Thiland



ထိုင်း ဟာလာလ်အစားအစာ တင်ပို့မှု တိုးမြှင့်

ထိုင်း ဟာလာလ်အစားအစာ တင်ပို့မှု တိုးမြှင့်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ထိုင်းနိုင်ငံသည် ဗုဒ္ဓဘာသာ အများစုနေထိုင်သော နိုင်ငံဖြစ်သော်လည်း ကမ္ဘာပေါ်တွင် ဟာလာလ်အစားအစာ တင်ပို့မှု အများဆုံးနိုင်ငံများထဲတွင် ပါဝင်ပါသည်။

၂၀၂၁ ခုနှစ်တွင် ထိုင်းနိုင်ငံသည် ကမ္ဘာ့ထိပ်တန်း ဟာလာလ်စားသောက်ကုန် တင်ပို့ရောင်းချသူများတွင် အဆင့် ၁၅ ရှိသည်။

ထိုင်း ဟာလာလ်စားသောက်ကုန်တင်ပို့မှုသည် ၂၀၂၁/၂၂ တွင် တန်ဖိုးပမာဏ အမေရိကန်ဒေါ်လာ ၆ ဘီလီယံနီးပါး ရှိခဲ့ပါသည်။ 

 ၂၀၂၃ တွင် ၃% တိုးမြှင့်တင်ပို့ရန် လျာထားပါသည်။

.

ဆန်၊ သကြား၊ စည်သွတ်ပင်လယ်စာ၊ ပြုပြင်ထားသော သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် ထုတ်ကုန်များ၊ အရက်မဟုတ်သော အဖျော်ယမကာများ၊ အော်ဂဲနစ် အစားအစာများ၊ ကျန်းမာရေး အာဟာရ အစားအစာများသည် ထိုင်းနိုင်ငံမှ ဟာလာလ်အစားအစာ တင်ပို့မှုတွင် ထိပ်ဆုံးမှာ ပါဝင်ပါသည်။

.

ထိုင်းနိုင်ငံ ဟာလာလ်လုပ်ငန်းအတွက် အဓိကစိန်ခေါ်မှုများထဲမှ တစ်ခုမှာ ထုတ်ကုန်များအပေါ် စားသုံးသူများ၏ ယုံကြည်စိတ်ချမှုကို မြှင့်တင်ပေးခြင်းပင်ဖြစ်သည်။

 ယင်းကို ဖြေရှင်းပြေလည်စေရန်အတွက် ထိုင်းနိုင်ငံဗဟိုအစ္စလာမ်မစ်ကောင်စီ Central Islamic Council of Thailand (CICOT) သည် ထိုင်းနိုင်ငံ Halal Standard Institute of Thailand (HSIT) ၏ ပံ့ပိုးမှုဖြင့် နိုင်ငံတကာ ဟာလာလ်စံနှုန်းများနှင့် အသိအမှတ်ပြုလက်မှတ်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။

CICOT သည် ထိုင်းနိုင်ငံ၏ ဟာလာလ်လက်မှတ်ကို နိုင်ငံတကာအသိအမှတ်ပြုလက်မှတ် ဖြစ်စေရန် အစ္စလမ်နိုင်ငံများအတွက် Standards and Metrology Institute for Islamic Countries

Lကဲ့သို့သော ဟာလာလ်လက်မှတ် အသိအမှတ်ပြု‌ေရး အဖွဲ့များနှင့် လက်တွဲဆောင်ရွက်ခဲ့ပါသည်။

ထို့အပြင် Chulalongkorn University ၏ Halal Science Center သည် စစ်ဆေးခြင်းနှင့် အသိအမှတ်ပြုခြင်းလုပ်ငန်းစဉ်များတွင် ဟာရမ် (အစ္စလာမ့်ဥပဒေမှ တားမြစ်ထားသော) ပါဝင်ပစ္စည်းများကို စစ်ဆေးရန် သိပ္ပံအခြေခံနည်းလမ်းများနှင့် အဆင့်မြင့်နည်းပညာများကို အသုံးပြုခြင်းဖြင့် ထိပ်တန်း ဟာလာလ်အရည်အသွေး ဖြစ်ကြောင်း သေချာစေရန် ကူညီပေးခဲ့ပါသည်။

၂၀၂၃ ခုနှစ် ဧပြီလအထိ ထုတ်ကုန်ပေါင်း ၁၆၀,၀၀၀ ကျော်၊ အမှတ်တံဆိပ် ၃၃,၀၀၀ နှင့် ကုမ္ပဏီပေါင်း ၁၄,၀၀၀ တို့သည် ထိုင်းနိုင်ငံတွင် ဟာလာလ်ထောက်ခံချက် လက်မှတ် ရရှိထားကြပြီ ဖြစ်သည်။

 .

