Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းစတိုင် ပုစွန်သံပရာပေါင်း

ထိုင်းအစားအစာထဲတွင် နာမည်ကြီးလူကြိုက်များတဲ့ ချဉ်ငန်စပ် ပုစွန်သံပရာပေါင်းလေး ဖြစ်ပြီး ပြုလုပ်ရတာလည်း လွယ်ကူပြီး ခံတွင်မြိန်စေမယ့် ပုစွန်သံပရာပေါင်းနည်းလေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ ပုစွန်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ယိုးဒယားငံပြာရည်၊ သံပရာရည်၊ ဟင်းခတ်မှုန့်၊ သကြား၊ နံနံပင်၊ သံပရာသီးတို့လိုအပ်ပါမယ်။

 

ပထမဦးစွာ ပေါင်းအိုးထဲ ရေထည့်ပြီး အသင့်တည်ထားပါ။ ပြီးလျှင် ပုစွန်အကောင်ကြီးတွေကို အမြီးချန်ပြီး အခွံနွှာ၊ ကျောခွဲ၍ ပြန့်အောင်ဖြန့်ပြီး ရေဆေးသန့်စင်ထားပါ။

 

ပြီးလျှင် ကြက်သွန်ဖြူအချို့ ကို နုပ်နုပ်စဉ်းပြီး အချို့ ကို ပါးပါးလှီး ထားပါ။

 

ပြီးနောက် ငရုတ်သီးစိမ်းနှင့် နံနံပင်အရိုးကို နုပ်နုပ်လှီးထားပါ။ ပန်းကန်လုံးတစ်လုံးမှာ ကြက်သွန်ဖြူ၊ ငရုတ်သီး၊ နံနံပင်အရိုး နုပ်နုပ်စဉ်းထားတာကို ထည့်ပါ။ ပြီးလျှင် ငံပြာရည်၊ သံပရာရည်၊ ဟင်းခတ်မှုန့်နှင့် သကြားတို့ကို ထည့်၍ မွှေပါ။ အရသာလိုအပ်ပါက ထပ်ဖြည့်နိုင်ပါတယ်။

 

ချဉ်ငန်စပ်အရသာရပါက ဆော့စ်တစ်ဝက်ကို ချန်ထားပြီးနောက် ကျန်တဲ့ ပုစွန်ကို ဆော့စ်ထဲ ထည့်ပြီး မွှေပေးပါ။

 

ပြီးလျှင် ပွဲပြင်မည့် ပန်းကန်မှာ ပုစွန်များကို ဖြန့်၍ စီထည့်ပြီး အပေါ်မှ ကျန်ဆော့စ်များကို ဆမ်းပေးပါ။

 

ပြီးနောက် အသင့်တည်ထားသော ရေဆူပေါင်းအိုးမှာ ဆန်ခါခံ၍ ၅ မိနစ်ခန့် ပေါင်းပြီး ထုတ်ယူပါ။

 

Read More >>>>>  ထိုင်းစတိုင် ပြောင်းဖူးထမင်းကြော်

 

နောက်ဆုံး ထွက်လာသော ပုစွန်မှ  အရည်တချို့ တစ်ဝက်ကို ဖယ်ထုတ်၍ ကျန်တဲ့ ဆော့စ်ကို ဆမ်းပေးပြီး သံပရာသီး၊ နံနံပင်တို့ဖြင့် ပန်းကန်ထဲတွင် အလှဆင်ပြီး မြိန်ယှက်စွာသုံးဆောင်နိုင်ပါတယ်။

 

Read times Last modified on Tuesday, 16 October 2018 11:46
Rate this item
(2 votes)