Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းစတိုင်လ် ပဲငံပြာရည်နဲ့ ပုစွန်ဖက်ထုပ်ကြော်

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ဆိုင်တွင်သွားရောက်စားသောက်စရာမလိုဘဲ

အိမ်တွင်လည်း လွယ်လင့်တကူပြုလုပ်နိုင်တဲ့ ထိုင်းစတိုင်လ် ပုစွန်ဖက်ထုပ်ကြော်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ပုစွန်၊ ဖက်ထုပ်ရွက်၊ ဆီ၊ ပဲငံပြာရည်၊ သကြား၊ ငရုတ်ကောင်းအဖြူမှုန့် တို့ လိုအပ်ပါမယ်။

 

ပထမဆုံး ပန်းကန်တစ်ချပ်ထဲမှာ ပါဝင်သည့်အမယ်များကို ရောမွှေထားပါ။

 

ပြီးလျှင် ဖက်ထုပ်ကို အရွယ်ညီညီလေးထုပ်ပြီး ဆီအနည်းငယ်သုတ်ထားသော ဒယ်ပြားတစ်ခုပေါ်မှာ နှစ်ဖက်စလုံး အညိုရောင်သန်းလာအောင် ဟိုဘက်ဒီဘက်လှည့်ပေးပါ။

 

နှစ်ဖက်စလုံးကျက်သွားပါက ရောစပ်ထားတဲ့ ပဲငံပြာရည်ကိုလောင်းလိုက်ပြီး ဖက်ထုပ်များအားလုံးကို ဆော့စ်ရည်နှင့်လုံးကာ မီးအေးအေးတွင်ထားပြီး မိနစ်အနည်းငယ်ခန့် လှိမ့်ပေးပါ။

 

အားလုံးပြီးရင်တော့ ပန်းကန်ပြားပေါ်တွင် ပြင်ဆင်ပြီး နှမ်း၊ ငရုတ်သီးနီတို့ဖြင့် အလှဆင်၍ကာ ပဲငံပြာရည်ကို အပေါ်မှဆမ်း၍ အသင့်သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 11:30
Rate this item
(1 Vote)