Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းစတိုင်လ် ငါး ချိုချဉ်ကြော်

ငါးချိုချဉ်ကြော်ဟာ နာမည်ကြီး ဟိုတယ်များနှင့် စားသောက်ဆိုင်များတွင် ရနိုင်သော

လူကြိုက်များတဲ့ ဟင်းတစ်မျိုးဖြစ်ပါတယ်။

 

ချိုချဉ်ကြော်ကို ငါးနှင့်ဟင်းသီးဟင်းရွက်များနှင့်တွဲဖက်၍ ကြော်ရသောကြောင့် ကျန်းမာရေးကောင်းမွန်ပြီး ဗီတာမင်အများဆုံးပါဝင်သော ဟင်းတစ်မျိုးဖြစ်ပါတယ်။

 

ငါးချိုချဉ်ကြော်တွင် အသုံးပြုသော ငါးများမှာ အရသာလေးရန် အရသာထူးရန် ဆူဖြိုးရန် ပဓာနမဟုတ်၊ သူ့ချည်းစားလျှင် ခပ်ပေါ့ပေါ့နေသော်လည်း ချိုချဉ်ကြော်တွင် ဟင်းသီးဟင်းရွက်အချိုအချဉ်နှင့် တွဲဖက်လိုက်သဖြင့် စားကောင်းသွားပါတယ်။

အသားများပြီး အရိုးနည်းလျှင် ချိုချဉ်ကြော်အတွက် ပို၍ ကောင်းပါတယ်။

 

လိုအပ်သောအမယ်များကတော့ ဆီ၊ ပန်းဂေါ်ဖီ၊ မုန်လာဥနီ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီး၊ ကော်မှုန့်အနည်းငယ်၊ သကြားအနည်းငယ်၊ ငံပြာရည်အနည်းငယ်၊ ပဲငံပြာရည်အကြည် အနည်းငယ်၊ ရှာလကာရည်အနည်းငယ်၊ ဟင်းခပ်မှုန့်အနည်းငယ်၊ ဆား အနည်းငယ်နှင့် နနွင်းမှုန့်အနည်းငယ်တို့ လိုအပ်ပါတယ်။

 

ဝယ်လာသည့်ငါးကို သန့်စင်အောင်ရေဆေး ငါးအကောင်ပေါ်မူတည်၍ အတုံးလေးများတုံးပေးပါ။ ပြီးလျှင် ဆားအနည်းငယ်၊ နနွင်းမှုန့်အနည်းငယ်၊ ဟင်းခပ်မှုန့်အနည်းငယ်၊ ငံပြာရည် အနည်းငယ်နှင့် သမအောင်နယ်ပေးပါ။

 

ပြီးနောက် အိုးတွင် ဆီထည့်ပြီးမီးဖိုပေါ်တင်ထားပါ။ ဆီကျက်လျှင် ငါးအတုံးများကိုထည့်၍ ကျက်လာလျှင် ဆယ်ယူပြီး သပ်သပ်ဖယ်ထားပါ။

 

ကြက်သွန်နီ၊ ကြက်သွန်ဖြူများကို အခွံနွှာပြီး လှီးထားပါ။ ဂေါ်ဖီပန်း၊ မုန်လာဥနီများကို လှီးထားပါ။ ထို့နောက် ဆီကျက်ပြီးသာ ဒယ်အိုးတွင် ပထမကြက်သွန်နီနှင့် ကြက်သွန်ဖြူကို ဆီသပ်ထားပါ။

 

ပြီးမှ ဂေါ်ဖီပန်း၊ မုန်လာဥနီ ပါးပါးလှီးထားတာကို ထည့်လိုက်ပါ။ ဟင်းသီးဟင်းရွက်များ အနည်းငယ် နွမ်းသယောင်ဖြစ်လာချိန်တွင် ခရမ်းချဉ်သီးကို အကွင်းလိုက် လှီးထည့်လိုက်ပါ။

 

အဖုံးခဏအုပ်ထားပြီး သကြား၊ ကော်မှုန့်၊ ရှာလကာရည်များကို ရေဖြင့်ဖျော်ပါ။ ပြီးလျှင် အိုးအဖုံးဖွင့်၍ ထည့်လိုက်ပါ။ ရေဆူသည်အထိ ခေတ္တစောင့်ပြီး ရေဆူလျှင် ဆားနှင့် ငံပြာရည်ထည့်ပြီး အပေါ့အငန်မြည်းပါ။ ပြီးနောက် ကြက်သွန်မိတ်ကို ထည့်လိုက်ပါ။ ၎င်းနောက် ငါးချိုချဉ်တည်ထားသောအိုးကို မီးဖိုပေါ်မှ ချပြီးလျှင် အသင့်စားသုံးနိုင်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 10:55
Rate this item
(0 votes)