Thiland



ထိုင်းသစ်သီးဝလံ တရုတ်ဈေးကွက်ဝေစု ၄၀% ကျော် ရရှိ

ထိုင်းသစ်သီးဝလံ တရုတ်ဈေးကွက်ဝေစု ၄၀% ကျော် ရရှိ

TO GET INSTANT UPDATE 

https://t.me/Guid4U
Join Telegram Channel 

ထိုင်းနိုင်ငံသည် တရုတ်ဈေးကွက်သို့ သစ်သီးဝလံ တင်ပို့သူများတွင် ဦးဆောင်သူနေရာကို ရရှိထားသည်။ 

တရုတ်နိုင်ငံ သစ်သီးဝလံဈေးကွက်တွင် ၂၀၂၂ ခုနှစ်မှာ ဈေးကွက်ဝေစု ၄၁ ဒသမ ၃ ရာခိုင်နှုန်း ရရှိခဲ့သည်ဟု လက်ထောက် အစိုးရ ပြောရေးဆိုခွင့်ရှိသူ Ratchada Thanadirek က ပြောကြားသည်။ 

သစ်သီးတင်ပို့မှုကို တရုတ်နိုင်ငံ၏ နေရာဒေသအနှံ့အပြားသို့ တိုးချဲ့ရန် စီစဉ်နေကြောင်းဘ၎င်းက ပြောကြားသည်။

 

တရုတ်နိုင်ငံ အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပြန်သည့် အချက်အလက်များအရ ထိုင်းနိုင်ငံမှ မန်ကျည်း၊ ကနစို၊ သရက်၊ မာလကာ၊ လိုင်ချီး၊ မင်းဂွတ် အပါအဝင် အသီး ၂၂ မျိုး တင်သွင်းသည်။

 ဈေးကွက်ကို ကြီးစိုးထားနိုင်သည့် အသီးများ၏ ဈေးကွက်ဝေစု အသ‌ီးသီးကို ကြည့်လျှင် ဒူရင်း ၉၅.၃% ၊ လုံငန်း ၉၉.၃%၊ ကြက်မောက် ၈၆.၈%၊ အုန်းသီး ၆၉.၂% လိုင်ချီး ၈၂.၄%၊ ကနစို ၁၀၀% ဖြစ်ပါသည်။

 သစ်သီးတင်ပို့မှုကို တရုတ်နိုင်ငံ တစ်နိုင်ငံနည်းအပေါ် တည်မှီနေခြင်းအစား အမေရိကန်အပါအဝင် အခြားနိုင်ငံများသို့လည်း တိုးချဲ့ တိုးမြှင့် တင်ပို့နိုင်ရန် ထိုင်းအစိုးရက ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။

 

Source nationthailand 

TO GET INSTANT UPDATE 

https://t.me/Guid4U
Join Telegram Channel

Read times Last modified on Monday, 17 July 2023 04:54
Rate this item
(0 votes)