Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ဖိလစ်ပိုင်က သကြားအချော ထူးထူးခြားခြား တင်သွင်း

ဖိလစ်ပိုင်က သကြားအချော ထူးထူးခြားခြား တင်သွင်း

ဖိလစ်ပိုင်က ပုံမှန်သကြားအချောနှင့် အချိုရည်သုံး သကြား တန်ချိန်စုစုပေါင်း ၂ သိန်း တင်သွင်းရန် အစိအစဉ် ရှိပါတယ်။ ပြည်တွင်းမှာ ဒီဇင်ဘာလက ပြင်းထန်မုန်တိုင်း တိုင်ဖုန်း ကျရောက်ပြီး ကြံခင်းတွေ ပျက်စီးကုန်တဲ့အတွက် သကြားထုတ်လုပ်မှု လျော့နည်းစေခဲ့ပါတယ်။ ပြည်တွင်းသုံးစွဲမှုအတွက် မလုံလောက်တော့တဲ့အတွက် ပြည်ပမှ တင်သွင်းဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

Sugar Regulatory Administration (SRA) က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြည်တွင်း သကြားလက်ကျန် အရမ်းနည်းပါးနေပြီး ကြံကြိတ်ပြီး သကြားထုတ်တဲ့ရာသီအထိ လုံလောက်မှာ မဟုတ်ကြောင်း ဖော်ပြထားပါတယ်။
ဖိလစ်ပိုင်နိုင်ငံဟာ သကြားအချော ပုံမှန်တင်သွင်းတဲ့ နိုင်ငံ မဟုတ်ပါဘူး။ ရံဖန်ရံခါမှသာ သကြားကို ထူးထူးခြားခြား တင်သွင်းပါတယ်။ များသောအားဖြင့် ကမ္ဘာ့သကြားတင်ပို့မှု အများဆုံးနိုင်ငံ ဖြစ်တဲ့ ဘရာဇီးပြီးလျှင် ဒုတိယနေရာမှာ ရှိတဲ့ ထိုင်းနိုင်ငံမှ တင်သွင်းလေ့ ရှိပါတယ်။


တိုင်ဖုန်းဒဏ် ထိခိုက်ခဲ့တဲ့အတွက် ပြည်တွင်းသကြားအကြမ်း ထုတ်လုပ်မှုဟာ ၂၀၂၁-၂၀၂၂ ကြံရိတ်သိမ်းရာသီ ကုန်ဆုံးမယ့် ဩဂုတ်လ ၃၁ ရက်အထိ တန်ချိန် ၂.၀၇၂ သန်း ရှိမယ်လို့ ပြင်ဆင်သတ်မှတ်ခဲ့ပါတယ်။ ယခင်က တန်ချိန် ၂.၀၉၉ သန်း ရမယ်လို့ ခန့်မှန်းထားခဲ့ကြောင်း SRA မှ အုပ်ချုပ်ရေးမှူး Hermenegildo Serafica က ပြောကြားပါတယ်။

Philippine Association of Sugar Refineries ကလည်း သကြားထုတ်လုပ်မှုကို ကီလို ၅၀ ပါ သကြားအိတ် LKg ၁၇,၅၇၂ ထွက်မယ်လို့ ယခင်က ခန့်မှန်းထားခဲ့ပြီး ယခုအခါ LKg ၁၆.၇၄၈ သန်း ပြင်ဆင်သတ်မှတ်ခဲ့ပါတယ်။

Read times
Rate this item
(0 votes)