Event & Exhibition

×

Warning

JUser: :_load: Unable to load user with ID: 540


ဗီယက်နမ်ကုန်စည်ပြပွဲ ၂၀၁၉ ကျင်းပပြုလုပ်မည်

Unicode


ဗီယက်နမ်ကုန်စည်ပြပွဲ ၂၀၁၉ ကျင်းပပြုလုပ်မည်


Vietnam Expo In Myanmar 2019 ပြပွဲကြီးကို ဒီဇင်ဘာလ (၁၉) ရက်မှ (၂၂) ရက်အထိ တပ်မတော်ခန်းမ၊ ဦးဝိစာရလမ်း၊ ရန်ကုန်မှာ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

 

အဆိုပါပြပွဲကြီးကို ဗီယက်နမ်နိုင်ငံ စက်မှုလုပ်ငန်းနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၊ ဗီယက်နမ်ကုန်သွယ်မှုမြှင့်တင်ရေးအေဂျင်စီမှ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံရုံးနှင့် မြန်မာစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့၏ ပူးပေါင်မှုဖြင့် အကြီးဆုံးနှစ်ပတ်လည်ကုန်စည်ပြပွဲအဖြစ် ကျင်းပခြင်းဖြစ်ပါတယ်။

 

ယင်းပွဲကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်ပြီး ယနေ့ နေ့လည် (၂) နာရီက Melia Hotel, Function Room (6) မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

 

Read More >>>>>  ပိတ္ရက္မွာ ေျပာင္းဖူးထမင္းသုပ္ေလးလုပ္စားၾကမယ္

 

၎င်းပြပွဲကြီးတွင် ဗီယက်နမ်နိုင်ငံက လုပ်ငန်းရှင် (၈၀) မှ ဗီယက်နမ်ထုတ်ကုန်များကို ကဏ္ဍ (၄) မျိုးခွဲကာ အစားအစာနှင့် အဖျော်ယမကာ (သစ်သီးဖျော်ရည်၊ ကျန်းမာရေးသောက်သုံးရန်များ၊ နို့နှင့် မုန့်ဖုတ်ပစ္စည်းအမျိုးမျိုး)၊ လူသုံးကုန် (စောင်၊ မွေ့ယာ၊ ဖိနပ်၊ ဖက်ရှင်အဝတ်အစား၊ မီးဖိုချောင်သုံးပစ္စည်းများ၊ အိမ်သုံးပစ္စည်းများ)၊ စက်နှင့် ပစ္စည်းကိရိယာ (ဝါယာကြိုး၊ ကေဘဲလ်ကြိုး၊ ပိုက်များ၊ မီးသီးများ၊ ဘက်ထရီ၊ မီးခလုတ်အမျိုးမျိုးနှင့် ပိုက်ဆက်ပစ္စည်းများ၊ လျှပ်စစ်ဖြတ်တောက်ကိရိယာများ) နှင့် ဆေးဝါးပစ္စည်းများကို ပြခန်းပေါင်း (၁၂၀) ကျော်ဖြင့် ပါဝင်ပြသသွားမှာဖြစ်ပါတယ်။

 

မြန်မာနိုင်ငံဈေးကွက်အား အကောင်းဆုံးဈေးနှုန်းနှင့် ထုတ်ကုန်အရည်အသွေးဖြင့် ကုန်ပစ္စည်းများအား ရောင်းချရန် ရည်ရွယ်ချက်ဖြင့် ထိပ်တန်းဗီယက်နမ်ထုတ်လုပ်သူများ၊ ကုန်သည်များမှ ပြသကျင်းပခြင်းဖြစ်ပါတယ်။

 

၎င်းဗီယက်နမ်ကုန်စည်ပြပွဲကြီးကို ၂၀၁၀ ခုနှစ်က ပထမဆုံးအကြိမ်ကျင်းပခဲ့ပြီး မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုဖြင့် စီးပွားရေးမြှင့်တင်မှုအတွက် အထောက်အကူဖြစ်စေပါတယ်။

 

ဒါ့ပြင် ဗီယက်နမ်ကုန်စည်ပြပွဲမှာ မြန်မာ့စီးပွားရေးလုပ်ငန်းအသိုက်အဝန်းအတွက် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု နှစ်မျိုးစလုံးအတွက် ယုံကြည်ရသော ထောက်ပံ့မှုအရင်းအမြစ်ဖြစ်ပြီး ချိတ်ဆက်လုပ်ကိုင်ရန် ကောင်းမွန်သော မျက်နှာစာတစ်ရပ်ဖြစ်ပါတယ်။

 

Myanmar Food Industry Directory

 

 

ဗီယက္နမ္ကုန္စည္ျပပြဲ ၂၀၁၉ က်င္းပျပဳလုပ္မည္

 

Vietnam Expo In Myanmar 2019 ျပပြဲႀကီးကို ဒီဇင္ဘာလ (၁၉) ရက္မွ (၂၂) ရက္အထိ တပ္မေတာ္ခန္းမ၊ ဦးဝိစာရလမ္း၊ ရန္ကုန္မွာ နံနက္ ၉ နာရီမွ ညေန ၅ နာရီအထိ က်င္းပျပဳလုပ္သြားမွာျဖစ္ပါတယ္။

