Thiland



ပထမနှစ်ဝက် ထိုင်းပို့ကုန်ဆန် ဈေးနှုန်း အမြင့်မှာ ဆက်ရှိနေဦးမည်

ပထမနှစ်ဝက် ထိုင်းပို့ကုန်ဆန် ဈေးနှုန်း အမြင့်မှာ ဆက်ရှိနေဦးမည်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

အိန္ဒိယက ဆန်ဖြူတင်ပို့မှုကို ပိတ်ပင်ထားသရွေ့ ထိုင်းဆန်ဈေးသည် ယခုနှစ် ပထမနှစ်ဝက်တွင် အတော်လေး မြင့်မားနေဦးမည်ဟု ထိုင်းပြည်တွင်းမှ ဆန်တင်ပို့သူများက ခန့်မှန်းထားကြသည်။

 

 .

ထိုင်းနိုင်ငံ ဆန်တင်ပို့သူများအသင်း၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Chookiat Ophaswongse ၏ ပြောကြားချက်အရ ကမ္ဘာ့ဈေးကွက်တွင် ဈေးနှုန်းများသည် တစ်တန်လျှင် ကန်ဒေါ်လာ ၆၀၀ ပတ်လည်တွင် ဆက်ရှိနေဦ်းမည် ဖြစ်ပြီး နိုင်ငံအချို့ထံမှ ဝယ်လိုအား ရှိနေသဖြင့် တဆယ်နှစ်ကျော်ကာလအတွင်း အမြင့်ဆုံးမှာ ဆက်ရှိနေဦးမည် ဖြစ်သည်။

 

မစ္စတာ Chookiat က အင်ဒိုနီးရှားသည် ယခုနှစ်တွင် ဆန်တင်သွင်းမှု ဆက်လက်ပြုလုပ်ရန် အစီအစဉ် ရှိသော်လည်း ယခင်နှစ်ထက် အရေအတွက် နည်းပါးသွားဖွယ်ရှိကြောင်း ပြောကြားသည်။ 

အင်ဒိုနီးရှားသည် ထိုင်း၊ ဗီယက်နမ်၊ ပါကစ္စတန်နှင့် မြန်မာနိုင်ငံအပါအဝင် နိုင်ငံအများအပြားမှ ဆန်တန်ချိန် ၄ သန်းနီးပါးကို ဝယ်ယူခဲ့သည်။

 

  ပြီးခဲ့သည့်နှစ်တွင် ထိုင်းဆန်တင်ပို့မှုသည် စုစုပေါင်းတန်ချိန် ၈ ဒသမ ၈ သန်းမှ ၈ ဒသမ ၉ သန်းအထိ ရှိနိုင်ပြီး ယခင်ခန့်မှန်းထားသည့် တန်ချိန် ၈ ဒသမ ၅ သန်းကို ကျော်လွန်နိုင်သည်ဟု ၎င်းက ပြောသည်။ 

ဆန်ဈေးတက်သဖြင့် ခန့်မှန်းတန်ဖိုး ဘတ်ငွေ ၁၈၀ ဘီလီယံ ရှိမည်ဟု ၎င်းက ပြောကြားသည်။

 

၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ဆန်တင်ပို့မှု တန်ချိန် ၁ သန်းကျော်သို့ ရောက်ရှိခဲ့သည်။ တန်ဖိုးမှာ ဘတ် ၂၃ ဘီလီယံ ဖြစ်ပါသည်။ 

 

ပြီးခဲ့သည့်လ ဒီဇင်ဘာလတွင် ဆန်တင်ပို့မှုပမာဏမှာ တန်ချိန် ၉၀၀,၀၀၀ ခန့်ရှိမည်ဟု အသင်းမှ ခန့်မှန်းထားသည်။ ထိုင်းဆန် အဓိကအားဖြင့် တင်ပို့ခဲ့သည့် အာရှနိုင်ငံများမှာ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် ဂျပန်တို့ဖြစ်ပါသည်။

 

အာဖရိက၊ အရှေ့အလယ်ပိုင်းနှင့် အမေရိကရှိ အဓိကစျေးကွက်များတွင် ဆန်ဖြူ၊ ကောက်ညှင်းဆန်နှင့် ဆန်မွှေးဝယ်လိုအား အားကောင်းလာဖွယ်ရှိသည်။

၎င်းနိုင်ငံများရှိ စပါးအထွက် လျော့ကျခြင်းကို ကာမိစေရန်နှင့်  ၂၀၂၄ ပထမသုံးလပတ်အတွက် အရန်ဆန် သိုလှောင်မှုကို ဖြည့်တင်းရန် ဆန်တင်သွင်းကြမည် ဖြစ်သည်။ 

 

ထိုင်းနိုင်ငံတွင်  ဆန်အလုံအလောက် ရှိနေပြီး ထိုင်းဆန်ဈေးနှုန်းသည် နှိုင်းယှဉ်ပါက သက်သာနေဆဲဖြစ်သဖြင့် ဆန်တင်သွင်းသူများအနေဖြင့် ထိုင်းဆန်ကို ရွေးချယ်ရန် ဦးတည်နေကြောင်း Mr Chookiat က ပြောကြားသည်။

 

၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် ၅% ဆန်ကွဲပါ ထိုင်းဆန်ဖြူ စျေးနှုန်းသည် တစ်တန်လျှင် $659  ဖြစ်ပြီး ဗီယက်နမ်ဆန်သည် $653-657 နှင့် ပါကစ္စတန်ဆန်သည် $593-597 ခေါ်ဈေး အသီးသီး ဖြစ်ပေါ်ခဲ့သည်။ 

ထိုင်းပေါင်းဆန် ဈေးနှုန်းမှာ တစ်တန်လျှင် $659 ဖြစ်ပြီး အိန္ဒိယပေါင်းဆန်သည် $513-517 နှင့် ပါကစ္စတန်ပေါင်းဆန်သည် $546- 550 ခေါ်ဈေး အသီးသီး ဖြစ်ပေါ်ခဲ့သည်။

ထိုင်းနိုင်ငံသည် ယခုနှစ်အတွင်း တန်ချိန် ၇ ဒသမ ၅ သန်း တင်ပို့နိုင်မည်ဟု အသင်းက ခန့်မှန်းထားသည်။ ဒုတိယန‌ှစ်ဝက်တွင် အိန္ဒိယသည် ဆန်တင်ပို့ရန် ပြန်လည်ခွင့်ပြုလိမ့်မည်ဟု ခန့်မှန်း ထားသည်။

 

Source bangkokpost 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times
Rate this item
(0 votes)