Thiland



ထိုင်းဆန် တန်ချိန် ၈ သန်းအထိ တင်ပို့နိုင်မည်

ထိုင်းဆန် တန်ချိန် ၈ သန်းအထိ တင်ပို့နိုင်မည်

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL

ယခုနှစ်တွင် ထိုင်းဆန် တန်ချိန် ၈ သန်း တင်ပို့နိုင်မည်ဟု ခန့်မှန်းထားသည်။

ယခုနှစ်တွင် ဩဂုတ်လ ၂၉ ရက်အထိ ထိုင်းဆန်တန်ချိန် ၅.၂၉ သန်း တင်ပို့ခဲ့သည်။

နိုင်ငံခြားကုန်သွယ်မှုဌာန အကြီးအကဲ ညွှန်ကြားရေးမှူးချုပ် Ronnarong Phoolpipat က ပြောကြားသည်။

• အယ်လ်နီညို ရာသီဥတုကြောင့် ဖြစ်ပေါ်လာသော မိုးခေါင်ရေရှားမှုဆိုင်ရာ စိုးရိမ်မှုများကြောင့် ဆန်ကို ဝယ်ယူတင်သွင်းနေကြခြင်း၊

• အိန္ဒိယ၏ ဘာစမာတီမဟုတ်သော ဆန်ဖြူတင်ပို့မှု တားမြစ်ခြင်း၊ ဘာစမာတီဆန် ဈေးနှုန်း အနည်းဆုံး ကန်ဒေါ်လာ ၁,၂၀၀ သတ်မှတ်ထားခြင်း၊ ဆန်ကွဲတင်ပို့မှု ပိတ်ပင်ထားခြင်း၊ ပေါင်းဆန် တင်ပို့မှုအပေါ် ပို့ကုန်ခွန် ၂၀% ကောက်ခံခြင်းတို့ကြောင့် ကမ္ဘာ့ဆန်ဈေးကွက်ထဲသို့ အိန္ဒိယဆန် အဝင်နည်းနေခြင်း

• တရုတ်တွင် ရာသီဥတုကြောင့် စပါးအထွက်နည်းခြင်း

• ပြည်တွင်း ဆန်ရိက္ခာဖူလုံမှုသေချာစေရန် နိုင်ငံများက ဆန်တင်သွင်းရန် စိတ်အားထက်သန်နေခြင်း

• ဘတ်ငွေ အားပျော့နေခြင်း

တို့ကြောင့် ထိုင်းဆန် တင်ပို့မှု တိုးလာခြင်းဖြစ်သည်ဟု ၎င်းက သုံးသပ်သည်။

 

“ဆန်တင်ပို့မှု စန်းထအောင် ထိုင်းဆန် ၀ယ်လိုအား မြင့်တက်လာတာနဲ့အမျှ တင်ပို့မှုတွေ ဆက်လက် တိုးလာဖို့ မျှော်မှန်းထားပါတယ်။ ထိုင်းဆန်ဝယ်ယူရန် နိုင်ငံအများအပြားက စိတ်ဝင်စားနေကြပါတယ်။ အထူးသဖြင့် ဖိလစ်ပိုင်၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ဂျပန်တို့ပါ” ဟု ၎င်းက ဆိုသည်။

ဂျပန်နိုင်ငံသည် ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှုအတွက် အရေးပါသော မိတ်ဖက်နိုင်ငံဖြစ်ပြီး နှစ်စဉ် တင်ပို့မှုပမာဏမှာ တန်ချိန် ၂၉၀,၀၀၀ မှ ၃၁၀,၀၀၀ ခန့်အထိရှိသည်။ ဂျပန်ဆန်ဈေးကွက်တွင် ထိုင်းဆန်က ဝေစု ၄၆.၇% ရရှိထားသည်။

ထိုင်းနိုင်ငံမှ ဂျပန်နိုင်ငံသို့ တင်ပို့သည့် ဆန်များ၏ ၉၆ ရာခိုင်နှုန်းခန့်မှာ ဆန်ဖြူဖြစ်ပြီး ကျန်ဆန်များမှာ ကောက်ညှင်းဆန်၊ ထိုင်းစံပယ်ဆန်နှင့် ဆန်ကွဲများဖြစ်သည်။

ဂျပန်နိုင်ငံသည် ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှုအတွက် ဆဋ္ဌမမြောက် အကြီးဆုံးဈေးကွက်ဖြစ်သည်။ ထိုင်းဆန်ဖြူတင်ပို့မှုအတွက် တတိယအကြီးဆုံးဈေးကွက်ဖြစ်သည်။

 

“ဖိလစ်ပိုင်က ထိုင်းဆန်ဝယ်ယူဖို့ ကျွန်‌ေတာ်တို့ထံ ဆက်သွယ်လာတဲ့ နောက်ဆုံးနိုင်ငံဖြစ်ပြီး စက်တင်ဘာလမှာ အပြီးသတ် သဘောတူညီမှုရပါလိမ့်မယ်။ အင်ဒိုနီးရှားနှင့် မလေးရှားတို့ကလည်း စိတ်ဝင်စားမှု ရှိပါတယ်။ အရည်အသွေးနဲ့ စံချိန်စံညွှန်းနဲ့အညီ အာမခံချက် သေချာရင် ထိုင်းဆန်ကို ဂျပန်နိုင်ငံက တင်သွင်းမယ်လို့ အတည်ပြုခဲ့ပါတယ်” ဟု ၎င်းက ပြောကြားသည်။

