Thiland



ပို့ကုန်ဆန်ဈေးနှုန်းများ ဆက်လက်မြင့်မား‌နေဦးမည့် အလားအလာရှိ

ပို့ကုန်ဆန်ဈေးနှုန်းများ ဆက်လက်မြင့်မား‌နေဦးမည့်  အလားအလာရှိ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ကမ္ဘာ့ထိပ်တန်း ဆန်တင်ပို့သူ အိန္ဒိယနိုင်ငံသည် ပြည်တွင်းဆန်စျေးနှုန်းများ မြင့်မတက်အောင် ထိန်းထားခြင်းဖြင့် မဲဆန္ဒရှင်များ ကျေနပ်စေရန်  ဧပြီ၊  မေလ အထွေထွေရွေးကောက်ပွဲမတိုင်မီအထိ ပို့ကုန်ဆန် ကန့်သတ်ချက်များကို ဆက်လက်ပြဋ္ဌာန်းထားနိုင်ဖွယ်ရှိသည်။

 

သို့ဖြစ်ရာ ကမ္ဘာ့ဆန်ဈေးကွက်ထဲ ဆန်စီးဝင်သည့် ပမာဏ အကန့်အသတ် ဆက်ရှိနေဦးမည် ဖြစ်သည်။ ပို့ကုန်ဆန်ဈေးနှုန်းများလည်း ဆက်လက်မြင့်မားနေဦးမည်ဖြစ်ပြီး ထပ်မံ ဈေးတက်မည့် အလားအလာလည်း ရှိနေသည်။

 

၅% ဆန်ကွဲပါ ထိုင်းဆန်သည်  ယမန်နှစ် ဒီဇင်ဘာလတွင် ၁၅ နှစ်တာအတွင်း အမြင့်ဆုံးသို့ ဈေးတက်ခဲ့ရာ ခေါ်ဈေး တတန်လျှင် US$659 သို့ ရောက်ရှိခဲ့သည်။

 

“အိန္ဒိယရဲ့ ပို့ကုန်ဆန် တင်ပို့မှု ပိတ်ပင်ထားခြင်းကြောင့်  ဆန်ဈေးကွက်မှာ ဆန်အဝင် နည်းနေဦးမယ်” ဟု လန်ဒန်ရှိ International Grains Council မှ ကုန်စည်ဈေးကွက်လေ့လာသုံးသပ်သူ Peter Clubb က ပြောကြားခဲ့သည်။

 

"ဧပြီလမှာ ဘက္ကရီအိဒ် ရှိနေတယ်။ အိဒ် မတိုင်မီအကြိုကာလမှာ အာရှနှင့်အာဖရိကတို့ရဲ့ သိသာထင်ရှားသော မွတ်စလင်လူဦးရေရှိတဲ့ နိုင်ငံများမှာ ဆန်ဝယ်လိုအား မြင့်တက်ပါလိမ့်မယ်" ဟု ၎င်းက ပြောကြားသည်။

 

အိန္ဒိယသည် ဇူလိုင်လတွင် ဆန်တင်ပို့မှု ကန့်သတ်ချက်များကို ပိုမိုတင်းကျပ် ပြီးကတည်းက အာရှနှင့် အာဖရိကတစ်ဝှမ်းရှိ ဆန်တင်သွင်းရသည့် နိုင်ငံများသည် ဆန်ရရှိရန် ကြိုးပမ်းကြရသည်။ 

ဖိလစ်ပိုင်တွင် ဆန်ဈေးတက်သည်။ ဆန်စပါးမူဝါဒများ အမျိုးမျိုး ပြောင်းလဲ ကျင့်သုံးခဲ့သည်။

အင်ဒိုနီးရှားတွင် လယ်သမားများ စပါးစိုက်ရာတွင် စစ်တပ်ကို ပါဝင်ကူညီစေခဲ့သည်။ ပြည်ပမှ ဆန်တင်သွင်းနိုင်ရန် ကြိုးပမ်းဆောင်ရွက်သည်။

 

၂၀၀၈ ခုနှစ်မှာ အိန္ဒိယဆန် တင်ပို့မှု ပိတ်ပင်ထားစဉ် ဆန်တတန် US$1,000 အထက်သို့ ရောက်ရှိခဲ့သည်။

ယခုအခါ ဆန်ဈေးနှုန်းများ ဆက်လက်မြင့်မားနေဦးမည်ဖြစ်သော်လည်း ဆန်တတန် US$1,000 သို့ ရောက်ရှိနိုင်ဖွယ် မရှိဟု ခန့်မှန်းထားကြသည်။ 

 

ဆောင်း-နွေဦး စပါးရာသီသည် ဗီယက်နမ်တွင် စပါးအများဆုံး ထုတ်လုပ်သည့် ရာသီ ဖြစ်ပြီး

ဗီယက်နမ် မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသမှ လယ်သမားများသည် ဆောင်း-နွေဦး စပါးရာသီ၏ စပါးများကို ယခုလတွင် စတင်ရိတ်သိမ်းနိုင်ပြီဖြစ်သည်။ သို့ဖြစ်ရာ ဆန်သစ်များ ပြည်တွင်းဈေးကွက်ထဲ ရောက်ရှိလာမည် ဖြစ်သည်။ 

Source Bloomberg


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read times
Rate this item
(0 votes)