Thiland



ထိုင်းသကြား အထွက်နည်းမည်ဖြစ်သဖြင့် ကမ္ဘာ့ သကြားဈေး မြင့်တက်မည်

ထိုင်းသကြား အထွက်နည်းမည်ဖြစ်သဖြင့် ကမ္ဘာ့ သကြားဈေး မြင့်တက်မည်

https://t.me/Guid4U
JOIN THE CHANNEL 

 

ထိုင်းနိုင်ငံတွင် ယမန်နှစ်က ကြံ  တန်ချိန် ၁၁ သန်း ထွက်ခဲ့ပြီး ယခုနှစ် ကြံရာသီ ၂၀၂၃-၂၄ တွင် ။ မိုးခေါင်မှုကြောင့် ကြံခင်းများ ပျက်စီးပြီး ကြံပမာဏ လျော့ကျသွားသည်။ တန်ချိန် ၇ သန်း၊ ၈ သန်းမျှသာ ထွက်သည့်အထိ လျော့ကျမည်ဟု ထိုင်းသကြားစက်ကော်ပိုရေးရှင်းက ခန့်မှန်းထားသည် သို့ဖြစ်ရာ ထိုင်းသကြား ပြည်ပတင်ပို့သည့် ပမာဏသည် ၂၀၂၄ ခုနှစ်တွင် တန်ချိန် ၄ သန်း၊ ၅ သန်းသာ ရှိလိမ့်မည်။ ၂၀၂၃ ခုနှစ်တွင် တန်ချိန် ၇ သန်းတင်ပို့ခဲ့သည်ထက် များစွာ လျော့နည်း လိမ့်မည်ဟု ၎င်းလုပ်ငန်းစုမှ ဒါရိုက်တာ Rangsit Hiangrat က ပြောကြားသည်။

 

ထိုင်းနိုင်ငံသည် ကမ္ဘာ့ထိပ်တန်း တင်ပို့ရောင်းချသည့် သုံးနိုင်ငံထဲမှ တစ်နိုင်ငံဖြစ်သည်။ သို့ဖြစ်ရာ ထိုင်းသကြား အထွက်နည်းသဖြင့် ပြည်ပတင်ပို့မှု လျော့ကျသည့်အခါ ကမ္ဘာ့ဈေးကွက်ထဲသို့ သကြား အဝင်နည်းပြီး သကြားဈေး တက်လိမ့်မည်။

လောလောဆယ်တွင် ကမ္ဘာ့ဈေးကွက်ထဲမှာ သကြားဈေးနှုန်းသည် ၁၂ နှစ်တာအတွင်း စံချိန်တင် အမြင့်ဆုံးမှာ ရောက်ရှိနေသည်။

ယခုနှစ်တွင် အိန္ဒိယမှာလည်း သကြားအထွက်နည်းသဖြင့် ပြည်ပတင်ပို့ နိုင်ဖွယ် မရှိကြောင်း Food Industry Guide တွင် တင်ပြခဲ့ပါသည်။

 


အိန္ဒိယသကြား အထွက်နည်းသဖြင့် ကမ္ဘာ့သကြားဈေး အမြင့်မှာ ဆက်ရှိမည်

https://www.foodindustrydirectory.com.mm/food-industry/cuisine/india/item/7159-sugar.html

အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ


 

ထိုင်းအစိုးရက သကြားကို ထိန်းချုပ်ထားသော ကုန်စည်အဖြစ် စာရင်းသွင်းရန် အင်္ဂါနေ့ (အောက်တိုဘာ ၃၁)တွင် ဆုံးဖြတ်ခဲ့သည်။ စာရင်းသွင်းထားမည့် သက်တမ်းမှာ ၁ နှစ် ဖြစ်ပါသည်။

 

ထိန်းချုပ်ကုန်စည် စာရင်းဝင်သွားပြီ ဖြစ်သဖြင့် ပြည်တွင်းလက်လီအရောင်း ဈေးနှုန်း ပြောင်းလိုပါက အစိုးရထံ တင်ပြပြီး ခွင့်ပြုချက် ရယူရမည် ဖြစ်သည်။ ပြည်ပသို့ တတန်နှင့်အထက် တင်ပို့ရန်အတွက်လည်း ခွင့်ပြုချက် ရယူရမည် ဖြစ်သည်။ 

 

Source Bloomberg 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Thursday, 02 November 2023 07:09
Rate this item
(0 votes)