 

အဆိုပါျပပြဲႀကီးကို ဗီယက္နမ္ႏုိင္ငံ စက္မႈလုပ္ငန္းႏွင့္ ကုန္သြယ္ေရးဝန္ႀကီးဌာန၊ ဗီယက္နမ္ကုန္သြယ္မႈျမွင့္တင္ေရးေအဂ်င္စီမွ ျမန္မာႏိုင္ငံဆုိင္ရာ ဗီယက္နမ္သံ႐ံုးႏွင့္ ျမန္မာစီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနတုိ႔၏ ပူးေပါင္မႈျဖင့္ အႀကီးဆံုးႏွစ္ပတ္လည္ကုန္စည္ျပပြဲအျဖစ္ က်င္းပျခင္းျဖစ္ပါတယ္။

 

ယင္းပြဲက်င္းပျပဳလုပ္ရျခင္းႏွင့္ ပတ္သက္ၿပီး ယေန႔ ေန႔လည္ (၂) နာရီက Melia Hotel, Function Room (6) မွာ သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ခဲ့ပါတယ္။

 

Read More >>>>>  ပိတ္ရက္မွာ ေျပာင္းဖူးထမင္းသုပ္ေလးလုပ္စားၾကမယ္

 

၎ျပပြဲႀကီးတြင္ ဗီယက္နမ္ႏုိင္ငံက လုပ္ငန္းရွင္ (၈၀) မွ ဗီယက္နမ္ထုတ္ကုန္မ်ားကို က႑ (၄) မ်ိဳးခြဲကာ အစားအစာႏွင့္ အေဖ်ာ္ယမကာ (သစ္သီးေဖ်ာ္ရည္၊ က်န္းမာေရးေသာက္သံုးရန္မ်ား၊ ႏုိ႔ႏွင့္ မုန္႔ဖုတ္ပစၥည္းအမ်ိဳးမ်ိဳး)၊ လူသံုးကုန္ (ေစာင္၊ ေမြ႔ယာ၊ ဖိနပ္၊ ဖက္ရွင္အဝတ္အစား၊ မီးဖိုေခ်ာင္သံုးပစၥည္းမ်ား၊ အိမ္သံုးပစၥည္းမ်ား)၊ စက္ႏွင့္ ပစၥည္းကိရိယာ (ဝါယာႀကိဳး၊ ေကဘဲလ္ႀကိဳး၊ ပိုက္မ်ား၊ မီးသီးမ်ား၊ ဘက္ထရီ၊ မီးခလုတ္အမ်ိဳးမ်ိဳးႏွင့္ ပုိက္ဆက္ပစၥည္းမ်ား၊ လွ်ပ္စစ္ျဖတ္ေတာက္ကိရိယာမ်ား) ႏွင့္ ေဆးဝါးပစၥည္းမ်ားကို ျပခန္းေပါင္း (၁၂၀) ေက်ာ္ျဖင့္ ပါဝင္ျပသသြားမွာျဖစ္ပါတယ္။

 

ျမန္မာနုိင္ငံေစ်းကြက္အား အေကာင္းဆံုးေစ်းႏႈန္းႏွင့္ ထုတ္ကုန္အရည္အေသြးျဖင့္ ကုန္ပစၥည္းမ်ားအား ေရာင္းခ်ရန္ ရည္ရြယ္ခ်က္ျဖင့္ ထိပ္တန္းဗီယက္နမ္ထုတ္လုပ္သူမ်ား၊ ကုန္သည္မ်ားမွ ျပသက်င္းပျခင္းျဖစ္ပါတယ္။

 

၎ဗီယက္နမ္ကုန္စည္ျပပြဲႀကီးကို ၂၀၁၀ ခုႏွစ္က ပထမဆံုးအႀကိမ္က်င္းပခဲ့ၿပီး ျမန္မာ-ဗီယက္နမ္ ႏွစ္ႏုိင္ငံအၾကား ပူးေပါင္းေဆာင္ရြက္မႈျဖင့္ စီးပြားေရးျမွင့္တင္မႈအတြက္ အေထာက္အကူျဖစ္ေစပါတယ္။

 

ဒါ့ျပင္ ဗီယက္နမ္ကုန္စည္ျပပြဲမွာ ျမန္မာ့စီးပြားေရးလုပ္ငန္းအသိုက္အဝန္းအတြက္ ကုန္သြယ္ေရးႏွင့္ ရင္းႏွီးျမွဳပ္ႏွံမႈ ႏွစ္မ်ိဳးစလံုးအတြက္ ယံုၾကည္ရေသာ ေထာက္ပ့ံမႈအရင္းအျမစ္ျဖစ္ၿပီး ခ်ိတ္ဆက္လုပ္ကိုင္ရန္ ေကာင္းမြန္ေသာ မ်က္ႏွာစာတစ္ရပ္ျဖစ္ပါတယ္။

 

Myanmar Food Industry Directory

Read times Last modified on Tuesday, 04 February 2020 13:52
Rate this item
(0 votes)