Thiland



ထိုင်းဒူရင်းအမြန်လိုင်း အချက်အချာ နန်ရှဆိပ်ကမ်းဧရိယာ

ထိုင်းဒူရင်းအမြန်လိုင်း အချက်အချာ နန်ရှဆိပ်ကမ်းဧရိယာ 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

ထိုင်းနိုင်ငံမှ တင်ပို့သည့် လတ်ဆတ်ဒူးရင်းသီး တန် ၃,၀၀၀  နန်ရှာဆိပ်ကမ်းသို့ ပင်လယ်ရေကြောင်း ကုန်စည်ပို့ဆောင်မှုဖြင့် ဆိုက်ရောက်ခဲ့သည်။

.

ဧပြီလ ၂၂ ရက်နေ့တွင် COSCO SHIPPING ၏ "Xinyangpu" သင်္ဘောသည် Nansha Phase II Terminal တွင် လတ်ဆတ်သော ဒူးရင်းနှင့် သရက်သီး အပါအဝင် ထိုင်းနိုင်ငံမှ တင်ပို့သည့်

သစ်သီးဝလံ တန်ချိန် ၃၀၀၀ ကျော် ပါဝင်သည့် ကုန်သေတ္တာ ၁၄၂ ခု တင်ဆောင်ပြီး ဆိပ်ခံသို့ ဆိုက်ကပ်ခဲ့ပါသည်။

.

၎င်းသည် ယခုနှစ်အတွင်း ကွမ်ကျိုးဆိပ်ကမ်းရှိ နန်ရှ ဆိပ်ကမ်းတွင်  ဒူးရင်းအမြန်လိုင်း၏ ပထမဆုံးအသုတ် ဆိုက်ရောက်လာခြင်း ဖြစ်ပါသည်။

ယခုနှစ်အတွက်  ဒူးရင်းရာသီ စတင်လိုက်ခြင်း ဖြစ်ပါသည်။

 

xih1652179442.jpg

.

 ဒူးရင်း အမြန်လိုင်း အစီအစဉ်အရ ထိုင်းနိုင်ငံ လန်ချာဘန် ဆိပ်ကမ်းတွင် ဒူရင်းသီးများကို သင်္ဘောတင်ပြီး ၄ ရက်အကြာတွင် နန်ရှ ဆိပ်ကမ်းသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

 .

အရှေ့တောင်အာရှမှ တင်သွင်းသော သစ်သီးဈေးကွက် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာ‌နေပါသည်။

ကွမ်ကျိုသည် တရုတ်နိုင်ငံတောင်ပိုင်းတွင်သာမက တစ်နိုင်ငံလုံးတွင် အကြီးဆုံး သစ်သီးဖြန့်ဖြူးရေးစင်တာဖြစ်သည်။

ထိုနှစ်ချက်ကို ကွမ်ကျိုဆိပ်ကမ်းက အသုံးချရန် အမြန်လိုင်းကို စီစဉ်ခဲ့ပါသည်။ 

 

Nansha International Logistics Center က အရှေ့တောင်အာရှအတွက် အအေးဓာတ်ပေး သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများကို ဖော်ဆောင်ခဲ့ပါသည်။

သစ်သီးတင်သွင်းသည့် လုပ်ငန်းကဏ္ဍကို အပြင်းအထန် တိုးချဲ့လုပ်ဆောင်သည်။

သင်္ဘောလိုင်းများ၊ အရှေ့တောင်အာရှမှ သစ်သီးပို့ကုန်လုပ်ငန်းများ၊ တရုတ်မှ သစ်သီးသွင်းကုန်လုပ်ငန်းများကို အတူတကွ ချိတ်ဆက်ပေးရန် ညီလာခံတစ်ခုကိုလည်း ကျင်းပခဲ့ပါသည်။ 

 

623d1b69a310fd2bec7e32b9.jpeg

  

လက်ရှိတွင် COSCO Shipping၊ LSLines၊ Wanhai Shipping၊ ZIM Shipping နှင့် အခြားသော သင်္ဘောကုမ္ပဏီများသည် ထိုင်းသွင်းကုန် အမြန်လမ်းကြောင်းများ ဖွင့်လှစ်ပေးထားသည်။

Laem Chabang ဆိပ်ကမ်းမှ Nansha ဆိပ်ကမ်းသို့ ကုန်ပစ္စည်းများ အမြန်ဆုံး ပို့ဆောင်ရန် ၄ ရက်သာ ကြာပါသည်။

.

နန်ရှဆိပ်ကမ်းဧရိယာတွင် ထိုင်းသွင်းကုန် အမြန်လိုင်း ၁၈ လိုင်း ဆိုက်ကပ်ပါသည်။

Source: fruitpeople

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times
Rate this item
(0 votes)