Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ပန်းသီးထောင်း

သင်္ဘောသီးထောင်းစားရတာ ရိုးအီသွားသူများအတွက် ပန်းသီးထောင်းနည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

လိုအပ်သည့်အမယ်များကတော့ ပန်းသီး၊ သံပရာသီး၊ ခရမ်းချဉ်သီး၊ ပဲတောင့်ရှည်၊ မုန်လာဥနီ၊ ကြက်သွန်ဖြူ၊ ပုစွန်ခြောက်၊ မကျည်းရည်၊ ငရုတ်သီး၊ ငံပြာရည်၊ ငါးပိ၊ ဟင်းခတ်မှုန့်၊ ထန်းလျက်ရည် တို့ လိုအပ်ပါမယ်။

 

ပထမဆုံး ငရုတ်ဆုံ သန့်သန့်ထဲသို့  ငရုတ်သီး အနည်းငယ် ထည့်ပြီး ထောင်းထားပါ။

 

ငရုတ်သီးကို လေးစိတ်ကွဲရုံ အနည်းငယ် ထောင်းပြီးသည်နှင့် ကြက်သွန်ဖြူ ထည့်လိုက်ပါ။ ပြီးလျှင် ပဲသီး ထည့်ပါ ။

 

ပန်းသီးကို အခွံနွှာပြီး အပိုင်းကလေးများဖြစ်အောင်လုပ်ပြီး ထည့်ပါ။ ခရမ်းချဉ်သီး လှီးထည့်ပါ။ မုန်လာဥနီ ခြစ်ပြီးသား ထည့်ပါ။

 

ပြီးလျှင် ထန်းလျက်ရည် အနည်းငယ် ထည့်ပါ။ အချိုမကြိုက်သူများ မထည့်လည်း ရပါတယ်။

 

အသီးအရွက်များကို ကြေညက်အောင် မထောင်းရပါ။ အရသာကိုလည်း မိမိ စိတ်ကြိုက် ပြင်ဆင် သုံးဆောင်နိုင်ပါတယ်။

 

ပြီးရင်တော့ မန်ကျည်းရည် ထည့်လိုက်ပါ။ ပြီးနောက် ငံပြာရည်၊ ဟင်းခတ်မှုန့်၊ ငါးပိ၊ ပုစွန်ခြောက် အနည်းငယ် တို့ကို အချိုးကျ ပေါင်းစပ်ပြီး သံပရာသီး လှီးထည့်ကာ အနည်းငယ် ထောင်းလိုက်ပါက ပန်းသီးထောင်း အရသာရှိစွာ သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Tuesday, 18 September 2018 17:57
Rate this item
(1 Vote)