Thiland



ထိုင်းဆန် တင်ပို့မှုအတွက် ဖြစ်နိုင်ခြေ အချက် ငါးချက် တင်ပြ

ထိုင်းဆန် တင်ပို့မှုအတွက် ဖြစ်နိုင်ခြေ အချက် ငါးချက် တင်ပြ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ထိုင်းဆန်တင်ပို့သူများအသင်း Thai Rice Exporters Association (TREA) သည် ၂၀၂၃ ခုနှစ်တွင် ဆန်တင်ပို့မှု တန်ချိန် ၈.၇ သန်း ရှိခဲ့ပြီး ယခုနှစ်အတွက် တင်ပို့ရန်လျာထားချက်ကို တန်ချိန် ၇.၅ သန်းသို့ လျှော့ချထားသည်။ ၂၀၂၄ ခုနှစ်သည် ဆန်တင်ပို့မှုအတွက် ခက်ခဲသောနှစ်ဟု သတိပေးသည်။

 

TREA ၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Chukiat Opaswong က ယမန်နှစ် ထိုင်းဆန်တင်ပို့မှု အားကောင်းခဲ့ရသည်မှာ အိန္ဒိယနိုင်ငံ၏ ပြည်ပသို့ ဆန်တင်ပို့မှုကို တားမြစ်ပြီးနောက် ထိုင်းဆန်များအတွက်  ဝယ်လိုအား မြင့်မားသွားခြင်းကြောင့် ဖြစ်သည်ဟု TREA ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Chukiat Opaswong က ပြောကြားသည်။

 

ယခုနှစ်တွင် အိန္ဒိယသည် ဆန်တင်ပို့မှု ပြန်လည်စတင်မည်ဖြစ်ပြီး ကမ္ဘာ့ထိပ်တန်းဆန်တင်ပို့သူအဖြစ် ၎င်း၏ ရပ်တည်ချက်ကို ပြန်လည်ရယူမည်ဖြစ်သည်။ အိန္ဒိယဆန် တန်ချိန် ၁၆ ဒသမ ၅ သန်း တင်ပို့မည်ဟု ခန့်မှန်းထားကြောင်း ၎င်းက ပြောကြားသည်။ 

 

"ထိုင်းနှင့် ဗီယက်နမ်တို့က တန်ချိန် ၇ ဒသမ ၅ သန်းဝန်းကျင် တင်ပို့ကြပြီး ကမ္ဘာ့ ဒုတိယအများဆုံး ဆန်တင်ပို့သူ နေရာအတွက် ယှဉ်ပြိုင်ကြရလိမ့်မယ်။ ပါကစ္စတန်က စတုတ္ထနေရာ ရမယ်။ တန်ချိန် ၅ သန်းဝန်းကျင် တင်ပို့လိမ့်မယ်။ အမေရိကန်က ပဉ္စမနေရာ တန်ချိန် ၂.၇ သန်း၊ တရုတ်က ဆဌမနေရာ တန်န်ချိန် ၂. သန်း အသီးသီး တင်ပို့ကြလိမ့်မယ်" ဟု ၎င်းက ပြောကြားသည်။

 

ဇန်နဝါရီလတွင် အင်ဒိုနီးရှားက  ဗီယက်နမ်ဆန် တန်ချိန် ၅ သိန်း မှာယူမှုမှ တန်ချိန် ၄ သိန်းကို အာမခံချက် ပေးထားသဖြင့် ဗီယက်နမ်ဆန် တင်ပို့သူများသည် ယခုနှစ် အစတွင် ပိုမိုကောင်းမွန်သော တာထွက်ကို ရရှိထားကြကြောင်း Chukiat မှ ပြောကြားခဲ့သည်။

ကျန်ရှိသည့် ပမာဏကို ပါကစ္စတန်နှင့် မြန်မာတုိ့ထံမှ ဝယ်ယူမည်။ ထိုင်းနိုင်ငံ မပါချေ။

Chukiat သည် ယခုနှစ်အတွင်း ထိုင်းဆန်တင်ပို့မှုအတွက် ဖြစ်နိုင်ခြေအချက် ငါးချက်ကို တင်ပြပါသည်။

 

၁။ ကန်ဒေါ်လာနှင့် ငွေလဲနှုန်းတွင် ထိုင်းဘတ် အတက်အကျ မတည်ငြိမ်ခြင်းသည် ဗီယက်နမ် ဒေါက်ထက် ပိုသည်။ ငွေဈေး အတက်အကျ ဖြစ်ပေါ်သည့်အလျောက် ဒေါ်လာဖြင့် ခေါ်ဈေးများလည်း အတက်အကျ လိုက်ဖြစ်သဖြင့် ထိုင်းဆန်ဈေး မတည်မငြိမ် ဖြစ်သည်။

 

၂။ စပါးအထွက်နှုန်းကို ကြည်လျှင် ထိုင်းတွင် တရိုင်ကို ၄၅၀ ကီလိုဂရမ် ထွက်သည်။ ဗီယက်နမ်တွင် ၉၇၀ ကီလိုဂရမ် ထွက်သည်။ ၂ ဆကျော် ကွာခြားသည်။ ဗီယက်နမ်တွင် အဝယ်လိုက်သည့် ဆန်အမျိုးအစားများအတွက် စပါးစိုက်ပျိုးမှု ပိုများသည်။ 

 

၃။ လက်ရှိတွင် ထိုင်းဆန်သည် ပြိုင်ဘက်တို့ထက် တတန်လျှင် $30-40 ဈေးပိုမြင့်နေသည်။ 

 

၄။ ဧပြီလ သို့မဟုတ် မေလတွင် အိန္ဒိယ၏ ဆန်တင်ပို့မှု တားမြစ်ချက် ပြီးဆုံးမည်ဟု မျှော်မှန်းသည်။

 

၅။ အယ်နီညိုဖြစ်စဉ်သည် ထိုင်းနိုင်ငံတွင် မိုးခေါင်ရေရှားမှု ဖြစ်ပွားစေသဖြင့် စုစုပေါင်း ဆန်ထွက်ရှိမှု လျော့နည်းသွားနိုင်သည်။

 

Source thenationthailand 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Thursday, 08 February 2024 18:28
Rate this item
(0 votes)