Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ရေသန့်စက်ရုံများကို တစ်လလျှင် အနည်းဆုံး ၁၆ ခုနှင့်အထက် ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက်သွားမည်

ရန်ကုန်မြို့ နယ်ရှိ ရေသန့်စက်ရုံများအနေဖြင့် သတ်မှတ်ပြဋ္ဌာန်းထားသော စည်းမျဉ်းစည်းကမ်းနှင့်အညီ လုပ်ဆောင်ခြင်းရှိမရှိကို တစ်လလျှင် ၁၆ ရုံနှုန်းဖြင့် ရှောင်တခင်စစ်ဆေးမှုများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ရန်ကုန်မှ ညွှန်ကြားရေးမှူးဒေါက်တာမင်းဝန်က ပြောကြားခဲ့သည်။


အဆိုပါစစ်ဆေးမှုများကို ပြီးခဲ့သောဒီဇင်ဘာလမှစတင်ကာ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ရေသန့်စက်ရုံကိုးခုကို ယာယီပိတ်သိမ်းကာ သတ်မှတ်ထားသော စံချိန်စံညွှန်းနှင့်အညီ ပြုပြင်မှုများဆောင်ရွက်ပြီးမှသာ ပြန်လည်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်းနှင့် မိမိတို့အနေဖြင့် တစ်ပတ်လျှင် ခရိုင်တစ်ခုရှိ မြို့ နယ်တစ်ခုမှ စက်ရုံလေးရုံကို ရှောင်တခင်စစ်ဆေးသွားမည်ဖြစ်ကာ မြို့ နယ်လေးခု ဖြစ်သည့်အတွက် တစ်လလျှင် အနည်းဆုံး ၁၆ ခုနှင့်အထက် စစ်ဆေးမှုများဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

 

"ဒီလိုစစ်ဆေးတာတွေမလုပ်ခင် လေးလဆက်တိုက် training ပေးတာတွေလုပ်ပေးပြီးသွားပါပြီ။ သူတို့ကို ထောက်ခံချက်စပေးကတည်းက ဘယ်လိုလုပ်ရမယ်ဆိုတဲ့ စံနှုန်းထားသတ်မှတ်ချက်တွေကို တစ်ခါတည်းပြောပြီးသားလေ။ ဒါပေမယ့် လျော့ရဲလာတာတွေရှိတော့ သူတို့ကို training ရှစ်ကြိမ်အထိပေးခဲ့တယ်။ ဒါတွေပြီးတော့မှ ကျွန်တော်တို့က သူတို့တွေတကယ်လုပ်မလုပ်ကို ရှောင်တခင်စစ်တယ်။

 

စစ်တဲ့နေရာမှာ အသေးစားဆိုရင် ပြင်ခိုင်းမယ်။ အကြီးစားဆိုရင် ယာယီပိတ်သိမ်းခိုင်းထားမယ်။ ပြီးတော့ လိုအပ်တာတွေပြင်ဆင်ပြီးပြီဆိုတော့မှ ပြန်ထုတ်ခွင့်ပြုတာပါ" ဟု ဒေါက်တာမင်းဝန်က ရှင်းပြသည်။

 

လက်ရှိတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ၏ ထောက်ခံချက်ရယူရန် လျှောက်ထားဆဲ လုပ်ငန်းများနှင့် ထောက်ခံချက်ရယူပြီး လုပ်ငန်းပေါင်း ၄၀၀ ခန့်ရှိပြီဖြစ်ကာ ၎င်းတို့ကိုလည်း သတ်မှတ်ထားသော စံချိန်စံညွှန်းလုပ်ထုံးလုပ်နည်းအတိုင်း စီမံကွပ်ကဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

Source: Pyimyanmar

Read times Last modified on Wednesday, 27 February 2019 14:42
Rate this item
(4 votes)