"ဟလာလ်" "halal" ဟူသော အသု‌ံးအနှုန်းသည် အစ္စလာမ် အစားအသောက် ဥပဒေများကို လိုက်နာထားသော အစားအစာနှင့် အခြားထုတ်ကုန်များကို ရည်ညွှန်းသည်။

.

ကမ္ဘာ့ဟလာလ်ဈေးကွက်သည် လက်ရှိတွင် အမေရိကန်ဒေါ်လာ ၂ ထရီလီယံကျော် တန်ဖိုးရှိသည်။ ၂၀၂၆ ခုနှစ်တွင် ကန်ဒေါ်လာ ၃ ထရီလီယံ ဖြစ်လာမည်ဟု ခန့်မှန်းထားသည်။

.

ကမ္ဘာ့မွတ်စလင်လူဦးရေသည် ၂၀၃၀ ခုနှစ်တွင် ၂.၃ ဘီလီယံအထိ ရောက်ရှိမည်ဟု ခန့်မှန်းထားပြီး ဟာလာလ်အစားအစာနှင့် ထုတ်ကုန်များအတွက် ကြီးမားသောစျေးကွက်တစ်ခု တည်ရှိနေမည် ဖြစ်ပါသည်။

.

ဟာလာလ်အစားအစာထုတ်လုပ်သူ/တင်ပို့သူအများစုသည် ဘရာဇီး၊ အိန္ဒိယ၊ အမေရိကန်၊ ရုရှားနှင့် တရုတ်နိုင်ငံတို့အပါအဝင် မွတ်စလင်မဟုတ်သောနိုင်ငံများဖြစ်သည်။

.

ထိုင်းနိုင်ငံမှ Tao Kae Noi အမှတ်တံဆိပ် ပင်လယ်ရေမှော် သရေစာသည် နိုင်ငံပေါင်း ၃၇ နိုင်ငံကျော်သို့ တင်ပို့နေပြီး မကြာသေးမီက ဟာလာလ်ထောက်ခံချက်ရရှိပြီးနောက် မွတ်စလင်နိုင်ငံများသို့ တင်ပို့ရန် စျေးကွက်သစ် ရှာဖွေလျက် ရှိသည်။

.

CP Group နှင့် Betagro ကဲ့သို့သော ထိုင်းစားသောက်ကုန် ထုတ်လုပ်ရေး လုပ်ငန်းစုကြီးများသည် ဟာလာလ်အစားအစာထုတ်လုပ်ရေးလုပ်ငန်းစဉ်များနှင့် ပြည်ပစျေးကွက်ရှာဖွေရေးတို့တွင် သိသာထင်ရှားသော ရင်းနှီးမြှုပ်နှံမှုများ ပြုကြသည်။

.

 အစားအသောက်အပြင် ထိုင်းနိုင်ငံ၏ ဟာလာလ်လုပ်ငန်းကဏ္ဍသည် အလှကုန်၊ ဖက်ရှင်၊ ဆေးဝါးနှင့် ခရီးသွားလာရေးအပါအဝင် အခြားထုတ်ကုန်များနှင့် ဝန်ဆောင်မှုများစွာကို လုပ်ကိုင်နေပါသည်။

 .

ဟာလာလ်ခရီးသွားလုပ်ငန်းသည် လျင်မြန်စွာကြီးထွားလာနေသောစျေးကွက်တစ်ခုဖြစ်ပြီး မွတ်စလင်ခရီးသွားများအား ၎င်းတို့၏ဘာသာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာလိုအပ်ချက်များကိုဖြည့်ဆည်းပေးမည့် ခရီးသွားအတွေ့အကြုံများကို ရရှိစေပါသည်။

Source wdtn

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Wednesday, 10 May 2023 21:33
Rate this item
(0 votes)