Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


Asia စတိုင်လ် အသီးနှင့် အရွက်စုံသုပ်

အသီးကြိုက်နှစ်သက်သူများနှင့် ဟင်းသီးဟင်းရွက်ကြိုက်နှစ်သူအတွက် အဆင်ပြေစေမည့်အပြင်

လွယ်လင့်တကူ ပြုလုပ်နိုင်တဲ့ အသီးနှင့် အရွက်စုံသုပ်လေးအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ လိမ္မော်သီး၊ သခွားသီး၊ မုန်လာဥနီ၊ စတော်ဘယ်ရီသီး၊ ပန်းသီးစိမ်း၊ ခရမ်းချဉ်သီး၊ ငရုတ်ပွစိမ်း၊ ငရုတ်ပွအနီ၊ ငရုတ်ပွအ၀ါ၊ သံပရာသီး၊ ပူစီနာရွက်၊ ဆလပ်ရွက်၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ပဲငံပြာရည်၊ ပျားရည်၊ နှမ်းဆီမွှေး၊ ဖရုံစေ့လှော်တို့ လိုအပ်ပါမယ်။

 

ပထမဆုံး အသီးများဖြစ်တဲ့ လိမ္မော်သီး၊ စတော်ဘယ်ရီသီးနှင့် ခရမ်းချဉ်သီး တို့ကို လှီးပြီး ရေခဲသေတ္တာထဲတွင်အအေးခံထားပါ။

 

ပြီးလျှင် ပန်းသီးစိမ်း၊ သခွားသီး၊ မုန်လာဥနီ၊ ငရုတ်ပွဝါ ၊ ငရုတ်ပွစိမ်း ၊ ငရုတ်ပွနီ နှင့် ပူစီနာရွက် တို့ကိုလှီးပြီး ရေခဲရေစိမ်ထားပါ။ ထို့အပြင် ဆလပ်ရွက်ကိုလည်း သန့် စင်ပြီး ရေခဲရေစိမ်ထားပါ။

 

ပြီးနောက် သံပရာရည်၊ လိမ္မော်ရည်၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ပဲငံပြာရည်၊ ပျားရည်၊ နှမ်းဆီမွှေး တို့ကို သမအောင်ရောမွှေပြီး အချဉ်စပ်ထားပါ ။

 

နောက်ဆုံးမှ ရေခဲသေတ္တာတွင် အအေးခံထားသော သစ်သီးများနှင့် ရေခဲရေစိမ်ထားသော ဟင်းသီးဟင်းရွက်စုံ တို့ကိုရေစစ်ပြီး အသင့်စပ်ထားသော အချဉ်နှင့် ရောမွှေ၍ ဆလပ်ရွက်တို့ ခင်းပြီး ဖရုံစေ့လှော် အနည်းငယ်ဖြူးပြီးရင်တော့ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

Read times Last modified on Tuesday, 18 September 2018 13:44
Rate this item
(2 votes)