Event & Exhibition

×

Warning

JUser: :_load: Unable to load user with ID: 540


ပြင်ဦးလွင်တွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့တဲ့ ထောပတ်သီးပွဲတော်

ပြင်ဦးလွင်တွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့တဲ့ ထောပတ်သီးပွဲတော်

တတိယအကြိမ်မြောက် ထောပတ်သီးပွဲတော်ကို မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းချုပ် (မန္တလေး) က ဦးဆောင်ပြီး ပြင်ဦးလွင်မြို့မှာရှိတဲ့  ပြင်ဦးလွင်စင်တာမှာ ဒီဇင်ဘာ ၂၇ ရက်နေ့ကစတင်ပြီး ၂၉ ရက်အထိ ၃ ရက်ကြာ ကျင်းပခဲ့ပါတယ်။

 

ထောပတ်သီးပြပွဲနှင့် ပြိုင်ပွဲအပြင် ထောပတ်သီးကို အခြေခံတဲ့ အစားအစာတွေ ပြသရောင်းချခြင်း၊ ထောပတ်သီးအခြေခံ လူသုံးကုန်ပစ္စည်းတွေ ပြသရောင်းချခြင်း၊ ထောပတ်သီးမျိုးပင်တွေကိုလည်း ပြသရောင်းပေးမယ်လို့ မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း မန္တလေးတိုင်း ဥက္ကဋ္ဌ ဦးမျိုးညွန့်က ပြောကြားခဲ့ပါတယ်။


မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းကစီစဉ်တဲ့ ပထမအကြိမ် ထောပတ်သီးပွဲတော်နဲ့ ဒုတိယအကြိမ်ထောပတ်သီးပွဲတော်တို့ကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဖြစ်တဲ့ ဟိုပုန်းမြို့မှာကျင်းပခဲ့တာဖြစ်ပါတယ်။  ဒီနှစ်မှာတော့ ထောပတ်သီးစိုက်ပျိုးရာ‌ ဒေသတစ်ခုဖြစ်တဲ့ ပြင်ဦးလွင်မြို့မှာ တိုးချဲ့ပြသခဲ့ခြင်းဖြစ်ပါတယ်။

 

Read More >>>>>  စားေသာက္ကုန္ေစ်းႏႈန္းမ်ား (27.12.2019)

 

ထောပတ်သီးပွဲတော်ပြုလုပ်ခြင်းအားဖြင့် ပြည်တွင်းက ထောပတ်သီးမျိုးကောင်း မျိုးသန့်တွေကို ဖော်ထုတ်ပြသနိုင်မှာ ဖြစ်တဲ့အပြင် ပြည်တွင်း ပြည်ပ ကုန်သည်တွေသာမက ခရီးသွားပြည်သူတွေပါ ပိုမိုစိတ်ဝင်စားမှု မြင့်တက်လာစေဖို့ ရည်ရွယ်တယ်လို့လည်း သိရပါတယ်။


မြန်မာနိုင်ငံအတွင်း ထောပတ်သီးစိုက်ပျိုးမှုက ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မန္တလေးတိုင်းနဲ့ ကယားပြည်နယ် ဒေသအချို့မှာ စိုက်ပျိုး လုပ်ကိုင်လာကြပြီလို့ သိရပါတယ်။

 

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ထောပတ်သီးစိုက်ပျိုးထုတ်လုပ်တဲ့ ဧ‌ကပေါင်း ခြောက်သောင်းနီးပါးရှိကြောင်းလည်း သိရပါတယ်။

 

avocado 2

 

#Myanmar Food Industry Directory

 

ျပင္ဦးလြင္တြင္ ပထမဆုံးအႀကိမ္အျဖစ္ က်င္းပခဲ့တဲ့ ေထာပတ္သီးပြဲေတာ္

 

တတိယအႀကိမ္ေျမာက္ ေထာပတ္သီးပြဲေတာ္ကို ျမန္မာနိုင္ငံ ေထာပတ္သီးစိုက္ပ်ိဳးထုတ္လုပ္ တင္ပို႔ေရာင္းခ်သူမ်ားအသင္းခ်ဳပ္ (မႏၱေလး) က ဦးေဆာင္ၿပီး ျပင္ဦးလြင္ၿမိဳ႕မွာရွိတဲ့  ျပင္ဦးလြင္စင္တာမွာ ဒီဇင္ဘာ ၂၇ ရက္ေန႕ကစတင္ၿပီး ၂၉ ရက္အထိ ၃ ရက္ၾကာ က်င္းပခဲ့ပါတယ္။

