Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ပုစွန်တန်ပူရာကြော်

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ကလေးများအကြိုက် အိမ်တွင်

လွယ်လင့်တကူပြုလုပ်နိုင်တဲ့ ပုစွန်တန်ပူရာကြော်လေးအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ပုစွန်၊ ကြက်ဥ၊ အကြော်မှုန့်၊ ဆလပ်ရွက်၊ ဆား၊ ဆီ တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ပုစွန်ကို ရေဆေး သန့်စင်ထားပါ။

 

ပြီးလျှင် ကြက်ဥကို ပန်းကန်တစ်လုံးထဲခွဲပြီး ထည့်လိုက်ပါ။ ရေ အနည်းငယ် ထည့်ပြီး နှံ့အောင်မွှေပါ။ ပြီးနောက် အကြော်မှုန့် ထည့်ပါ။ ဆား အနည်းငယ်ထည့်ပြီး နှံ့အောင် မွှေလိုက်ပါ။

 

ပြီးလျှင်တော့ ပုစွန်တွေကို အကြော်မှုန့်နဲ့ နယ်လိုက်ပါ။

 

ပြီးနောက် ဒယ်အိုးထဲကို ဆီ ထည့်လိုက်ပါ။ ဆီပူလာရင် အကြော်မှုန့်နဲ့ နယ်ထားတဲ့ ပုစွန်တွေကို ထည့်ကြော်လိုက်ပါ။

 

နီညိုရောင်လေး သန်းလာပြီး ပုစွန်ကျက်သွားရင် အိုးထဲကနေ ဆယ်လိုက်ပါ။ ပြီးရင်တော့ ကလေးများအကြိုက်တွေ့စေမည့် ပုစွန်တန်ပူရာလေးကို အချဉ်ရည်လေးနှင့် အသင့်သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Tuesday, 18 September 2018 15:08
Rate this item
(2 votes)