Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


အာရှဆန် ကြီး ၃ ကြီး တစ်ပတ်တာ ဈေးနှုန်း အခြေအနေများ

အာရှဆန် ကြီး ၃ ကြီး တစ်ပတ်တာ ဈေးနှုန်း အခြေအနေများ

 

TO GET INSTANT UPDATE 
Join Telegram Channel  

https://t.me/Guid4U

 

 

ထိုင်းဘတ်ငွေ အားနည်းပြီး ဝယ်လိုအား ပျော့ခြင်းကြောင့် ထိုင်းဆန်တင်ပို့မှု စျေးနှုန်းသည် ယခုသီတင်းပတ်တွင် နှစ်လကျော် အနိမ့်ဆုံးသို့ ကျဆင်းသွားခဲ့ပြီး ဗီယက်နမ်ဆန် နှုန်းထားများမှာ ဆန် လိုသလောက်မရနိုင်ဟု ပူပန်မှုများကြောင့် ဈေးနှုန်း မြင့်တက်နေသည်။ လအတန်ကြာအတွင်း အမြင့်ဆုံးဈေး ရောက်ရှိပြီး  ငြိမ်နေသည်။ 

 

 ၅% ဆန်ကွဲပါ ထိုင်းဆန် <RI-THBKN5-P1> ‌တစ်တန် ခေါ်ဈေးမှာ ပြီးခဲ့သည့် သီတင်းပတ်တွင် $415 ~ $425 ရှိခဲ့ပြီး ယခု သီတင်းပတ်တွင် $410 ~  $420 သို့ ကျဆင်းသည်။ ပြည်တွင်းဝယ်လိုအားနှင့် ပြည်ပ ဝယ်လိုအား ၂ မျိုးစလုံး အေးနေသည့်အတွက် ဈေးကျလာသည်။ ထိုင်းဘတ်ငွေ အမေရိကန်ဒေါ်လာနှင့် လဲနှုန်းတွင် အားပျော့နေခြင်းကလည်း ပြည်ပပို့ဆန် ခေါ်ဈေးနှုန်း လျော့ကျစေသည်။ 

 

ဗီယက်နမ်ဆန် 5% ဆန်ကွဲပါ <RI-VNBKN5-P1> သည် တစ်တန်လျှင် $425 ~$430 ဖြင့် မပြောင်းလဲဘဲ ငြိမ်နေသည်။ ၂၀၂၁ နိုဝင်ဘာလနောက်ပိုင်း အမြင့်ဆုံးဈေးနှုန်းဖြစ်သည်။ 

"ပြည်တွင်း ဆန်ရရှိနိုင်မှု နည်းပါးနေပြီး စျေးနှုန်းများ လာမယ့် ရက်သတ္တပတ်များအတွင်း အနည်းငယ် မြင့်တက်လာနိုင်တယ်" ဟု မဲခေါင်မြစ်ဝကျွန်းပေါ်မှ ကုန်သည် An Giang က ပြောကြားသည်။

မိုးရွာသွန်းခြင်းကြောင့် စပါး အနည်းအကျဉ်းသာ ရိတ်သိမ်းနိုင်သည်။ ဆောင်းဦး-ဆောင်းရာသီ ရိတ်သိမ်းမှုသည် ယခုလ ကုန်ပြီးမှ စတင်နိုင်လိမ့်မည်။ ဆန်သစ် ပေါ်ဖို့ ကြာဦးမည်။

ဖိလစ်ပိုင်၊ အာဖရိကနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ထံ ဆန်တင်ပို့လျက် ရှိသည်။ 

 

အိန္ဒိယဆန်တွင် အများဆုံးတင်ပို့သည့် အမျိုးအစား ၅% ဆန်ကွဲပါ <RI-INBKN5-P1> ပေါင်းဆန် တစ်တန် ခေါ်ဈေး  $374 ~ $382 ရှိပြီး ယခင်သီတင်းပတ်ကအတိုင်း မပြောင်းလဲချေ။ 

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရိတ်သိမ်းထုတ်လုပ်မှုအပေါ်  စိုးရိမ်မှုများ ရှိနေသည်။

 

Source Reuters

Read times
Rate this item
(0 votes)