Thiland



ထိုင်းအသီးအမျိုးမျိုး ၂၀၂၃ တွင် တန်ချိန် ၄.၄၄ သန်း တင်ပို့နိုင်ရန် ရည်မှန်း

ထိုင်းအသီးအမျိုးမျိုး ၂၀၂၃ တွင် တန်ချိန် ၄.၄၄ သန်း တင်ပို့နိုင်ရန် ရည်မှန်း

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ထိုင်းနိုင်ငံသည် ယခုနှစ်အတွင်း လတ်ဆတ်နှင့် ပြုပြင်ထားသော သစ်သီးဝလံတင်ပို့မှုတွင် တန်ချိန် ၄ ဒသမ ၄၄ သန်းအထိ တိုးမြင့်လာရန် ရည်မှန်းထားသည်။ ယမန်နှစ်ထက် ၁၀% ပိုများသည်။ 

.

စီးပွားကူးသန်းနှင့် စိုက်ပျိုးရေး ဝန်ကြီးဌာနများသည် ပြင်းပြင်းထန်ထန် စီမံချက်များဖြင့် သစ်သီးဝလံတင်ပို့မှုကို မြှင့်တင်သွားမည်ဟု အစိုးရပြောရေးဆိုခွင့်ရှိသူ Anucha Burapachaisri က ပြောကြားခဲ့သည်။

.

စီမံချက်များတွင် ထုတ်လုပ်မှု၊ ပြည်တွင်းမြှင့်တင်ရေး၊ ပြည်ပဈေးကွက်ချဲ့ထွင်ရေး၊ အခွန်အကောက်များနှင့် အတားအဆီးများကို လျှော့ချရန်အတွက် ကုန်သွယ်မှုဆိုင်ရာ ဆွေးနွေးမှုများ ပါဝင်မည်ဖြစ်သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် ယခုနှစ် ဒူးရင်းတင်ပို့မှု တစ်မျိုးတည်းအတွက် ပို့ကုန်ဝင်ငွေ ဘတ်ငွေ ၁၀၀ ဘီလီယံ ရရှိရန် လျာထားချက် ချမှတ်ထားသည်။

.

ဒူရင်းသီးများကို အချိန်မတန်မီ ခူးဆွတ်ကြခြင်းကို လျှော့ချခြင်းဖြင့် ဈေးကွက်ထဲ အလျှံပယ် ဖြစ်နေခြင်းကို ကာကွယ်ပေးရာရောက်ပြီး ဈေးထိန်းပေးထားနိုင်မည် ဖြစ်သဖြင့်  ဘတ်၁၀၀ ဘီလီယံ ရည်မှန်းချက်ကို ပြည့်မီစေမည် ဖြစ်သည်။

.

 ဒူးရင်းဈေး အမြင့်ဆုံးသို့ ရောက်ရှိချိန်တွင် ဒူရင်းသီးများ ဈေးကွက်သို့ အချိန်ကိုက် တင်ပို့နိုင်ရန် ရည်ရွယ်ထားသည့် ဝန်ကြီးဌာန၏ ဒူးရင်းဆွတ်ခူးရန် အချိန်ဇယားကို တောင်သူများ လိုက်နာကြရန် ညွှန်ကြားထားသည်။

 .

ထိုင်းဒူရင်းသီးများကို ယခုအခါ ထိုင်း-လာအို-တရုတ် ရထားလမ်းဖြင့် တင်ပို့နိုင်ပြီ ဖြစ်သည်။ ရယောင်းပြည်နယ် မာ့တပွတ်မှ ကွမ်ကျိုးသို့ ၅-၆ ရက်ဖြင့် ရောက်သည်။ ပို့ဆောင်ခ ဈေးသက်သာသည်။ ပိုမြန်သည်။ အပျက်အစီးနည်းသည်။

Source nationthailand 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Tuesday, 18 April 2023 14:24
Rate this item
(0 votes)