Thiland



ထိုင်းဆန် တန်ချိန် ၂ သန်း အင်ဒိုနီးရှား ဝယ်ယူမည်

ထိုင်းဆန် တန်ချိန် ၂ သန်း အင်ဒိုနီးရှား ဝယ်ယူမည်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ပုဂ္ဂလိက ကဏ္ဍမှ ထိုင်းဆန် တန်ချိန် ၁ သန်း၊ အစိုးရချင်း  G-to-G သဘောတူညီချက်ဖြင့် တန်ချိန် ၁ သန်း ဝယ်ယူမည်ဟု ထိုင်းအစိုးရ ပြောရေးဆိုရေးတာဝန်ခံ Chai Wacharonke က ပြောကြားသည်။

အင်ဒိုနီးရှားသည် လာမည့်နှစ်တွင် ထိုင်းဆန် တန်ချိန် ၂ သန်း ဝယ်ယူရန် ကြိုးပမ်းနေကြောင်း ထိုင်းအစိုးရက အင်္ဂါနေ့(ဒီဇင်ဘာ ၁၉)တွင် ပြောကြားသည်။

မိုးခေါင်ရေရှားပြီးနောက် ၂၀၂၃ ခုနှစ် စပါး အထွက် လျော့ကျသည့်အတွက် ပြည်ပမှ ဝယ်ယူဖြည့်တင်းမည့် အင်ဒိုနီးရှား အစိုးရ စီစဉ်ထားသော သွင်းကုန်ခွဲတမ်းအရ ထိုင်းဆန် ဝယ်ယူမည် ဖြစ်သည်။ 

 

အင်ဒိုနီးရှားသည် ယခုနှစ်တွင် ကမ္ဘာ့ထိပ်တန်း ဆန်တင်သွင်းသူအဖြစ်သို့ ရောက်ရှိလာခဲ့သည်။

မိုးခေါင်မှုကြောင့် ၂၀၂၄ ခုနှစ်အတွက် စပါးစိုက်ပျိုးချိန် နှောင့်နှေးခဲ့ပါသည်။

အစိုးရက လာမည့်နှစ်တွင် ဆန်တင်သွင်းမှုခွဲတမ်းမှာ တန်ချိန် ၂ သန်းသတ်မှတ်မည်ဟု အစိုးရ၏ ဝယ်ယူရေးအေဂျင်စီ Bulog မှ ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ် ဆန်တင်သွင်းမှု ခွဲတမ်း တန်ချိန် ၃.၈ သန်းထက် လျော့နည်းပါသည်။

 

အင်ဒိုနီးရှားအစိုးရက ဆန်တန်ချိန် ၂ သန်းဝယ်ယူရန် ရည်ရွယ်ချက်ကို ဖော်ပြသည့် အင်ဒိုနီးရှားထံမှ စာတစ်စောင်ကို တနင်္လာနေ့တွင် လက်ခံရရှိခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ် ဆာရက်သာ သာဝီဆင်က ပြောကြားခဲ့သည်။

အင်ဒိုနီးရှားသည် ယခုနှစ်ကုန်တွင် တန်ချိန် ၁ သန်းကို လိုချင်ခဲ့သော်လည်း မဖြစ်နိုင်ကြောင်း ထိုင်းအစိုးရ ပြောရေးဆိုရေးတာဝန်ခံ Chai Wacharonke က ပြောကြားသည်။

 

“သူတို့က ဆန်ကို ချက်ချင်းလိုချင်တယ်။ ကျွန်တော်တို့ဘက်က ရောင်းဖို့ အဆင်သင့်ဖြစ်ရင် သူတို့ဘက်က ဝယ်ဖို့ အဆင်သင့်ပဲ” ဟု ၎င်းက ဆိုသည်။

 

အင်ဒိုနီးရှား၏ ဆန်အထွက်နှုန်းမှာ ယခင်နှစ်က တန်ချိန် ၃၁ ဒသမ ၅၃ သန်းမှ ယခုနှစ်တွင် တန်ချိန် ၃၀ ဒသမ ၉ သန်းသို့ ကျဆင်းသွားခဲ့သည်။

 

အိန္ဒိယနှင့် ဗီယက်နမ်တို့ပြီးလျှင် ကမ္ဘာ့တတိယအများဆုံး ဆန်တင်ပို့သည့် ထိုင်းနိုင်ငံသည် ယခုနှစ်တွင် ဆန်တန်ချိန် အနည်းဆုံး ၈ သန်းတင်ပို့ရန် ရည်မှန်းထားသည်။

ဇန်နဝါရီလမှ အောက်တိုဘာလအထိ ထိုင်းနိုင်ငံသည် ဆန်တန်ချိန် ၆ ဒသမ ၉ သန်း တင်ပို့ခဲ့သည်။

Source bangkokpost 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Wednesday, 20 December 2023 13:20
Rate this item
(0 votes)