Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းစတိုင်လ် ပဲပင်ပေါက်သုပ်

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ အသုပ်ကို ချဉ်စပ်လေးစားချင်သူများနှင့် အိမ်တွင်လည်း

လွယ်လင့်တကူ ပြုလုပ်နိုင်တဲ့ ထိုင်းစတိုင်လ်ပဲပင်ပေါက်သုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ပဲပင်ပေါက်၊ နံနံပင်၊ ကြက်သွန်မြိတ်၊ အချဉ်ရည်၊ ဆီ၊ ငံပြာရည်၊ ရှာလကာရည်၊ ဟင်းခတ်မှုန့်၊ ချင်း၊ ငရုတ်သီးစိမ်း တို့ လိုအပ်ပါမယ်။

 

အချဉ်ရည် အရင်လုပ်ရန် ဇလုံတစ်လုံးထဲသို့ ပါဝင်ပစ္စည်းများဖြစ်တဲ့ အချဉ်ရည်၊ ငံပြာရည်၊ ရှာလကာရည်၊ ဟင်းခတ်မှုန့်၊ ချင်း၊ ငရုတ်သီးစိမ်းထည့်ပြီး သေချာစွာမွှေပေးပါ။

 

ပဲပင်ပေါက်မသုပ်ခင် မိနစ်အနည်းငယ်ကြာ ကြိုလုပ်ထားလျှင် အနံ့ အရသာ ပိုကောင်းပါတယ်။

 

ပြီးလျှင် မီးဖိုပေါ်ကို ဒယ်အိုးတင်ပြီးရင် အိုးထဲသို့ ဆား၊ ရေ ထည့်ပြီး ဆူအောင် တည်ပေးပါ။

 

ရေဆူလျှင် ပဲပင်ပေါက်ထည့်ပြီး ရေဖျောလိုက်ပါ။ ပြီးလျှင် ဇကာထဲ ရေစစ်ချပြီး ရေအေးဖြင့် ဆေးလိုက်ပါ။ ပြီးလျှင် ရေစင်အောင် ဇကာဖြင့် ပြန်စစ်ထားပါ။

 

ပြီးနောက် ဇလုံတစ်ခုထဲသို့ ပဲပင်ပေါက်နှင့် လုပ်ပြီးသားအချဉ်ရည်၊ ဆီ၊ ကြက်သွန်မြိတ်၊ နံနံပင်တို့ကို ထည့်ပြီးရောနယ်ပေးပါ။

 

ပြီးရင်တော့ ချဉ်စပ်အရသာရှိတဲ့ ပဲပင်ပေါက်သုပ်လေးကို ထမင်းပူပူလေးနှင့် မြိန်ယှက်စွာ ချက်ချင်း သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Tuesday, 18 September 2018 15:46
Rate this item
(2 votes)