Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းစတိုင် ပုလဲနို့ လက်ဖက်ရည်အေး

ထိုင်းလက်ဖက်ရည်အေးကတော့ လူသိများသော ထိုင်းစတိုင် သောက်စရာတစ်မျိုးဖြစ်ပါတယ်။

 

ယင်း လက်ဖက်ရည်အေးကိုတော့ ထိုင်းနိုင်ငံမှာသာမက အရှေ့တောင် အာရှတွေမှာပါ ထင်ရှားကြောင်း သိရပါတယ်။

 

ထိုင်းလက်ဖက်ရည်အေးက ပုလဲလုံးပါတဲ့ လက်ဖက်ရည်အေးနဲ့ မတူညီပါဘူး။ လက်ဖက်ရည်အေးကိုတော့  ထိုင်း ပုလဲနို့လက်ဖက်ရည် လို့ခေါ်ပါတယ်။ ထိုင်းပုလဲနို့ လက်ဖက်ရည်ကို ကိုယ်တိုင်ဘယ်လိုဖျော်သောက်ရမလဲဆိုတာကို Myanmar Food Industry Directory မှ ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ ထိုင်း လက်ဖက်ခြောက်အမဲ၊ နို့၊ သကြား၊ ပုလဲလုံးကလေးများ ရေခဲတို့ ပါဝင်ပါမယ်။

 

ပထမဆုံး ရေနွေးတစ်အိုးတည်လိုက်ပါ။ ရေနွေးဆူပြီဆိုတာနဲ့ ထိုင်းလက်ဖက်ခြောက်အမဲနဲ့ သကြားကို ရေနွေးထဲကိုထည့်လိုက်ပါ။ ပြီးရင် မိနစ်အနည်းငယ်ခန့် နှပ်ထားပေးလိုက်ပါ။

 

ပြီးနောက် လက်ဖက်ရည်ကို စကာတစ်ခုနဲ့စစ်ထုတ်ပြီး ဖန်ခရားတစ်ခုထဲမှာ ထည့်ထားလိုက်ပါ။ ပြီးရင်ရလာတဲ့ လက်ဖက်ရည်ကို ရေခဲသေတ္တာထဲမှာ နာရီဝက်လောက်ကြာအောင် နှပ်ထားပေးလိုက်ပါ။

 

နှပ်ထားတဲ့အချိန်မှာ ပုလဲလုံးလေးတွေကိုလည်း ပြုတ်ထားလိုက်ပါ။ ပြီးရင်တော့ ပြုတ်ပြီးတဲ့ ပုလဲလုံးလေးတွေကို ဖန်ခွက်ရှည်တစ်ခုထဲမှာ ထည့်ပေးထားပါ။ ပြီးနောက် လက်ဖက်ရည်ထည့်ထားတဲ့ ဖန်ခရားထဲကို ရေခဲအနည်းငယ်ထည့်ပေးလိုက်ပါ။

 

ပြီးရင် အဲဒီဖန်ခရားထဲကိုပဲ စစ်ထုတ်ပြီး နို့ကို အနေတော်လောက် ထည့်ပေးလိုက်ပါ။ ပြီးရင် မွှေပေးလိုက်ပြီး စောစောက ပုလဲထည့်ထားတဲ့ ဖန်ခွက်ရှည်ထဲကို လက်ဖက်ရည်လောင်းထည့်ပြီးရင်တော့ အရသာအလွန်ကောင်းမွန်တဲ့ ထိုင်းပုလဲနို့ လက်ဖက်ရည်အေးကို အရသာရှိစွာ သောက်သုံးနိုင်ပါတယ်။

Read times Last modified on Tuesday, 18 September 2018 12:02
Rate this item
(5 votes)