 

ေထာပတ္သီးျပပြဲႏွင့္ ၿပိဳင္ပြဲအျပင္ ေထာပတ္သီးကို အေျခခံတဲ့ အစားအစာေတြ ျပသေရာင္းခ်ျခင္း၊ ေထာပတ္သီးအေျခခံ လူသုံးကုန္ပစၥည္းေတြ ျပသေရာင္းခ်ျခင္း၊ ေထာပတ္သီးမ်ိဳးပင္ေတြကိုလည္း ျပသေရာင္းေပးမယ္လို႔ ျမန္မာနိုင္ငံ ေထာပတ္သီး စိုက္ပ်ိဳးထုတ္လုပ္ တင္ပို႔ေရာင္းခ်သူမ်ားအသင္း မႏၱေလးတိုင္း ဥကၠ႒ ဦးမ်ိဳးၫြန႔္က ေျပာၾကားခဲ့ပါတယ္။


ျမန္မာႏိုင္ငံ ေထာပတ္သီးစိုက္ပ်ိဳးထုတ္လုပ္တင္ပို႔ေရာင္းခ်သူမ်ားအသင္းကစီစဥ္တဲ့ ပထမအႀကိမ္ ေထာပတ္သီးပြဲေတာ္နဲ႔ ဒုတိယအႀကိမ္ေထာပတ္သီးပြဲေတာ္တို႔ကို ရွမ္းျပည္နယ္ေတာင္ပိုင္း ပအိုဝ့္ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရ ေဒသျဖစ္တဲ့ ဟိုပုန္းၿမိဳ႕မွာက်င္းပခဲ့တာျဖစ္ပါတယ္။  ဒီႏွစ္မွာေတာ့ ေထာပတ္သီးစိုက္ပ်ိဳးရာ‌ ေဒသတစ္ခုျဖစ္တဲ့ ျပင္ဦးလြင္ၿမိဳ႕မွာ တိုးခ်ဲ ႔ျပသခဲ့ျခင္းျဖစ္ပါတယ္။

 

Read More >>>>>  စားေသာက္ကုန္ေစ်းႏႈန္းမ်ား (27.12.2019)

 

ေထာပတ္သီးပြဲေတာ္ျပဳလုပ္ျခင္းအားျဖင့္ ျပည္တြင္းက ေထာပတ္သီးမ်ိဳးေကာင္း မ်ိဳးသန႔္ေတြကို ေဖာ္ထုတ္ျပသနိုင္မွာ ျဖစ္တဲ့အျပင္ ျပည္တြင္း ျပည္ပ ကုန္သည္ေတြသာမက ခရီးသြားျပည္သူေတြပါ ပိုမိုစိတ္ဝင္စားမႈ ျမင့္တက္လာေစဖို႔ ရည္႐ြယ္တယ္လို႔လည္း သိရပါတယ္။

 


ျမန္မာနိုင္ငံအတြင္း ေထာပတ္သီးစိုက္ပ်ိဳးမႈက ရွမ္းျပည္နယ္၊ ခ်င္းျပည္နယ္၊ စစ္ကိုင္းတိုင္းအထက္ပိုင္း၊ မႏၱေလးတိုင္းနဲ႕ ကယားျပည္နယ္ ေဒသအခ်ိဳ႕မွာ စိုက္ပ်ိဳး လုပ္ကိုင္လာၾကၿပီလို႔ သိရပါတယ္။

 

တစ္နိုင္ငံလုံးအတိုင္းအတာနဲ႕ ေထာပတ္သီးစိုက္ပ်ိဳးထုတ္လုပ္တဲ့ ဧ‌ကေပါင္း ေျခာက္ေသာင္းနီးပါးရွိေၾကာင္းလည္း သိရပါတယ္။

 

#Myanmar Food Industry Directory

Read times Last modified on Thursday, 30 January 2020 15:35
Rate this item
(0 votes)