Thiland



၂၀၂၄ ခုနှစ် ထိုင်းဆန် ပြည်ပတင်ပို့မှု လျော့ကျမည်

၂၀၂၄ ခုနှစ် ထိုင်းဆန် ပြည်ပတင်ပို့မှု လျော့ကျမည်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှုသည် ယခုနှစ် ၂၀၂၄ ခုနှစ်တွင် ၁၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားဖွယ် ရှိသည်။

 

ထိုင်းဆန်တင်ပို့သူများအသင်း၏ ဂုဏ်ထူးဆောင်  ဥက္ကဋ္ဌ Chookiat Ophaswongse က ယမန်နှစ်တွင် ထိုင်းဆန် ထိပ်တန်းဝယ်လက်ဖြစ်သည့် အင်ဒိုနီးရှားထံမှ လျော့နည်းသွားဖွယ်ရှိသည်ဟု ပြောကြားသည်။

 

ထိုင်းဘတ်ငွေ ငွေလဲနှုန်း အတက်အကျကြောင့် ဗီယက်နမ်နှင့် ယှဉ်ပြိုင်နိုင်စွမ်းကို ထိခိုက်နိုင်သည်ဟု ၎င်းက ပြောကြားသည်။

 

ပြီးခဲ့သည့်နှစ် ၂၀၂၃ ခုနှစ်က ထိုင်းဆန်တင်ပို့မှုသည် ငါးနှစ်အတွင်း အများဆုံး ဖြစ်ခဲ့ပြီး တန်ချိန် ၈ ဒသမ ၈ သန်းခန့် ပြည်ပသို့ တင်ပို့ခဲ့သည်။

 

မကြာသေးမီက ဆန်တင်သွင်းမှုကို တိုးမြှင့်ခဲ့သော အင်ဒိုနီးရှားသည် လာမည့်လ သမ္မတ ရွေးကောက်ပွဲအပြီးတွင် ၎င်း၏ ဆန်ဝယ်ယူမှုများ အေးသွားဖွယ် ရှိသည်ဟု Mr Chookiat က ပြောကြားသည်။

 

“ဘတ်ငွေက အရမ်းမတည်ငြိမ်တဲ့အတွက် ကျွန်တော်တို့ရဲ့ ဈေးနှုန်းတွေက ပြိုင်ဆိုင်နိုင်စွမ်း လျော့ကျစေပါတယ်" ဟု ၎င်းက ပြောကြားသည်။

ဗီယက်နမ် စပါးအသစ်ပေါ်သည့်အခါ အထွက်နှုန်း ကောင်းနိုင်သည်ဟု ၎င်းက သုံးသပ်သည်။ 

 

ဆန်တင်ပို့မှု ထိပ်တန်းနိုင်ငံ အိန္ဒိယမှ တင်ပို့မှုကို ကန့်သတ်ပြီး ခြောက်သွေ့သော ရာသီဥတုကြောင့် စပါးထုတ်လုပ်မှု ထိခိုက်လာပြီးနောက် ၅% ဆန်ကွဲပါ ထိုင်းဆန်ဖြူ  ဈေးနှုန်းသည် အာရှစံနှုန်းကို ချိုးဖျက်ပြီး ၁၅ နှစ်တာအတွင်း  အမြင့်ဆုံး‌ေဈးနှုန်းသို့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာတွင် မြင့်တက်လာခဲ့သည်။

 

အယ်လ်နီညို သက်ရောက်မှုကြောင့် စပါး အထွကါနည်းသဖြင့် ဆန် ရရှိနိုင်မှု ပိုမိုတင်းကျပ်လာမည်ကို စိုးရိမ်မှုများကြားတွင် အချို့သောနိုင်ငံများက အရန်ဆန်  သိုလှောင်ရန် ဆန်ဝယ်ယူမှုများ အရှိန်မြှင့်ခဲ့ကြသည်။

 

 ဗီယက်နမ်နိုင်ငံ၏ နွေစပါးသီးနှံသည် ဖေဖော်ဝါရီလနှင့် မတ်လတွင် ရိတ်သိမ်းမည်ဖြစ်သဖြင့် ဆန်သစ်များ ပြည်တွင်း ဈေးကွက်ထဲ ရောက်လာသည့်အခါ  ဗီယက်နမ်နိုင်ငံ၌ ဆန်ဈေးနှုန်းကျဆင်းကာ ဖိလစ်ပိုင်ကဲ့သို့သော ဝယ်သူများကို ပြန်လည်ဆွဲဆောင်နိုင်မည်ဟု Mr Chookiat က ပြောကြားသည်။

 

"အိန္ဒိယက ယခုနှစ် ပထမနှစ်ဝက်မှာ ဆန်တင်ပို့မှု အချို့ကို ပိတ်ပင်ထားနိုင်ဖွယ် ရှိပါတယ်။ တကယ်လို့  ဒုတိယနှစ်ဝက်မှာ ဆန်တင်ပို့မှု ပြန်ခွင့်ပြုပေးလိုက်မယ်ဆိုရင် ကမ္ဘာ့ဆန်ဈေးက ချက်ချင်းကျသွားမှာပါ" ဟု Chookiat က ပြောကြားပါသည်။

 

Source bangkokpost 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Friday, 05 January 2024 21:38
Rate this item
(0 votes)