 

ဖိလစ်ပိုင်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဂျပန်တို့နှင့် ကုန်သွယ်မှု ဆက်ဆံရေး ခိုင်မာစေရန် မကြာသေးမီက သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ထိုင်းနိုင်ငံသည် ယုံကြည်စိတ်ချရသော ဆန်တင်ပို့သူဖြစ်ပြီး ဆန်အလုံအလောက် ရောင်းချပေးနိုင်ကြောင်း၊ ဆန်တင်ပို့ပေးနိုင်ကြောင်း ရှင်းလင်းတင်ပြခဲ့သည်ဟု Mr Ronnarong က ပြောကြားသည်။

 

"ဘာစမာတီမဟုတ်သော ဆန်ဖြူတင်ပို့မှုအား အိန္ဒိယ တားမြစ်ပိတ်ပင်မှုကြောင့် ထိုင်းနိုင်ငံ ဆန်တင်ပို့မှုကို ထိခိုက်မည်မဟုတ်ကြောင်း ကျွန်တော်တို့ အတည်ပြု ပြောကြားပါတယ်။ မည်သူမဆို ထိုင်းနိုင်ငံမှ ဆန်ကို ပုံမှန်အတိုင်း ဝယ်နိုင်ဆဲဖြစ်ပါတယ်" ဟု Mr Ronnarong က ပြောကြားသည်။

 

ဇူလိုင်လ ၂၀ ရက်နေ့တွင် စတင်ခဲ့သော အိန္ဒိယ၏ ဆန်တင်ပို့မှု တားမြစ်ချက်သည် ကမ္ဘာ့ဆန်ဈေးကွက်ကို ထိခိုက်ခဲ့ပြီး ဈေးနှုန်းများ မြင့်တက်ခဲ့သည်။ သို့သော် အိန္ဒိယတွင် ဆန်ပြတ်လပ်မှု ဖြစ်ပွားမည် မဟုတ်ဟု Mr Ronnarong က ခန့်မှန်းပြောကြားသည်။

အိန္ဒိယသည် စားနပ်ရိက္ခာဖူလုံမှုအတွက် အိန္ဒိယဆန်ကို ဝယ်ယူလိုသည့်နိုင်ငံများသို့ တင်ပို့ခွင့် ပြုဆဲဖြစ်သည်။

• ဆန်ဖြူတန်ချိန် ၁၁၀,၀၀၀ ဝယ်ယူရန် စင်ကာပူသည် အိန္ဒိယသို့ မကြာသေးမီက ဆက်သွယ်ခဲ့ပြီး အိန္ဒိယအစိုးရမှ ဩဂုတ်လ ၂၉ ရက်တွင် ရောင်းချ‌ေပးရန် အတည်ပြုခဲ့သည်။

 

• ဘူတန်က အိန္ဒိယဆန် တန်ချိန် ၉၀၀၀၀ တောင်းခံခဲ့ရာ  တန်ချိန် ၇၉၀၀၀ ရောင်းချပေးခဲ့သည်။

 

• မောရစ်သျှက အိန္ဒိယဆန် တန်ချိန် ၁၄,၀၀၀ တောင်းခံခဲ့ရာ ရောင်းချပေးခဲ့ပါသည်။

 

အိန္ဒိယနိုင်ငံမှ ဆန်ဝယ်ယူရန် အခြားနိုင်ငံအများအပြားကလည်း ကြိုးပမ်းနေကြသည်ဟု Mr Ronnarong က ဆိုသည်။

“နိုင်ငံတော်တော်များများက ကျွန်တော်တို့ရဲ့ ဆန်ကို စိတ်ဝင်စားပြီး ဈေးနှုန်းက တက်နေတာကြောင့် ထိုင်းနိုင်ငံအနေနဲ့ ပို့ကုန်တိုးမြှင့်ဖို့ အခွင့်အလမ်း ရှိပါတယ်။ 

ဩဂုတ် ၂၉ ရက်မှာ ၅ ရာခိုင်နှုန်း ဆန်ကွဲပါ ဆန်ဖြူဈေးသည် တစ်တန်လျှင် ကန်ဒေါ်လာ ၆၂၀ ခေါ်ဈေး ရှိပါတယ်။ ယမန်နှစ်က တတန် $574 ဖြစ်ပါတယ်။ ၂၀၂၂ မှာ တစ်နှစ်တာ ပျမ်းမျှ ဆန်ဈေးနှုန်းက $437 ဖြစ်ပါတယ်" ဟု ၎င်းက ပြောကြားသည်။

 Source bangkokpost 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Saturday, 02 September 2023 11:17
Rate this item
(0 votes)