Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ယခုနှစ် ထိုင်းဆန် တန်ချိန် ၈ သန်းကျော် တင်ပို့မည်

ယခုနှစ် ထိုင်းဆန် တန်ချိန် ၈ သန်းကျော် တင်ပို့မည်

 

အိန္ဒိယ၏ ဆန်တင်ပို့မှု ကန့်သတ်ချက်များကြောင့်လည်းကောင်း၊ အီရတ်က ထိုင်းဆန်  ဝယ်ယူမှုများ ပြန်လည်စတင်ခြင်းကြောင့်လည်းကောင်း ယခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှုသည် တန်ချိန် ၈ သန်းကျော်နိုင်ဖွယ်ရှိသည်။

 

Sein Gay Har 

 

ထိုင်းဆန်တင်ပို့သူများအသင်း Thai Rice Exporters Association ၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Chookiat Ophaswongse က အကယ်၍ အိန္ဒိယအစိုးရက ဆန်ကွဲတင်ပို့မှု ပိတ်ပင်ခြင်းနှင့် ဆန်အမျိုးအစားအချို့ တင်ပို့မှုအပေါ် အခွန် ၂၀ ရာခိုင်နှုန်း စည်းကြပ်ခြင်းကို ယခုနှစ်ကုန်အထိ ဆက်လက်ထိန်းသိမ်းထားမည်ဆိုပါက ထိုင်းဆန် တင်ပို့မှုအတွက် အကျိုးရှိမည်ဟု ပြောကြားသည်။

 

Mr Chookiat ၏ အဆိုအရ အိန္ဒိယနိုင်ငံ၏ ကန့်သတ်ချက်များသည် ယခုနှစ်တွင် တန်ချိန် ၁၇ သန်းခန့်သာ တင်ပို့နိုင်ဖွယ်ရှိသည်။  ၂၀၂၁-၂၂ ရာသီတွင် တန်ချိန် ၂၁.၂သန်း တင်ပို့ခဲ့သည်ထက် နည်းပါးမည် ဖြစ်သည်။

“ကန့်သတ်ချုပ်ချယ်မှု မတိုင်ခင်က အိန္ဒိယဆန်ဖြူဈေးက တစ်တန်ကို ကန်ဒေါ်လာ ၃၄၀-၃၄၅  ရှိခဲ့ရာမှ တစ်တန်ကို ကန်ဒေါ်လာ ၄၀၀ အထိ ခုန်တက်သွားပြီး အခုအခါမှာတော့  ထိုင်းဆန်ဖြူ FOB ဈေး တစ်တန်ကို ကန်ဒေါ်လာ ၄၂၀-၄၃၀ နဲ့ ဈေးနှုန်း နီးစပ်လာပါတယ်။ ဈေးနှုန်း သိပ်မကွာတော့တာကြောင့် ထိုင်းဆန်ဖြူအတွက် အလားအလာ ကောင်းသွားပါတယ်။ အာဖရိကနိုင်ငံ အများအပြားက ထိုင်းဆန်ကို ပြန်လည်ဝယ်ယူဖို့ တွန်းအားဖြစ်‌ပေါ်စေပါတယ်”ဟု ၎င်းက ပြောကြားသည်။

 

ထိုင်းဆန်ဝယ်ယူမှုကို ဆယ်စုနှစ်တစ်ခုကြာ ဆိုင်းငံ့ထားပြီးနောက် ပြီးခဲ့သည့်နှစ် ဒုတိယနှစ်ဝက်တွင် အီရတ်မှ တင်သွင်းမှုများ ပြန်လည်စတင်ခြင်းကြောင့် ထိုင်းဆန်တင်ပို့မှုမှာ အထောက်အကူဖြစ်ကြောင်း Mr Chookiat က ပြောကြားခဲ့သည်။

ယခုနှစ်တွင် အီရတ်နိုင်ငံသည် ထိုင်းနိုင်ငံအတွက် အရေးကြီးသော ပို့ကုန်ဈေးကွက်ဖြစ်လာပြီး ဆန် တန်ချိန် စုစုပေါင်း ၁.၂~၁.၃ တန် တင်ပို့နိုင်မည်ဟု မျှော်မှန်းထားသည်။ ယခုနှစ်တွင် အီရတ်သည် ထိုင်းဆန် တန်ချိန် ၁ သန်းနီးပါး တင်သွင်းထားပြီးဖြစ်သည်။

"ယခုနှစ် ထိုင်းဆန်တင်ပို့မှု အားကောင်းမှာပါ။ တန်ချိန် ၈ သန်း ကျော်ပါလိမ့်မယ်။ တန်ဖိုးအားဖြင့် ဘတ် ၁၅၀ ဘီလီယံ ရရှိပါမယ်" ဟု ၎င်းက ပြောကြားသည်။

 

ယခုနှစ် ပထမခုနစ်လအတွင်း ထိုင်းဆန် တင်ပို့မှုပမာဏမှာ တန်ချိန် ၄ ဒသမ ၀၈ သန်းရှိခဲ့သည်။ တန်ဖိုးစုစုပေါင်း ဘတ် ၇၁.၁ ဘီလီယံ ဖြစ်ပါသည်။ 

Source Bangkokpost

#MyanmarFoodIndustryGuide
Telegram Channel https://t.me/Guid4U

 

 

Read times Last modified on Tuesday, 27 September 2022 10:59
Rate this item
(1 Vote)