့ပါတယ်။ တန်ဖိုးအားဖြင့် ဘတ် ၁၂ သန်းဖိုး ရှိပါတယ်။ 

Source Bangkokpost

 
Read times Last modified on Wednesday, 12 October 2022 16:01
Rate this item
(0 votes)