Thiland
ထိုင်းစတိုင် အုန်းနို့ကြက်သားဟင်းချို
Unicode
ထိုင်းစတိုင် အုန်းနို့ကြက်သားဟင်းချို
ကြက်သားကို အရည်သောက်လေးနဲ့ စားချင်သူများအတွက် ထိုင်းစတိုင် အုန်းနို့ကြက်သားဟင်းချိုချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများကတော့ ကြက်သား၊ ကြက်ပြုတ်ရည်၊ အုန်းနို့၊ မှို၊ နံနံပင်၊ ကြက်သွန်နီ၊ ပတဲကော၊ ငါးငံပြာရည်၊ သံပရာမှုန့်၊ ဟင်းခတ်မှုန့်၊ သကြား၊ ရှောက်ဘီလူးရွက်၊ စပါးလင်၊ ငရုတ်သီးအနီတောင့်၊ ငရုတ်ဆီအနှစ် တို့ လိုအပ်ပါမယ်။
ဆော့စ်အတွက် ပန်းကန်လုံးသေးသေးလေးထဲသို့ ငံပြာရည်၊ သံပရာမှုန့်၊ ဟင်းခတ်မှုန့်၊ သကြား တို့ကိုထည့်ပြီး သမအောင်ရောမွှေပေးထားပါ။
Read More >>>>> ချိုချဉ်ငံစပ် ရေဘဝဲထောင်း
ပြီးလျှင် ကြက်သွန်နီအသေး၊ နံနံပင်၊ ပတဲကော၊ စပါးလင် တို့နဲ့ရောပြီး အုန်းနို့ရည် ကြိုထားပါ။
အုန်းနို့ရည်ဆူလာသောအခါ ကြက်သားနဲ့ မှိုတို့ကို ထည့်လိုက်ပါ။ အပေါ်တွင်စပ်ထားတဲ့ ဆော့စ်ကိုထည့်ပြီး အားလုံးကျက်တဲ့အခါ အပေါ် ရှောက်ရွက် ထည့်လိုက်ပါ။
ပန်းကန်လုံးထဲသို့ အုန်းနို့ကြက်သားဟင်းချိုကို လှီးထားတဲ့ ငရုတ်သီးအနီကို အပေါ်မှ ဖြူးလိုက်ပါ။
ပြီးနောက် မီးဖိုပေါ်မှ မချခင် နံနံပင်နဲ့ ငရုတ်ဆီအနှစ် အနည်းငယ်ထည့်ပြီးရင်တော့ စားလို့အရမ်းကောင်းတဲ့ ထိုင်းစတိုင် အုန်းနို့ကြက်သားဟင်းချိုကို မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါပြီ။
Myanmar Food Industry Directory
Read More >>>>> ချိုချဉ်ငံစပ် ရေဘဝဲထောင်း